ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်

diz_admin

January 30, 2020

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ “အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ယင်းပြိုင်ပွဲကို […]

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

diz_admin

January 30, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူကာ ဆယ်စုနှစ်တစ်ခုစာခန့် ဝေးကွာနေသည့် ဆုဖလားကို ပထမဆုံး ရယူပေးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ တနင်္သာရီတိုင်း နောက်ဆုံးရရှိခဲ့ စသည့် ဆုဖလားမှာ ၂၀၁၁ ခုနှစ်က ကျင်းပသည့် ၅၆ ကြိမ်မြောက် အလွတ်တန်း ဘောလုံးပြိုင်ပွဲမှ ရရှိသည့် တံခွန်စိုက်ဒိုင်း ဆုဖလားဖြစ်သည်။ ယခုနှစ်တွင် ချန်ပီယံဆုကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတို့တွင် ထိပ်တန်းလေးသင်းဝင် အသင်းများဖြစ်သည့် မွန်နှင့် […]

ဝူရှူးပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးအသင်း နှစ်နှစ်ဆက် တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး

diz_admin

January 30, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဝူရှူးပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်သည့် ဆန်ဆိုအတိုက်အခိုက် အားကစားနည်းတွင် တနင်္သာရီတိုင်း အမျိုးသမီးအသင်းက တံခွန်စိုက်ဒိုင်းဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း ယင်းအသင်းနည်းပြဖြစ်သူ စောကျော်စိုးမိုးက ပြောသည်။ ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်တစ်ခုရရှိကာ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့ကြောင်း စောကျော်စိုးမိုးက ပြောသည်။ အားကစားသိပ္ပံကျောင်းများတွင် အထူးလေ့ကျင့်နေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ယမန်နှစ်က ရရှိထားသည့် တံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီ အမျိုးသမီးအသင်းက ကာကွယ်သွား နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့အသင်းမှာက အားကစားသိပ္ပံတက်နေတဲ့သူတစ်ယောက်မှ မပါဘဲ အပြင်က ကစားသမားတွေနဲ့ ဝင်ပြိုင်ခဲ့တာ။ အဲမှာဘာဖြစ်လဲဆိုတော့ အားကစားသိပ္ပံတက်နေတဲ့သူတွေက နည်းပြနဲ့ အံမဝင်ဘဲဖြစ်နေကြတယ်။ ကျွန်တော်တို့ကတော့ […]

အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

diz_admin

January 15, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေခြင်း၊ ဆုချီးမြှင့် ခြင်းများနှင့် သက်ဆိုင်ရာအားကစားနည်း များအတွက် လိုအပ်သည့် အားကစား ပစ္စည်းများ ဝယ်ယူရန် စသဖြင့် အားကစား ကဏ္ဍများအတွက် သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စစ်တုရင် စသဖြင့် အားကစားနည်း ၃၀ ခန့် ပါဝင်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် တစ်နှစ်ပတ်လုံး လေ့ကျင့်သော […]

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆု အများဆုံးရ

diz_admin

January 6, 2020

တိုင်းနှင့်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆုအများဆုံးဖြင့် ဗိုလ်စွဲ ခဲ့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ရွှေ ၁၄ ခု၊ ငွေ ၂ ခု၊ ကြေး ၄ ခုရရှိခဲ့သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဧရာ၀တီတိုင်းအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲကာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောသည်။ သို့သော် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင်မူ ဆုမရရှိခဲ့ကြောင်း ဦးဝင်းနောင်က ပြောသည်။ တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင် တနင်္သာရီတိုင်းက ရွှေ ၁၅ ခု၊ ငွေ ၂ ခု၊ ကြေး ၄ […]

ရေဖြူလှေလှော်ပြိုင်ပွဲ ကော့သောင်း မာရမ်းအသင်း ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲ

diz_admin

January 6, 2020

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ထားဝယ်မြစ်အတွင်း ကျင်းပသည့် ရေဖြူမြို့နယ် လှေလှော်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းမှ မာရမ်းရွာလှေလှော်အသင်းမှ ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲသွားသည်။ မာရမ်းအသင်းက အလွတ်တန်း ၇ တက်လှော်၊ ၉ တက်လှော်၊ ၁၁ တက် လှော်ပြိုင်ပွဲ ၃ ခု ဝင်ပြိုင်ခဲ့ရာ ၃ ခု စလုံးတွင် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ “မာရမ်းအသင်းက လှေလည်း ကောင်းတယ်၊ လှေလှော်သမားတွေလည်း စနစ်ကျတယ်၊ နည်းပညာပိုင်းလည်း သာတယ်။ ဒါကြောင့် ဗိုလ်စွဲသွားတာပါ။ ရေဖြူမြို့နယ်က အတွေ့အကြုံရတာပေါ့ ဗျာ”ဟု လှေပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဒေါက်တာအောင်ထိန်က မှတ်ချက်ပြုသည်။ မာရမ်းလှေလှော်အသင်းသည် ပါချန်မြစ်အတွင်း ထိုင်းဘက်မှ ကမကထ ပြုကျင်းပသည့် ပြိုင်ပွဲများတွင် ထိုလှေ လှော်အသင်းများကို ကျော်ဖြတ်ကာ ဆုကြီးများ […]