ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ ၂ ဦးသေ

diz_admin

February 24, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေ့ ညနေပိုင်းတွင် ရွာထဲသို့ကင်းလှည့်ရင်း ဈေးဝင်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။ “အုပ်စုနဲ့လာတာမဟုတ်ဘူး၊ ဈေးဝင်ဝယ်ပြီး ပြန်အထွက်မှာ ပစ်ခတ်ခံရတာ၊ ပစ်ခတ်မှုကတော့ ခဏပဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်မှုကြာချိန် ၁၅ မိနစ်ခန့်သာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ “စော်ဖျားရွာလယ်မှာကို ပစ်ကြတာ၊ နှစ်ယောက်သေတယ်လို့တော့ ပြောသံကြားတယ်။ ကင်းလှည့်လာချိန်ပစ်တယ်လို့ပြောတယ်။ ကျွန်မတို့က ကျည်ဆန်ကြားထဲမှာ သွားပိတ်မိနေတယ်” ဟု စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

ဘန်ကောက်တွင် ထိုင်းရဲဟန်ဆောင်ထားသူများက မြန်မာများထံမှ ဘတ် ၁၈၀၀၀ ခိုးယူ

diz_admin

February 24, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မော်ချစ်အဝေးပြေးကားဂိတ်တွင် ရဲအရာရှိများအဖြစ် ဟန်ဆောင်ထားသော ထိုင်းနိုင်ငံသား ၅ ဦးသည် မြန်မာနိုင်ငံသားများထံမှ ဘတ် ၁၈၀၀၀ ကို ခိုးယူခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် မြန်မာနိုင်ငံသား ၄ ဦးသည် ချင်းမိုင်မှ ဘန်ကောက်သို့ အဝေးပြေးယာဉ်လိုင်းဖြင့် ထွက်ခွာလာကြောင်း၊ ဘန်ကောက်ရှိ မော်ချစ်အဝေးပြေးကားဂိတ်အရောက်တွင် ဘန်ဘော်ဒေသသို့ ခရီးဆက်သွားရန် စုံစမ်းခဲ့ကြသည်။ ယင်းနောက်အငှားကားအတွင်း ဝင်ထိုင်စဉ်တွင် ကားဘေးတွင်ရပ်နေသော ထိုင်းလူမျိုးတစ်ဦးက သူ့ကိုယ်သူ ရဲအရာရှိဟုပြောကာ မူးယစ်ဆေးဝါးစစ်ဆေးရန်အတွက် အိတ်များကို ရှာဖွေရန်နှင့် ပက်စ်ပို့အထောက်အထားများ ပြသပေးရန် ပြောခဲ့ပြီးနောက် အိတ်များကို ရှာဖွေပြီး ပြန်ပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများသည် နေထိုင်ရာတိုက်ခန်းသို့ ရောက်သောအခါ အိတ်များကို ပြန်စစ်ရာ ဘတ် […]

ကျိုက်ထိုတွင် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

diz_admin

February 24, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၄၂နှစ်ရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့လယ် ၁၂နာရီဝန်းကျင်က တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းတွင်ရှိနေစဉ် လက်နက်ကိုင်လူလေးဦး ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောင်းအုပ်ဆရာမကြီးကို ရွာအပြင်ဘက် တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေးတစ်နေရာတွင် သေနတ်ဖြင့် ပစ်သတ်ပြီး ထားခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံတို့က ပြောသည်။ “ဆရာမကြီးရဲ့ ရုပ်အလောင်းကိုတော့ ရွာအပြင်ဘက် ကားလမ်းဘေးမှာ တွေ့ရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောဆိုသည်။ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်းကို […]

ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦး ကားတစ်စီးနှင့်အတူ အဖမ်းခံရ

diz_admin

February 24, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို မော်တော်ကားတစ်စီးနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံက သိရသည်။ အဖမ်းခံရသူအမျိုးသားမှာ ဇာဒီကျေးရွာအုပ်စု ခေါင်ပြန်ရွာဇာတိဖြစ်ပြီး ယခုလက်ရှိ ဇာဒီကျေးရွာတွင် နေထိုင်ကာ ကံပေါက်တိုက်နယ်အတွင်း ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမင်းမင်းဦးဆိုသူ ဖြစ်သည်။ ဦးမင်းမင်းအား ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကိုမင်းမင်းဦးကို လာဖမ်းတုန်းက သူကားပါ ယူသွားတယ်။ သူ့ကားက လိုင်စင်တော့မရှိဘူး။ လိုင်စင်ကိစ္စကြောင့် တော့ မဟုတ်ဘူးထင်တယ်။ အတိအကျတော့ ပြောမရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးမင်းမင်းဦးကို မောရဝတီရေတပ်ကို ခေါ်ဆောင်စစ်ဆေးနေပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းအထိ ပြန်လွတ်လာခြင်း […]

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

February 24, 2023

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့်ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ဖက်ဆစ်ရွေးရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုင်စွဲ၍ လူထုလှုပ်ရှားမှု ဖေဖော်ဝါရီ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည်။ဓာတ်ပုံ – DDMSC

စစ်ကောင်စီခန့်ဝန်ကြီး၏ ကုမ္ပဏီ KNU ထိန်းချုပ်နယ်မြေတွင်ဟိုတယ်ဆောက်ရန်ပြင်

diz_admin

February 23, 2023

စစ်အာဏာရှင်စနစ်အား ခုခံတွန်းလှန်မှု အရှိန်မြင့်နေချိန်တွင် တနင်္သာရီတိုင်း စစ်ကောင်စီခန့် တိုင်းရင်သားရေးရာဝန်ကြီးစောမာတင်လူသာပိုင် ကုမ္ပဏီက KNU မြိတ်-ထားဝယ် ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်း ဟိုတယ်ဆောက်ရန် စိုင်းပြင်းလျက်ရှိသည်။ ဝန်ကြီး စောမာတင်လူသာ ဒါရိုက်တာအဖြစ် ပါဝင်နေသည့် Luminous Star’s (Hti Khee) ကုမ္ပဏီက ထိုင်းမြန်မာနယ်စပ် ထီးခီးဒေသတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးတွင်Luminous Star’s နှင့် K L P (Hti Khee) ကုမ္ပဏီတို့က ထိုင်း-မြန်မာနယ်စပ် အမြားကျေးရွာတွင် ဟိုတယ်ဆောက်လုပ်ခွင့်နှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။ စောမာတင်လူသာမှာ လက်ရှိ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ဦး ဖမ်းဆီးခံရ

diz_admin

February 23, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၀ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တိုယိုတာကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင်တင်ဆောင်လာသည်ဟု သတင်းရထားသဖြင့် ယင်းကား စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်လာချိန်တွင် ရပ်တန့်ရှာဖွေခံရန် အချက်ပြသော်လည်း မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။ စစ်တပ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့များ နောက်က လိုက်လံဖမ်းဆီးခဲ့ရာ ကီလိုမီတာ ၂၀ ခန့်အကွာ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသရောက်တွင် အဆိုပါပစ်ကပ်ကားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားမောင်းသမား တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း‌ ရေးသားထားသည်။ […]

ဈေးသွားရောင်းသည့်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

February 23, 2023

ထားဝယ်မြို့နယ် မြေးခန္တီကျေးရွာဘက်သို့ ဈေးသွားရောင်းသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသား ဦးသန်းဇော်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်မီးနန်းတို့မှာ မြေးခန္တီကျေးရွာဘက် ငါးရောင်းသွားပြီး အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထားဝယ်မြို့နယ် သစ်ကတုံးရွာနှင့် ထန်းတလုံး‌ရွာကြား ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နှစ်စီးနဲ့ လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ။ အမျိုးသားက နောက်ကလိုက်လာနေတုန်းမှာ ပစ်ခံရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်တွင် လက်မောင်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် ပခတ်အင်း ဘုန်းတော်ကြီး၏ကားဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဦးသန်းဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ၎င်းတို့ […]