အမေ့ခံ တန်ဖိုးများ
diz_admin
July 27, 2020လမ်းလျှောက်ပြီးအပြန် ထမင်းကြော် စားနေကျဆိုင်ကို ဝင်ပါသည်။ ယနေ့ အိပ်ရာထနောက်ကျသောကြောင့် အပြန် လည်း နောက်ကျသည်။ ထမင်းကြော် ဆိုင်တွင် လူများသည်။ ကျွန်တော်က ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။ ထမင်းကြော်ကို မှာနေစရာမလိုပါ။ ကျွန်တော့်အတွက် ကြက်ပေါင်းသို့မဟုတ် ငါးကြော် တစ်ခုခုနှင့် လာချမည်သာဖြစ် သည်။ ကိုယ့်အလုပ်က သတင်းစာဖတ်ရင်း ရေနွေးကြမ်းသောက်ကာ စောင့်ရုံသာ ဖြစ်သည်။ “ဦးလေး ဒီမှာထိုင်မယ်နော်” “ထိုင်ပါဗျာ … ထိုင်ပါ” အမျိုးသမီးနှစ်ယောက်နှင့် ကျောင်း သားတစ်ယောက် ကျွန်တော့်ခုံတွင် ဝင်ထိုင်ကြသည်။ ကျွန်တော့် ထမင်းကြော်စားပွဲက ရောက်လာပြီ။ ယနေ့ ကြက်ပေါင်းကုန်ပြီ ထင်သည်။ ငါးကြော် နှင့် ဖြစ်သည်။ “သားသား မှာလေ … ဘာဟင်းနဲ့ စားမလဲ” “သိဘူးလေ … မေမေပဲမှာ” […]


