ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ချန်ပီယံမဖြစ်ခဲ့ပါက ဖိအားများသွားနိုင်ဟု မန်ယူနည်းပြဆို
Dawei Watch
May 15, 2025မန်ယူနည်းပြ အေမိုရင် သည် အသင်းကစားသမားများကို ယူရိုပါလိဂ်၌ ချန်ပီယံဆုဖလားရရှိရန် အရေးကြီးကြောင်း သတိပေးစကားပြောကြားလိုက်ပြီး အကယ်၍ ယူရိုပါလိဂ်တွင် ချန်ပီယံမဖြစ်ခဲ့ပါက ဖိအားများသွားဖွယ်ရှိနိုင်ကြောင်း အေမိုရင်က အသိပေးသွားခဲ့သည်ဟု Live Score က ဖော်ပြထားသည်။ မန်ယူနှင့် စပါးတို့သည် ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးသော ရပ်တည်မှုအခြေအနေနှင့် ရာသီသိမ်းရဖွယ်ရှိနေပြီး ယင်းအတွက် ရှေ့လာမည့်ဘောလုံးရာသီ၌ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရနိုင်ရန် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရရှိရေးမှာ လွန်စွာ အရေးကြီးနေပြီဖြစ်သည်။ မန်ယူသည် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးကာ ဆုဖလားလက်မဲ့ဖြစ်ခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်ရပ်တည်မှုအခြေအနေများအရ စပွန်ဆာဝင်ငွေများစွာကို လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်ပြီး ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခဲ့ပါက နောက်ဆက်တွဲအဖြစ် ထိပ်တန်းအဆင့် ကစားသမားသစ်များ ခေါ်ယူရရှိနိုင်ရေးမှာ လွန်စွာ ခက်ခဲသွားတော့မည်ဖြစ်သည်။ ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူသည် ရှုံးပွဲမရှိအနေအထားဖြင့် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ကာ လက်ရှိဘောလုံးရာသီ၌ […]


