ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် အမျိုးသားတစ်ဦး အနှိပ်ခံနေစဉ် လည်ပင်းကို ဓါးဖြင့်လှီးခံရ

diz_admin

February 23, 2023

မြိတ်မြို့ ၊မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးရှိ နေအိမ်(နှစ်ထပ်တိုက်)တွင် ယနေ့(ဖေဖော်ဝါရီ ၂၃)  နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး၏လည်ပင်း ဓါးဖြင့်လှီးခံရကြောင်း ယင်းနေအိမ်အနီးနေသူအချို့ထံမှ သိရသည်။ အဆိုပါ အသက် ၄၀ နှစ်ကျော်ရှိ အိမ်ရှင်အမျိုးသားသည် နေအိမ်အပေါ်ထပ်တွင် အနှိပ်ခံနေစဉ် နှိပ်ပေးသူ အမျိုးသားက ဓားဖြင့်လည်ပင်းအား လှီးဖြတ်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။ ဓားဖြင့်လှီးသွားသူမှာ အိမ်ရှင်နှင့် သိကျွမ်းသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့လုပ်သွားသည်ကိုမူ မသိရှိရပေ။ “တိုက်အနောက်က သံတံခါးကို ဆွဲဖျက်ပြီး ထွက်ပြေးသွားတာ၊ သံတံခါးက ဆွေးနေတယ်။ ကြည့်ရတာ မလုပ်ခင် ပြေးပေါက်ကြိုကြည့်ထားပြီးဖြစ်မယ်။ ဝိုင်းလိုက်ကြတာ မမှီလိုက်ဘူး” ဟု အခင်းဖြစ်နေအိမ်အနီး တွင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ နှစ်ထပ်တိုက်အပေါ်ထပ်တွင် နှိပ်နယ်နေစဉ် နှိပ်ပေးသူ အမျိုးသားသည် အောက်ထပ်မီးဖိုချောင်တွင် ရေဆင်းသောက်ပြီး မီးဖိုချောင်မှ အလျား ၁၀ လက်မခန့်ရှိ […]

ကော့သောင်း၊ ဝိုင်ဒင်းရွာတွင်တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်မှုရှိ

diz_admin

February 23, 2023

ကော့သောင်းခရိုင်၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)က ယနေ့(ဖေဖော်ဝါရီ ၂၃)ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီအင်အား ၁၇၀ ခန့်ဖြင့် ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး ညနေ ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ယင်းနောက်စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွါသွားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့် ကော်သူးလေတပ်ဘက်မှ ရဲဘော်တစ်ဦးလည်း လက်နက်ကြီးအစ ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဝိုင်ဒင်းကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အနီးတည်ရှိပြီး ယင်းရွာအပါအဝင် ရွာသုံးရွာကို […]

သံဖြူဇရပ်တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

diz_admin

February 23, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ (ဖေဖေါ်ဝါရီ ၂၃) နံနက် ၆ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံ အစိတ်အပိုင်း အတော်များများ  ပျက်ဆီးသွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။ “မနက်အစောကြီးဖြစ်နေတော့ လူမရှိသေးဘူး၊ လူထိသွားတာတော့မရှိဘူးပေါ့ ဒါပေမဲ့ ရုံးကတော့ တော်တော်ကို ပျက်ဆီးသွားတယ်” ဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင် ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံအချို့တို့က ပြောသည်။ အလားတူ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စျေးကြိုအဝိုင်အနီးရှိ ပြည်နယ် […]

PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန် လောင်းလုံးတွင် အသိပညာပေး လှုပ်ရှားမှုပြုလုပ်

diz_admin

February 23, 2023

Dawes Watch၊ ဖေဖော်ဝါရီ ၂၃ စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန်ယနေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လောင်းလုံးမြို့နယ်အတွင်းရှိ ဈေးတစ်ခုတွင် လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅ရာခိုင်နှုန်း ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂ရာခိုင်နှုန်းနှင့် ဇောတိကစီမံကိန်းတွင် ၈၀ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး စစ်ကောင်စီအား ‌ဒေါ်လာသန်းပေါင်းများစွာ ‌ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

မြိတ်အိမ်ခြံမြေဈေး နှစ်ဆ‌ကျော်ခုန်တက်

diz_admin

February 23, 2023

မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်း ယမန်နှစ်ထက် ဈေးနှစ်ဆကျော်အထိခုန်တက်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။ မြို့ပေါ်ရပ်ကွက်အချို့ မိန်းလမ်းမကြီးရှိ အိမ်မပါ ပေ ၃၀၊ ပေ ၅၀မြေတစ်ကွက်လျှင် ယခင်နှစ်က ကျပ်သိန်းလေးရာမှ ကျပ်သိန်းရှစ်ရာ၊ တစ်ထောင်အထိမြင့်တက်‌နေကြောင်း မြိတ်တောင်ရပ်နေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တစ်ဦးက ပြောသည်။ “ဈေး‌နှုန်းအတော်ကွာသွားတာ။ ဈေးတက်လည်း ဝယ်တဲ့သူလည်း ရှိတာပဲ” ဟု ၎င်းက ဆိုသည်။ မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ ရွှေပြည်တန်၊ ရာပြည့်၊ အင်းလေးမြိုင်စသည့် ရပ်ကွက်တို့တွင် နေအိမ် အမျိုးအစားအပေါ်မူတည်ပြီး မြေတစ်ကွက်လျှင် ကျပ်သိန်း‌လေးရာမှ ငါးရာအထိ ရောင်းချနေကြကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။ “အလျှော့အတင်း နည်းနည်းပါးပါးတော့ရှိတာပေါ့။ လေးရာငါးဆယ်နဲ့ ဈေးခေါ်တာ လေးရာ့နှစ်ဆယ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်” ဟု အင်းလေးမြိုင်ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။ ၎င်းပိုင်ဆိုင်သည့် အင်းလေးမြိုင်ရပ်ရှိ နေအိမ်ပါ […]

လောင်းလုံး ဇလွတ်ရွာဖြစ်စဉ် ပြည်သူ့ကာကွယ်ရေးထုတ်ပြန်ချက်နှင့် ဒေသခံတို့ပြောဆိုချက်ကွဲလွဲ

diz_admin

February 23, 2023

လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာတွင် ဒေသခံသုံးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးလွတ်‌မြောက်သွားပြီး တစ်ဦးပစ်သတ်ခံခဲ့ရသည်။ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်း ဇနီးမောင်နှံနှင့် ဦးဝင်းသိန်းပုဆိုသူတို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဦးဝင်းသိန်းပုဆိုသူမှာ ပစ်သတ်ခံ လိုက်ရသည်။ ယင်းဖြစ်စဉ်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။ ထွက်ပြေးလွတ်မြောက်သွားသူ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့ဇနီးမောင်နှံနှင့် ပစ်သတ်ခံလိုက်ရသူ ဦးဝင်းသိန်းပု တို့မှာ ‌‌ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ တပည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးအောင်မိုးနှင့် ဒေါ်ယဉ်ယဉ်သန်းတို့သည် ဓားပြတိုက်၊ လူသတ်မှုတွင်ပါဝင်ပြီး ပျူစောထီးအဖွဲ့ဝင်များ တိုးပွား လာစေရန် စည်းရုံးပေးနေသူဖြစ်ကြောင်း ဆိုထားသည်။ ဒေသခံအချို့ကမူ အဆိုပါဇနီးမောင်နှံသည့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ကြကာ […]

ကရင်အချင်းချင်းတိုက်ခိုက်မှု အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်းတောင်းဆို

diz_admin

February 23, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၄ နှင့် ကော်သူးလေတပ်မတော်တို့ အချင်းချင်း ရန်မူတိုက်ခိုက် နေမှုများကို ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုကာ အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုလိုက်သည်။ ပြည်ပရောက် ကရင်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် International Karen Organisation (IKO)က ဖေဖော်ဝါရီလ ၂၂ ရက် တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို (စစ်အစိုးရ) ကို အမြစ်ပြတ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင် နေချိန်ဖြစ်သည့်အတွက် ကရင်အချင်းချင်းတိုက်နေသည်မှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုကြောင့် ကရင်အချင်းချင်းတိုက်နေမည့်အစား စစ်အုပ်စုဆီ သေနတ်ပြောင်းဝလှည့်ကြရန် အထက်ပါအဖွဲ့အစည်းက တောင်းဆိုထားသည်။ လက်ရှိတွင် KNU တပ်မဟာ ၄ ၏ KNLA […]

ထားဝယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းနေ

diz_admin

February 23, 2023

ထားဝယ်သီဟိုဠ်ဈေးကွက်တွင် ယခုနှစ်ရာသီအဖွင့်ဈေးမှာ ယခင်နှစ်ထက် ထက်ဝက်ခန့် စျေးပိုပေးဝယ်ယူနေရသည်ဟု ထားဝယ်မြို့ပေါ်ရှိသီဟိုဠ်စေ့လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှသိရသည်။ ယခင်နှစ်ဖေဖော်ဝါရီလရာသီအစတွင် သီဟိုဠ်စေ့ တစ်ပိဿာကို ကျပ် နှစ်ထောင့်ငါးရာဝန်းကျင်ကစပြီး ဈေးဖွင့်ဝယ်ရာမှ ယခုနှစ်ဖေဖော်ဝါရီ ပထမပတ်တွင် တစ်ပိဿာ ကျပ်လေးထောင်ကနေ ဖေဖော်ဝါရီ တတိယပတ်တွင် တစ်ပိဿာကျပ်ငါးထောင်နီးပါး ဈေးပေး၍ ဝယ်ယူနေကြသည်ဟု ‌ထားဝယ်မြိုမှ သီဟိုဠ်စေ့ လုပ်ငန်းလုပ်သူတစ်ဦးကပြောသည်။ “ပစ္စည်းကနည်းတယ် ဝယ်လိုအားကများတော့ ဈေးကွက်သဘောရဒီလိုပါပဲ”ဟု ၎င်းကပြောသည်။ ထားဝယ်ခရိုင်တွင်ယခင်နှစ်က ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တွင် အချိန်ခါမဟုတ်မိုးရွာခြင်းနှင့် နှင်းခါးထိခြင်းကြောင့် သီဟိုဠ် ဝတ်ဆံပျက်စီးခဲ့ပြီး အထွက်နည်းသော်လည်း ယခုနှစ်မှာမူ ယခင်နှစ်ထက် အထွက်ပိုများကြောင်း လောင်းလုံးမြို့နယ်ရှိ သီဟိုဠ်ခြံပိုင်ရှင်တစ်ဦးကပြောသည်။ “ဒီနှစ်ကရာသီမှန်တယ် မနစ်ကထက်အသီးများတယ်”ဟု ၎င်းကပြောသည်။ သီဟိုဠ်အထွက်များသော်လည်း ဈေးကွက်ထဲသို့ ပုံမှန်ဝင်ရောက်လာခြင်း မရှိသေးကြောင်း အထက်ပါလုပ်ငန်းရှင်များက ပြောသည်။ “အထွက်များတဲ့ ဒေသတွေမှာက တိုက်ပွဲတွေဖြစ်နေတယ်လေ […]