ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

ဒီဂီယာ ကို ပြန်လည်ခေါ်ယူရန် မန်ယူ စီစဉ်

Dawei Watch

April 6, 2025

မန်ယူအသင်းသည် အသင်းဂိုးသမားဟောင်း ဒီဂီယာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Football Sport News က ဖော်ပြထားသည်။ မန်ယူနည်းပြ အေမိုရင် သည် လက်ရှိဂိုးသမား အိုနာနာ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခြင်း မရှိတော့သည့်အတွက် နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂိုးသမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်လျက်ရှိသည်။ ဒီဂီယာသည် လက်ရှိအချိန်၌ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားတွင် ပါဝင်ကစားနေပြီး စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကောင်းမွန်နေဆဲဖြစ်သော ဒီဂီယာကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းကြီးများစွာက မျက်စိကျနေပြီဖြစ်သည်။ ဒီဂီယာနှင့် ဖီအိုရင်တီးနားအသင်းတို့အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအတွက် အလွတ်ပြောင်းရွှေ့ကြေးနှင့်ရနိုင်ဖွယ်ရှိသော ဒီဂီယာကို အသင်းကြီးများက ခေါ်ယူလိုနေကြခြင်းဖြစ်သည်။ ဒီဂီယာသည် မန်ယူဘက်က တရားဝင်ကမ်းလှမ်းဆက်သွယ်လာခဲ့ပါက ဖီအိုရင်တီးနားနှင့် စာချုပ်သစ် ထပ်မချုပ်တော့ဘဲ ၎င်း၏အသင်းဟောင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ဖွယ်ရှိနေသည်။ ဒီဂီယာသည် မန်ယူထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလအတွင်း အမြင့်ဆုံးလုပ်ခလစာအဖြစ် တစ်ပတ်လုပ်ခ […]

မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ စပါးနှင့် ဘရန့်ဖို့ဒ်တို့က ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းအတွက် ဆုတောင်းပေး

Dawei Watch

March 29, 2025

နာမည်ကျော် ဘောလုံးကလပ်အသင်းများဖြစ်ကြသော မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက် ၎င်းတို့အသင်းပိုင် ဝက်ဘ်ဆိုက်များကတဆင့် ဆုတောင်းစကားများ ပြောကြားထားသည်။ မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့သည် အင်အားပြင်းငလျင်ဒဏ်ကို ရင်ဆိုင်ကြုံဆုံခဲ့ရသော မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် အားပေးစကားများပြောကြားပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း လွှင့်တင်ဖော်ပြထားကြသည်။ ONE Championship သည်လည်း သောကြာည၌ ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကို ရပ်နားရွှေ့ဆိုင်းပစ်ခဲ့ပြီး ONE ၏ CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင် တို့ကလည်း ငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရပါကြောင်း ရေးသားအသိပေးခဲ့ကြသည်။ အင်အားပြင်းငလျင်သည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ငလျင်၏စွမ်းအားသည် […]

ONE CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့က ငလျင်သင့်ပြည်သူများအတွက် ဆုတောင်းပေး

Dawei Watch

March 29, 2025

ONE Championship CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်းနှင့် နှစ်သိမ့်အားပေးသည့် ဆုတောင်းစကားများ ပြောကြားပေးခဲ့ကြောင်းကို ONE Championship က ဖော်ပြထားသည်။ ONE Championship သည် ယမန်ညက ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကိုလည်း မကျင်းပတော့ဘဲ ရွှေ့ဆိုင်းပစ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာသွားခဲ့သူများကို စာနာဖေးကူရေးမှာ ယခုအချိန်တွင် အရေးအကြီးဆုံးဖြစ်ကြောင်းလည်း ONE Championship က အသိပေးထားသည်။ ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး ပူးပေါင်းကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပြီး အစိုးရဘက်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်အတွက် အချိန်မလပ် အသင့်ပြင်ထားမည်ဖြစ်ကြောင်း […]

နွေဈေးကွက်တွင် အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် မန်ယူစီစဉ်

Dawei Watch

March 25, 2025

မန်ယူအသင်းသည် လက်ရှိအချိန်၌ အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် ပြင်ဆင်ထားပြီဖြစ်ပြီး မန်ယူ ရောင်းထုတ်မည့်ကစားသမားများအနက်တွင် ရတ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးနှင့် ဆန်ချိုတို့လည်း ပါဝင်ကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူနည်းပြ အေမိုရင် သည် လာမည့်နွေဈေးကွက်တွင် ကစားသမားသစ် ၅ ဦးခန့် ခေါ်ယူလိုလျက်ရှိပြီး လက်ရှိတွင် အသင်းရင်းနှီးမြှုပ်နှံသူသစ် INEOS စီးပွားရေးလုပ်ငန်းစုက ကစားသမားသစ် ခေါ်ယူလိုပါက မလိုအပ်တော့သည့်ကစားသမားများကို ရောင်းထုတ်ရမည်ဟု နည်းပြ အေမိုရင်ကို သတိပေးထားပြီဖြစ်သည်။ အေမိုရင်သည် လူငယ်သွေးသစ်ကစားသမားများကို အဓိကထား ခေါ်ယူလိုလျက်ရှိပြီး နွေဈေးကွက်တွင် ကစားသမားသစ် ဝယ်ယူရန်အတွက် အေမိုရင်ကို အသင်းဘက်က အသုံးစရိတ်ပမာဏ ပေါင်သန်း ၂၀၀ ဝန်းကျင်သာ ထုတ်ပေးဖွယ်ရှိနေသည်။ မန်ယူသည် အငှားချထားသော အန်တိုနီနှင့် ရတ်ရှ်ဖို့ဒ်တို့ကို အပြီးအပြတ် […]

အီလွန်မတ်ခ်ဝယ်မည်ဆိုပါက လီဗာပူးအသင်းသာ ဖြစ်မည်ဟုဆို

Dawei Watch

January 8, 2025

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး အီလွန်မတ်ခ်၏ဖခင်က ၎င်း၏သားဖြစ်သူသည် ဘောလုံးအသင်းတစ်သင်းကို ဝယ်ယူရန် စိတ်ဝင်စားမှုရှိခဲ့မည်ဆိုပါက ဝယ်ယူမည့်အသင်းမှာ လီဗာပူးသာ ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Sky Sports က ရေးသားထားသည်။ လီဗာပူးကို ဝယ်ယူရန် အီလွန်မတ်ခ်ဘက်က ဆက်သွယ်ကမ်းလှမ်းမှု မရှိသေးသကဲ့သို့ လက်ရှိတွင် လီဗာပူးကို ပိုင်ဆိုင်ထားသည့် FSG စီးပွားရေးလုပ်ငန်းစုကလည်း အသင်းကိုရောင်းထုတ်ရန် အစီအစဉ် မရှိသေးကြောင်း Sky Sports က ဆက်လက် ရေးသားထားသည်။ အီလွန်မတ်ခ်၏ဖခင်သည် Times Radio နှင့်တွေ့ဆုံရာတွင် လီဗာပူးမြို့နှင့် ၎င်းတို့မိသားစု၏ဆက်နွယ်ပတ်သက်မှုများကို ထည့်သွင်းပြောကြားခဲ့ကာ အီလွန်မတ်ခ် ဝယ်ယူမည်ဆိုပါက ယင်းအသင်းမှာ လီဗာပူးကလွဲ၍ အခြားမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ခြင်းဖြစ်သည်။ အီလွန်မတ်ခ် သည် လက်ရှိတွင် ပေါင် ၃၄၀ ဘီလျံ ကြွယ်ဝနေပြီဖြစ်ကာ လီဗာပူးအသင်း၏တန်ကြေးမှာ ဈေးကွက်ပေါက်ဈေးအရ […]

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 11, 2023

Dawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။ အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင် ယူရိုခြေစစ်ပွဲတွေ တစ်ကျော့ပြန်လည် ဝင်ရောက်လာမှာဖြစ်လို့ လိဂ်ပွဲစဉ်တွေနဲ့ ခေတ္တခဏ အဆက်ပြတ်ရဦးမှာပါ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကောင်းတွေ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

ယ‌နေ့ည ထိုးသတ်မည့် စိန်ခေါ်ပွဲ ဒေဝ၏ဖေ့စ်ဘွတ်ခ်နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

Dawei Watch

November 5, 2023

ယနေ့ (နိုဝင်ဘာ ၅) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ပွဲစဉ်ကို ဒေဝ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် ပွဲချိန် ၉ မိနစ်ကြာမြင့်မည့် ယခုစိန်ခေါ်ပွဲကို အနားတောင်းယူခွင့် မရှိသည့်စနစ်ဖြင့် တစ်ချီတည်း အပြီးသတ် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယခုပွဲစဉ်မှာ ဒေ့ဗ်လက်ဒက်(ခ)ဒေဝ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မည်လည်းဖြစ်သည်။ ယနေ့ည ကျင်းပမည့်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု ပါဝင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး လက်ဝှေ့သမား ၆ ဦးက နိုင်ငံခြားသားပြိုင်ဘက် ၆ ယောက်ကို ရင်ဆိုင်ထိုးသတ်လိမ့်မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန် […]

စိန်ခေါ်ပွဲ ထိုးရန် ကမ္ဘောဒီးယားနိုင်ငံရောက်လာသည့် ဒေဝ

Dawei Watch

November 4, 2023

ကမ္ဘောဒီးယားလက်ဝှေ့အကျော်အမော် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့ပြီဖြစ်သော မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝကို ကမ္ဘောဒီးယားနိုင်ငံရှိ ပရိသတ်များနှင့် မီဒီယာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ဒေဝ(ခ)ဒေ့ဗ်လက်ဒက် သည် မြန်မာ့လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို မြန်မာလူမျိုး မဟုတ်သည့် နိုင်ငံခြားသားများအနက်မှနေ၍ ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ယခုထိုးသတ်မည့် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲစဉ်မှာ ဒေဝအတွက် ကစားသမားဘဝကို နှုတ်ဆက်မည့် နောက်ဆုံးပွဲစဉ်ဖြစ်လာတော့မည်လည်းဖြစ်သည်။ ဒေဝ သည် ကမ္ဘောဒီးယားသို့ ရောက်လာခဲ့အပြီးတွင် လေဆိပ်၌ ၎င်းကို ကြိုဆိုနေသည့် ပရိသတ်များနှင့် မီဒီယာများကို နှုတ်ဆက်ခဲ့ကာ မီဒီယာများက မေးမြန်းသည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားခဲ့သည်။ ဒေဝနှင့် ပရွမ်းဆမ်းနန်တို့ ထိုးသတ်မည့် စိန်ခေါ်ပွဲစဉ်သည် အရှေ့တောင်အာရှ လက်ဝှေ့သမိုင်းတွင် အကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သတ်မှတ်ညွှန်းဆိုခံထားရပြီး ပုဝါမကူ ရေမရှူ အနားမတောင်းစနစ်ဖြင့် တစ်ချီတည်း အပြီးသတ်ထိုးသတ်ရမည့်ပွဲစဉ်ဖြစ်နေသည်မှာ ယခုပွဲစဉ်၏ထူးခြားချက်ပင်ဖြစ်သည်။ […]