ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ၊ ဆင်ခြေဖုံးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

diz_admin

February 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၅ နာရီခွဲဝန်းကျင်တွင် လက်နက်ကိုင်နှစ်ဦးက ပစ်ခတ်သွားပြီး ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “တနင်္သာရီမြို့မှာ ညသွားအိပ်ပြီး သူနေတဲ့ လယ်တောင်ရွာသို့အပြန် ရွာ (အုပ်ချုပ်ရေးမှူး) ရုံးရှေ့မှာ ပစ်သတ်ခံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ဆင်ခြေဖုံးကျေးရွာအုပ်စု လယ်တောင်ရွာသား အသက် ၄၅ နှစ်အရွယ် ဦးရန်နိုင်စိုးဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ “သေတာမှန်တယ်။ ဘယ်နှစ်ချက်အပစ်ခံရတယ်ဆိုတာတော့မသိဘူး” ဟု တနင်္သာရီ ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။ လယ်တောင်ကျေးရွာသည် တနင်္သာရီမြို့အနီးရှိ […]

ဘုရားသုံးဆူမြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး မီးလောင်

diz_admin

February 25, 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရဲစခန်း ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၆ နာရီဝန်းကျင်က ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့က ပြောသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး ဘုရားသုံးဆူမြို့ရဲစခန်း မီးလောင်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “တိုက်ပွဲက ၁ နာရီခွဲလောက် ဖြစ်တယ်။ ရဲစခန်းကတော့ မီးလောင်သွားတယ်။ လက်ရှိ မြို့ပေါ်မှာတော့ လုံခြုံရေးချထားတာတွေ၊ စစ်ဆေးတာတွေ ဘာမှမရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ နေ့လယ်ပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်က ဈေးများ […]

လောင်းလုံးမြို့နယ်ရှိ ဈေးများတွင် လူထုစည်းရုံးလှုပ်ရှားမှုပြုလုပ်

diz_admin

February 25, 2023

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများတွင် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုယနေ့ပြုလုပ်ခဲ့သည်။

ကလိန်အောင်တွင် တောပစ်ထွက်သည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

diz_admin

February 25, 2023

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်က တောပစ်ထွက်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူအမျိုသားမှာ ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ကိုဌေးလွင်ဦးဆိုသူဖြစ်သည်။ ကလိန်အောင်မြို့အနီးက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သစ်တောထဲသို့ ကိုဌေးလွင်ဦးသည် အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောပစ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။   ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးနှင့် အချင်းများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ကိုဌေးလွင်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ “မိသားစုကတော့ သေဆုံးကြောင်း အတည်ပြုတယ်။ အလောင်းကတော့ ပြန်မရသေးဘူး။ သူနဲ့အတူ တောပစ်လိုက်တဲ့ လူနှစ်ယောက်ကိုတော့ KNU က စစ်နေတယ်လို့သိရတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

February 25, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်၀ဝါရီ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ကြက်ငှက်တုပ်ကွေးကြောင့် ကမ္ဘောဒီးယားမှာ ကလေးငယ်တစ်ဦးသေဆုံး ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အရှေ့တောင်ပိုင်း ကျေးလက်ဒေသဘက်က အဲဒီ မိန်းကလေးငယ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်က နေမကောင်းဖြစ်ခဲ့ပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။ သူဟာ ချောင်းဆိုး၊ လည်ချောင်းနာသလို အဖျားလည်း ၁၀၂ ဖာရင်ဟိုက်အထိ တက်ပြီး မကြာမီ သေဆုံးသွားတယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဒါဟာ ကမ္ဘောဒီးယားမှာ […]

KNU ဗဟိုကော်မတီအားလုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ ကရင်များ တောင်းဆို

diz_admin

February 24, 2023

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို၏ အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံ ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်း ၆၈ ခုက အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။ KNU ၏ မူဝါဒနှင့် ဆန့်ကျင်ပြီးလုပ်ဆောင်နေသည့် ခေါင်းဆောင်များရှိနေသလို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ခေါင်းဆောင်များရှိနေသော်လည်း အရေးယူခြင်းမရှိသည်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအမြဲတမ်းကော်မတီတို့၏ ခေါင်းဆောင်မှုကျဆင်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် KNU ၏မူဝါဒနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် ခေါင်းဆောင်ပိုင်းများကို အရေးယူမှုမရှိသည့်အပြင် ၁၇ ကြိမ်မြောက် KNU ရွေးကောက်ပွဲ(ကွန်ကရက်ညီလာခံ)တွင် ဝင်ရောက်အရွေးခံခွင့်ကိုပါ ပေးထားကြောင်း ဖော်ပြထားသည်။ KNU ကွန်ကရက်ညီလာခံမှာ နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ဒီမိုကရေစီစနစ်ကျသော ရွေးကောက်ပွဲ […]

ပုလော သင်္ကန်းတောရွာသားတစ်ဆယ်ကျော် ဖမ်းခေါ်ခံရဟုဆို

diz_admin

February 24, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောရွာသား ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ကဒဲရွာဘက်သို့ တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ စစ်ကြောင်းထိုးလာချိန် သင်္ကန်းတောရွာအပြင်တွင် တဲထိုးကာ စစ်ဘေးရှောင်နေထိုင်နေကြသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀ ကျော်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ပုလောဘက်မှ လာလျှင် မင်းထိန်ရွာ ဦးစွာရောက်ပြီး ပြီးမှ သင်္ကန်းတောရွာ၊ ကဒဲရွာ အစဉ်အတိုင်း ရောက်မည်ဖြစ်သည်။ “လည်းပြင် (ရွာအပြင်လယ်ကွင်း) ကဖြတ်ပြီး ကဒဲဖက်ကို စစ်ကြောင်းထိုးအသွား ဖမ်းသွားတယ်။ မိန်းမတွေက ပိုများတယ်ကြားရတယ်” ဟု ကဒဲရွာမှ တိမ်းရှောင်နေသည့် ဒေသခံ […]

ရော်ဘာခြံထဲ အမျိုးသမီးတစ်ဦးအသတ်ခံရမှုတွင် ခင်ပွန်းဟောင်းဘက်က တူတော်စပ်သူ အဖမ်းခံရ

diz_admin

February 24, 2023

မြိတ်မြို့နယ် ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့ သည်ဆိုသော တစ်ရွာတည်းနေ အမျိုးသားကို ဖေဖော်ဝါရီလ ၂၃ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံတို့ ထံမှ သိရသည်။ စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးရွာနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၂ ရက်က အသက် ၃၈ နှစ်ရှိ အမျိုးသမီးတစ်‌ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးအား အသက် ၃၉နှစ်ရှိ အမျိုးသားတစ်ဦးက သံရိုတ်တူဖြင့် ဦးခေါင်းနောက်ပိုင်းတစ်ချက်နှင့် ဦးခေါင်းထိပ်အား သုံးချက် ရိုက်နှက်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲဘက်ကပြောဆိုမှုကို ကိုးကားကာ မြိတ်မြို့ရှိ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယင်း အမျိုးသားမှာ သေဆုံးသူအမျိုးသမီး ခင်ပွန်းဟောင်းဖြစ်သူ၏ တူတော်စပ်သူလည်းဖြစ်ပြီး ရွှေပေးရွာတွင် နေထိုင်ကြသူ များဖြစ်ကြောငင်း ရွှေပေးရွာနေသူအချို့က ဆိုသည်။ အသတ်ခံရသူ […]