ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

ရည်မှန်းချက်များ မယိမ်းယိုင်စေချင်ပါ

diz_admin

July 1, 2020

ကိုဗစ်ကြောင့် စိုးတထိတ်ထိတ်ဖြစ်နေရတဲ့ အခြေအနေကြားထဲမှာပဲ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပဖြစ်မယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အဲဒီသတင်းနဲ့အတူ နိုင်ငံရေးပါတီ အသီးသီးကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ အရည်အချင်း သတ်မှတ်ချက်တွေ မူဝါဒတွေကို ထုတ်ပြန်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အဆိုပြုလွှာတွေကို ဘယ်ရက်ကနေ ဘယ်ရက်အထိ ပေးပို့ရမယ်ဆိုတာမျိုးတွေ၊ ကိုယ့်ကိုကိုယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံတော့မယ်ဆိုတဲ့ ကြေညာချက်တွေကိုလည်း တွေ့ရပြန်ပါတယ်။ ကိုယ့်ကိုယ်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ကြေညာကြတဲ့ သူတွေထဲမှာ အသက်ကြီးပိုင်းတွေလည်း ပါသလို လူငယ်တွေလည်း ပါပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ကြေညာတဲ့သူတွေရှိသလို ဘယ်သူ့ကိုတော့ အမတ်ဖြစ်စေချင်တယ်။ ဘယ်သူကတော့ အမတ်ဖြစ်ထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ ဘယ်သူ့ကို ရွေးလိုက်ရင် ရပ်ရွာအတွက် အလုပ်လုပ်ပေးနိုင်မယ် စသဖြင့်လည်း ရပ်ထဲရွာထဲမှာ […]

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

June 15, 2020

အခန်း(၁)ပျောက်ဆုံးနေသူများ“ကပ်ဘေးသည် ဂိတ်တံခါး” “The pandemic is a portal” ဆိုတဲ့ ဆောင်းပါးမှာ အိန္ဒိယပြည်သူ တွေရဲ့ဒုက္ခကို အာရန်ဒါတေရွိုင်း (Arundhati Roy)က အခုလိုရေးပြပါတယ်။မနှစ်က ဒီဇင်ဘာလက တရုတ်ပြည်ဝူဟန်မှာ ဗိုင်းရပ်စ်ကို နှိမ်နင်းနေချိန် အိန္ဒိယမှာက ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့နိုင်ငံသားဥပဒေကို ပြည်သူများစွာက ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ကိုဗစ်လူနာပထမဆုံး စတွေ့တာက ဇန်နဝါရီ ၃၁ ရက်မှာပါ။ ဖေဖော်ဝါရီလမှာကလည်း အမေရိကန်သမ္မတလာတဲ့ ခရီးစဉ်စတာတွေနဲ့ ရှုပ်နေပါတယ်။ အာဏာရ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) က ဒေလီ ရွေးကောက်ပွဲမှာရှုံးသွားလို့ ဒေလီမွတ်စလင်တွေကို ဦးတည်တဲ့အကြမ်းဖက်မှုတွေလည်း ဖြစ်နေပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ဘေးအဖြစ် ကြေညာပါပြီ။ မတ်လ ၁၉ မှာတော့ အိမ်စာသေချာလုပ်ထားပုံမရတဲ့ ဝန်ကြီးချုပ်ဟာပြည်သူတွေ ဝရန်တာထွက်ပြီး […]

ပတ်ဝန်းကျင်မှာ ပညာရှာ

diz_admin

June 15, 2020

လူရယ်လို့ဖြစ်လာရင် မဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေထဲမှာ ပညာသင်ကြားခြင်းဆိုတဲ့ အလုပ်လည်း ပါပါတယ်။ မိမိတို့သားသမီးကို ပညာတတ်မြောက်စေချင်တဲ့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပထမအရွယ်မှာ စာသင်ကျောင်းကို အသီးသီးပို့ဆောင်ပြီး ပညာ သင်ကြားစေတာက အစဉ်အလာတစ်ခု ဖြစ်လို့နေပါပြီ။ ကလေးတစ်ယောက် ပညာသင်ကြားရမယ်လို့ ဆိုလိုက်တာနဲ့ စာသင်ကျောင်းကိုပဲ အရင်ဆုံးပြေးမြင် မိတတ်ကြပါတယ်။ နှစ်တိုင်းမိုးဦးကျ အချိန်အခါဖြစ်တဲ့ ဇွန်လကို စာသင်နှစ်တစ်နှစ်ရဲ့အစအဖြစ် သတ်မှတ်ထားတာမို့ ခါတိုင်းနှစ်ဆိုရင် ဒီအချိန်မှာ ကလေးတွေ ကျောင်းစိမ်းဝတ်စုံကိုယ်စီနဲ့ စုစုရုံးရုံး ကျောင်းသွားနေ ကြပြီ။ ဒီနှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ခါတိုင်းနှစ်တွေလိုမျိုး ပုံမှန် ကျောင်းဖွင့်လို့ မရတော့။ တချို့နိုင်ငံတွေမှာ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ သင်ကြားဖို့ပြင် ဆင်နေကြပါတယ်။ သူတို့နိုင်ငံတွေရဲ့ အခြေအနေအသေးစိတ်ကို မသိပေမယ့် မြန်မာနိုင်ငံမှာတော့ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ဖြစ်ဖို့ဆိုတာ အလွန့်အလွန်ခက်ခဲပါတယ်။ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ်ဆိုရင် မြို့နေလူတန်းစားအနည်းငယ်အတွက် ရနိုင်ပေမယ့် […]

အမေ့ရဲ့ ရေဒီယိုလေး

diz_admin

June 15, 2020

လူဟာ တစ်ယောက်တည်း အထီးကျန်နေထိုင်ရခြင်းကို ချစ်မြတ်နိုးတဲ့သတ္တဝါ မဟုတ်ပါဘူး။ အဖော်မဲ့ခြင်းကို မုန်းတီးတဲ့ သတ္တဝါမျိုးပါ။ အဖော်ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ စသဖြင့် ကိုယ်နဲ့နီးကပ်စွာ ရှိနေတတ်တဲ့သူတွေပေါ့။ လူတိုင်းဟာ အထီးကျန်တဲ့အချိန်မှာ အဖော်ကိုတမ်းတတတ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရချိန်မှာ ပိုသိသာပါတယ်။ မိသားစုနဲ့အတူ ရှိနေတာတောင်မှ မိတ်ဆွေ အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တမ်းတလွမ်းဆွတ်နေမိတယ်။ အဖော်ဆိုတဲ့နေရာမှာ သက်ရှိအဖော် ရှိသလို၊ သက်မဲ့အဖော်လည်းပဲ ရှိနေနိုင်ပါတယ်။သက်ရှိအဖော်တွေနဲ့ ကင်းကွာနေတဲ့အချိန်တွေမှာတော့ သက်မဲ့အဖော်က ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့သူတွေပေါ့။ သက်မဲ့လို့ ပြောတဲ့အထဲမှာ လူတွေဖန်တီးထားတာတွေ ပါနေနိုင်သလို၊ သဘာဝတရားတွေကလည်း ပါနေနိုင်ပါသေးတယ်။ တစ်ခါတလေ တစ်ကိုယ်ရေ လွမ်းဆွတ်ရတဲ့ညတွေမျိုးမှာ လမင်းဟာ ကိုယ့်အတွက် အရင်းနှီးဆုံးအဖော် ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ တောင်တန်းကြီးတွေ၊ ရေကန်ကြီးတွေ၊ […]

သတင်းစာတို့ရဲ့ အလုပ်

diz_admin

June 15, 2020

ဦးစော နန်းရင်းဝန်ကြီးဖြစ်တော့ မြန်မာ့အလင်းသတင်းစာကို သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ရက်အကန့်အသတ် မရှိပိတ်တယ်။ အဲ့လို ပိတ်ရကောင်းလားဆိုပြီး သတင်းစာတွေက ဦးစောကိုဝိုင်းပြီး တွယ်ကြတယ်။ ခုခေတ်စကားနဲ့ဆိုရင် ကျီးကန်းလို ဝိုင်းအာကြတယ်ပေါ့။ နောက်တော့ ဦးစောက မြန်မာ့အလင်းတာဝန်ခံ အယ်ဒီတာဦးသန်းတင် (စာရေးဆရာဓူဝံ)ကိုခေါ်တွေ့ပြီး ၁၅ ရက်ကြာရင် သတင်းစာပြန်ထုတ်ခွင့် ပြုပါမယ်လို့ ပြောရတယ်။ဒါပေမဲ့ဦးစောပဲ။ ဒီတိုင်းတော့ဘယ်ရလိမ့်မလဲ။ ၁၁ ရက် မြောက်လောက်ကျတော့ ဦးသန်းတင်ကို အိမ်ခေါ်တွေ့တယ်။ တွေ့တဲ့အခါ ဗြိတိသျှဘားမားဦးညွန့်တို့၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဦးစိမ်း၊ ဦးဘိုးဘတို့ကို သက်သေအရာခေါ်ထားတယ်။ တွေ့တော့ ဦးစောက “၎င်းကိုဝေဖန် ရေးသား ချင်သလို ဝေဖန်ရေးသားပါ။ ကောင်းတာလုပ်ရင်လည်း ချီးကျူး ရေးသားပါ။ မဟုတ်မမှန်လုပ်ကြံ သတင်းများကိုတော့ မရေးဖို့” မေတ္တာရပ်ခံပြီး ကတိတောင်းတယ်။ ဒီတော့ဦးသန်းတင်က “ပထမအချက်ဖြစ်တဲ့ ရေးချင်သလို ဝေဖန်ရေးသားပါ ဆိုတာလက်ခံတယ်။ အဲ…ဒါပေမဲ့ […]

အဖြောင့်အတိုင်း နေထိုင်ခြင်းနှင့် ပတ်သက်၍

diz_admin

June 8, 2020

အဖြောင့်အတိုင်း နေထိုင်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော့်ဘဝမှာ နောင်တ မရဖူးပါဘူး။ သည်လို နေထိုင်မှုနဲ့ ပတ်သက်လို့ ဘဝမှာ အခက်အခဲ အကျပ် အတည်းတွေတော့ ရှိတာပဲပေါ့။ ကွေ့ကောက်မပြောဘဲ၊ လိမ်ညာ ဖုံးကွယ်တာမျိုး မလုပ်ဘဲ ဒဲ့ ပြောတတ် ဆိုတတ်တာကြောင့် ကြုံရတဲ့ အချို့ ဖြစ်စဉ်တွေမှာ တအား ခဲခဲခက်ခက် ဖြတ်ကျော်ခဲ့ရဖူးပေမယ့် သေကာမှ သေရော့ နောက်ကျော မလုံတဲ့အဖြစ်မျိုး၊ အသေမဖြောင့်တဲ့ ခံစားမှုမျိုး မလိုချင်တာ ကြောင့် ကိုယ့်ရဲ့ မူလ ခံယူချက်အတိုင်းပဲ ပြောဆို လုပ်ကိုင်ဖြစ်ပါတယ်။ ကိုယ်ရပ်တည်တဲ့ အခြင်းအရာ တစ်ခု အပေါ်မှာ မြဲမြဲမြံမြံရပ်တည်ပြီး ရှေ့ရော နောက်ပါ သည်ရပ်တည်မှုကို ပြောင်းလဲ ပြောဆိုတတ်တာ မရှိတော့ လူမုန်းတာ ခံရပေမဲ့ ဘယ်သူကမှ ဘာမှ […]

ကိုဗစ်ဖြစ်တာ အပြစ်လား

diz_admin

May 25, 2020

တနင်္သာရီတိုင်းတွင် မလေးရှားနိုင်ငံ မှ ပြန်လာသူ အသက် ၄၆ နှစ် အရွယ်ရှိ အမျိုးအသားတစ်ဦးထံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၈ ရက် နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အမျိုးသားမှာ လောင်းလုံး မြို့နယ်၊ ထားဝယ်တက္ကသိုလ်တွင် အသွား အလာ ကန့်သတ်ထားသူ ဖြစ်သည်။ မလေးရှားပြန်ဟုဆိုလျှင် မြန်မာရွှေ့ ပြောင်းလုပ်သား တနည်းအားဖြင့် မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး နေရပ် ဇာတိသို့ ပြန်လာသည့် မြန်မာတစ်ဦး ဖြစ်ကြောင်း အထူးပြောစရာ လိုမည် မထင်ပါ။ ရွှေ့ပြောင်းလုပ်သားများသည် ကိုယ့် ဒေသ ရပ်ရွာတွင် အလုပ်အကိုင်ရှားမှု ကြောင့် နိစ္စဓူဝ ရင်ဆိုင်နေရသည့် စား၊ ဝတ်၊ ‌နေရေး အရေးသုံးပါးကို ဖြေရှင်းရန် […]

မေ့ထားကြတဲ့ အစားအသောက်

diz_admin

May 18, 2020

ကျွန်မတို့ ရှင်သန်ရပ်တည်ဖို့ နေ့တိုင်း စားနေရတယ်။ ဒါပေမဲ့ လူတွေရဲ့ ဘ၀မှာ အစားအစာရဲ့ အရေးပါပုံကို ကျွန်မတို့ မေ့ထားမိနေသလား။ ဒီမှာ ကျောင်းတက်နေရတဲ့အခိုက် ဗြိတိန် ကျွန်းနိုင်ငံလေးရဲ့ အစားအသောက် ဖူလုံရေး စိုးရိမ်ပူပန်မှုတွေကို မကြာခဏ ကြားရပါတယ်။ တလောကမှ ဗြိတိန် သဘာ၀ပတ်ဝန်းကျင်၊ အစားအသောက်နဲ့ ကျေးလက်ရေးရာဌာနရဲ့ အစားအသောက် မူဝါဒဆိုင်ရာ အကြံပေးလည်းဖြစ်ပြီး လန်ဒန်မြို့မှာရှိတဲ့ စီးတီးတက္ကသိုလ်က အစားအသောက် မူဝါဒဆိုင်ရာ ပါမောက္ခ တင်မ်လန်းက ဗြိတိန်ဟာ စစ်ပွဲကာလ အတွင်းမှာ မဟုတ်ပေမယ့် စစ်တိုက် နေရတဲ့ ကာလတုန်းကလောက်အထိ အစား အသောက် ပြတ်လပ်တဲ့ စိန်ခေါ်မှုမျိုး ရင်ဆိုင်နေရပါပြီလို့ ပြောလိုက်ပါတယ်။ သူရဲ့ စာအုပ်အသစ် Feeding Britain (ဗြိတိန်ကို ကျွေးမွေးခြင်း) ထဲမှာ ဘာလို့ […]