ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

အမတ်လောင်းများကို စိန်ခေါ်သည်

diz_admin

May 11, 2020

“တိုင်းအတွင်း ၂၀၂၀ မှာ ရွေးကောက် ပွဲဝင်လိုတဲ့ အမတ်လောင်းတွေကို စိန်ခေါ် ပါတယ်။ မဲပေးရမယ့် ပြည်သူတစ်ယောက် အနေနဲ့ သိလိုတာတွေ၊ လွှတ်တော် ဒါမှ မဟုတ် အစိုးရအဖွဲ့ထဲ ရောက်သွားရင် ပြည်သူတွေအတွက် လုပ်ဆောင်နိုင်မှာ တွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် ဝင်အရွေးခံကြမဟဲ့ ဆိုတဲ့ ကိုယ်စားလှယ် လောင်းတွေကို စင်ပေါ်မှာ စကားစစ်ထိုးပွဲ လုပ်ဖို့ စိန်ခေါ်လိုပါတယ်။” ပြီးခဲ့တဲ့အပတ်က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ အထက်ပါ စာလေးရေးမိတော့ အတော်များများ စိတ်ဝင်စားကြတာ တွေ့ရတယ်။ ဒီလို စကားစစ်ထိုးပွဲမျိုး လုပ်သင့်တယ်၊ ထောက်ခံတယ်ဆိုပြီး ပြန်လည်မျှဝေသူ တွေ၊ မှတ်ချက်ပြုသူတွေ နှစ်ရာကျော် ရှိခဲ့တယ်။ လူမှုကွန်ရက်မှာ ပေါ့ပေါ့ ပါးပါးရေးတာဖြစ်ပေမယ့် ဒါက […]

“အ” အပင် ကျေးဇူးရှင်

diz_admin

May 4, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကပ် အသွင် ကြုံကြရတော့ ကိုယ်ကျွမ်းကျင်ရာ၊ စိတ်တိမ်းညွှတ်ရာအလိုက် ဆွေးနွေးတာ၊ မေးခွန်းထုတ်တာတွေ များစွာ ရှိလာခဲ့တယ်။ စိတ်ဝင်စားဖို့လည်း အတော် ကောင်းပါတယ်။ သူ့အထွာနဲ့ သူပေါ့ လေ။ ကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ် ကျင်လည်ရာ ဝန်းကျင်၊ ကိုယ်တတ် ကျွမ်းပိုင်နိုင်ရာအလိုက်ပေါ့။ တချို့က ဒီကပ်ကြီးကို ဘယ်လို တုံ့ပြန်ကြမယ်၊ ဘယ်လို တုံ့ပြန်သင့် တယ်ဆိုတာမျိုးကို ဆွေးနွေးကြတယ်။ ဒီလို ကပ်ရောဂါ ဘာကြောင့် ဖြစ်လာ ရတယ်ဆိုတာကို ချဉ်းကပ်ပြတာမျိုး ရှိသလို ဒီကပ်ကြီးနဲ့ လက်ရှိကမ္ဘာကြီးရဲ့ အခင်းအကျင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်တွေအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ချိန်ထိုးဆွေးနွေးတာတွေလည်း အများ ကြီးပါပဲ။ ဖတ်မှတ်မိသလောက်ထဲမှာ လေးလေး နက်နက် အတွေးရစေတာက ဒေါက်တာ မြင့်ဇော်ရဲ့ […]

အစိုးရက သေးသေး၊ စစ်မျက်နှာက များများ

diz_admin

April 7, 2020

လူတွေ အများစုက အိမ်ထဲမှာသာ ရှိနေတာ နိုးနိုးကြားကြားပင်။ သတင်း ပလင်းတွေ သိချင်ကြသည်။ ကိစ္စက ခြံ၀ ရောက်နေပြီလေ။ မမြင်ရသော ရန်သူက တစ်ကမ္ဘာလုံး ကို တိုက်ခိုက်နေပြီဖြစ်သည်။ ဘယ်နေရာ က ဘယ်လို လာမည်ကို ဘယ်သူမျှ မခန့်မှန်းနိုင်။ ဖြည်းဖြည်းလည်း တိုက်လာ နိုင်သလို၊ တစ်ချိန်လုံး ငြိမ်နေပြီးမှ တစ်ချိန်ချိန်တွင် အုံလိုက်ကျင်းလိုက် တစ်ပြိုင်နက် တိုက်လာနိုင်သည်။ ကိုရိုနာ က အားလုံးကို ပျာယာခတ်သွားအောင် လုပ်နိုင်သည်။ ထိုသို့သော အချိန်မျိုးတွင် လူတွေ ရှောင်ရန်ဆောင်ရန်၊ နည်းလမ်းတွေ သိဖို့၊ ကိုယ့်အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ မှန်မှန်ချဖို့ သတင်းပလင်းရဖို့၊ သတင်းမှန် ရဖို့ အထူးအရေးကြီးသည်။ သတင်းမှား သတင်းတုများလည်း ပလူပျံတက်လာရာ နည်းအမျိုးမျိုးဖြင့် တန်ပြန် တိုက်ဖျက်နေ […]

သင့်တဲ့နေရာမှာ ရှက်ကြောက်ပါ

diz_admin

March 30, 2020

လူတစ်ယောက် လူပီသဖို့အတွက် အရှက်တရားနဲ့ အကြောက်တရားရှိရ တယ်ဆိုတဲ့ ဆုံးမဩဝါဒမျိုးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလို ကြား ကြရပါတယ်။ လောကကြီး မပျက်စီးဖို့ အတွက် ဟီရိ၊ ဩတ္တပ တရားနှစ်ပါး လိုတယ်လို့ ဆရာတော်တစ်ပါး ဟောကြားတဲ့ တရားတော်ကို နာကြားရတော့ ကျွန်မတွေးမိပါတယ်။ ဘယ်လိုအရှက် တရားနဲ့ အကြောက်တရားမျိုးပါလဲ။ ဘယ်အရာတွေကို ရှက်ရ၊ ကြောက်ရပြီး တော့ ဘယ်အရာတွေကို မရှက်ရ၊ မကြောက်ရမှာပါလဲ။ ကိုယ့်အကျိုး၊ သူတစ်ပါးအကျိုး ပျက်စီးစေမယ့်ကိစ္စတွေ လုပ်ဆောင်မိရင် ရှက်ရ၊ ကြောက်ရပြီးတော့၊ ကိုယ့်အကျိုး သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်မျိုး ဆိုရင် မရှက်မကြောက် လုပ်ဖို့လိုတယ်လို့ ဆရာတော်ရှင်းပြတာကို ကြားရတော့ ဒီကနေ့ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (Covid 19)နဲ့ပတ် သက်ပြီး […]

မေတ္တာနှင့်ဉာဏ်ပညာ

diz_admin

March 24, 2020

ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်း လူတိုင်းအတွက် အလွန်အရေးကြီးလှပါတယ်။ ချစ်ခြင်းမေတ္တာကသာ လောကကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်တယ်လို့ ပညာရှိတွေ ပြောဆိုကြတာကိုလည်း မှတ် သားကြရပါတယ်။ ချစ်ခြင်းမေတ္တာတွေ ထဲမှာ သားသမီးအပေါ်ထား တဲ့ မိခင်မေတ္တာကတော့ အမြင့်မြတ်ဆုံးလို့ အား လုံးက ယုံကြည်ထားကြပါတယ်။ မိခင် မေတ္တာလောက် ကြီးမားခိုင်ခံ့တဲ့အရာ အခြားမှာ ရှာလို့မတွေ့နိုင်ပါဘူးလို့လည်း ပြောစမှတ်ပြုကြပါတယ်။ မိခင်တွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းတရားဟာ ဘယ်ဆီကမှ သင်ယူ လေ့လာစရာမလိုဘဲ ရင်ထဲမှာ အလိုလို ဖြစ်တည်လာတဲ့အရာပါ။ ဘယ်မိခင် ဖြစ်ဖြစ် သားသမီးအပေါ် တုနှိုင်းလို့မရတဲ့ မေတ္တာနဲ့ချစ်ကြလို့ မိခင်မေတ္တာဟာ အနှိုင်းမဲ့မေတ္တာလို့ သတ်မှတ်ထားကြပါတယ်။ အဲဒီလို မိခင်တိုင်းရဲ့ ရင်ထဲမှာ မိမိ တို့သားသမီးကို အနှိုင်းမဲ့ချစ်နေပါရက်နဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ပုံတွေ တစ်ဦးနဲ့တစ်ဦး မတူညီဘဲ ဘာဖြစ်လို့ […]

လောင်းရိပ်

diz_admin

March 12, 2020

လောင်းရိပ် ဆိုတဲ့စကားကို ကျွန်တော် တို့ ငယ်စဉ်ဘဝမှာ အဖေပြောလို့ ပထမဆုံး ကြားခဲ့ရဖူးပါတယ်။ “သားတို့တွေ လောင်းရိပ် အမိမခံ ကြနဲ့” လို့ ဆိုဆုံးမတဲ့အထဲ သည်စကားစု လေး စပြီးကြားရတာပဲ ဖြစ်ပါတယ်။ အိမ်နောက်ဖေးက သီးပင်လေးအချို့ အုန်းပင်အရိပ်မှာ ကြီးထွားရှင်သန်မှု နှေးကွေးကြုံလှီတာ တွေ့ရတဲ့အခါ အမေ က ပြောပါတယ်။ “လောင်းရိပ်မိနေတော့ အပင်လေးတွေ မထွားကျိုင်းဘူးကွယ်” တဲ့။ မူလတန်း ကျောင်းသင်ခန်းစာက ဆက်စပ်တွေးတောမိရင်း အစိမ်းရောင် ရှိတဲ့ အပင်တွေဟာ နေရောင်ခြည်က တစ်ဆင့် စွမ်းအင်ရယူပြီး အစာအာဟာရ ချက်လုပ်ကြတာ ဖြစ်သတဲ့။ အပင်ကြီး တွေရဲ့ အရိပ်အာဝါသအောက်မှာ မိနေ လေတော့ နေရောင်ခြည်မရ အာဟာရ ကောင်းကောင်း မချက်လုပ်နိုင်ဘဲ ကြုံလှီ ကြတာ ဖြစ်မယ်လို့ […]

တစ်ထောင်တန်တဲ့စကား တစ်ထောင်တန်ဖို့

diz_admin

March 12, 2020

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်လို့ ပြောရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာလို့ အားလုံး နားလည် လက်ခံထားကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ လေးခုမြောက် ထောက်တိုင် စတုတ္ထမဏ္ဍိုင်အဖြစ် သတင်း မီဒီယာကို အသိအမှတ်ပြုထားပါတယ်။ အသိအမှတ်ပြု တင်စားသလောက်လည်း တကယ့်သတင်းမီဒီယာတွေဟာ တိုင်းပြည်အတွက် အရေးပါလှပါတယ်။ အဲလိုပဲ နောက်ထပ် အရေးပါတဲ့ အစုအဖွဲ့တစ်ခု ရှိပါတယ် အဲဒါကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေပါ။ တချို့ကဆို တိုင်းပြည်ရဲ့ ငါးခုမြောက် ထောက်တိုင် ပဉ္စမ မဏ္ဍိုင်အဖြစ်နဲ့တောင် တင်စားကြပါတယ်။ အမျိုးမျိုး အပြားပြားသော လူထု အခြေပြု အဖွဲ့အစည်းတွေထဲမှာ ပါဝင်လေ့ ရှိကြတာက တက်ကြွလှုပ်ရှားသူ တွေပါ။ တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ပါ ဝင်စားမှု မျိုးစုံ၊ ယုံကြည်မှု မျိုးစုံနဲ့ ပါဝင် ပူးပေါင်းလေ့ ရှိကြပါတယ်။ […]

စာအုပ်သစ်ပင် စိုက်စေချင်

diz_admin

February 26, 2020

ဒီနေ့ခေတ်မှာ လူငယ်တွေ စာဖတ် ကြသေးရဲ့လား။ စာမဖတ်ကြတော့ဘူး ဆိုရင်ရော၊ ဘာလို့မဖတ်ကြတာလဲ။ စာဖတ်လို့ ရလာမယ့် ဗဟုသုတတန်ဖိုးကို မသိကြလို့ပဲလား။ ဒီလိုမေးခွန်းတွေအပေါ် ကျွန်တော် အဖြေရှာမိတိုင်း ပတ်ဝန်းကျင်မှာ အသံတွေ စုံနေအောင် ကြားရတတ်တယ်။ လူကြီးတွေက စာဖတ်ချင်အောင် မစည်းရုံးနိုင်လို့၊ ခေတ်စနစ်အရ ဖုန်းထဲ မှာပဲ အချိန်ကုန်နေလို့၊ ဘယ်စာအုပ်ကို ဘယ်လို စဖတ်ရမှန်း မသိလို့။ ဒါတွေဟာ တကယ့်တကယ် စာမဖတ်ရခြင်းအတွက် ခိုင်လုံတဲ့ ဆင်ခြေတွေလား ဆိုတာက တော့ ကျွန်တော်တို့ အများကြီး ဆက်စဉ်း စားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော့်ဘ၀ အတွေ့ အကြုံအကြောင်း နည်းနည်းလေး ပြန်ပြော ပြချင်ပါတယ်။ ကျွန်တော် စာဖတ်လို့ မတတ်က တတ်က သုံးတန်းကျောင်းသားအရွယ်။ အစ်ကို တစ်ဝမ်းကွဲ […]