ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်း ဝိုင်ဒင်းရွာတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်

diz_admin

February 22, 2023

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းရွာအနီး ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံရနောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း ရနောင်းပြန်ကြားရေးစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ ဝိုင်ဒင်းရွာအနီးတွင် ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ညဘက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝိုင်ဒင်းရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်သံများကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီနယ်စပ်တွင်ပင် ကြားနေခဲ့ရပြီး တစ်ချို့နေရာများတွင် အထင်းသား မြင်တွေ့နေခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိပါဝင်နေသော ဒေသခံ […]

KNU နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံး

diz_admin

February 22, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသဖြင့် ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ကော်သူးလေတပ်မတော် (တနင်္သာရီတိုင်း) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၂၀ ရက်တို့တွင် KNU တပ်မဟာ ၄ ၏ KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သားသုံးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကော်သူးလေ KTLA တပ်ရင်း ၁ က ထောင်းမာ့ဖြူကျေးရွာလမ်းအတိုင်းသွားနေချိန် အသင့်စောင့်ဆိုင်းနေသည့် KNLA တပ်က တိုက်ခိုက်သဖြင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် KNLA ရဲဘော်တစ်ဦးကို […]

ပုလောတွင် CDM ကျောင်းဆရာမ ၁၇ဦးနှင့် အရပ်သားအချို့ ဖမ်းဆီးခံရဟုဆို

diz_admin

February 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ကျောင်းဆရာမများနှင့် အရပ်သားအချို့ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့ရပ်ကွက်အသီးသီးတွင် နေထိုင်သည့် ကျောင်းဆရာမ ၁၇ ဦးဝန်းကျင်နှင့် အရပ်သားလေးဦးခန့်ကိုစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများက ပြောသည်။ “ည ၁ နာရီ၊ ၂ နာရီလောက်က ကားတွေနဲ့လာပြီး ဖမ်းသွားကြတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများမှာ ပုလောမြို့နယ်ရှိ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းအသီးသီးတွင် ယခင်က တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး လက်ရှိတွင် CDM ပြုလုပ်ထားကြသည့် ဆရာမ အများဆုံး ပါဝင်ကြောင်း မြို့ခံတို့က ဆိုသည်။ “ဆရာမတွေအပြင် အရပ်သားတွေရောပါတယ်။ အားလုံး နှစ်ဆယ်လောက်ရှိတယ်” ဟု […]

ထိုင်းတွင် နေစရာ စားစရာ မရှိသဖြင့် သတ်သေသည်ဟုယူဆရသည့် မြန်မာတစ်ဦးအလောင်းတွေ့

diz_admin

February 22, 2023

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ဘန်လေ့ဒေသရှိ ရေသွယ်တန်းထားသော မြောင်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ထိုင်းအမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ဘန်လေ့ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် ကိုသန်းရွှေအမည်ရှိသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်ကြောင်း အနီးတွင် တွေ့ရသော မှတ်ပုံတင် အထောက်အထားအရ သိရသည်။ ကိုသန်းရွှေသည် မြောင်းအတွင်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်း၏ အိတ် အတွင်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နှင့် ထိုင်းဘာသာဖြင့် ရေးသားသော စာတစ်စောင်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။ ထိုင်းဘာသာဖြင့် ရေးသားထားသောစာအရ မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကနဦး […]

မြိတ်တွင် ရော်ဘာခြံထဲ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းတွေ့

diz_admin

February 22, 2023

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက်က အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။ ရွှေဒူးနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် အမျိုးသမီးတစ်‌ဦး သေဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က လာရောက်စစ်ဆေးခဲ့ကြောင်း ရွှေဒူးရွာနေသူအချို့က ပြောသည်။ “ကော်ပတ်ခြံ (ရော်ဘာခြံ) ထဲမှာ မိန်းမတစ်ယောက်သေနေတာပဲကြားရတယ်။ ဘာကြောင့်သေနေလဲဆိုတာ မသိဘူး။ (ရွှေဒူး) ရွာသားတော့ မဟုတ်ဘူး” ဟု ရွှေဒူးရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသမီးသည် ဝဲဘက်နဖူးစောင်း ပေါက်ပြဲဒဏ်ရာနှစ်ချက်နှင့် ဦးခေါင်း အလယ်တည့်တည့်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး ရွှေပေးရွာသူဖြစ်ကာ ဆိုင်ကယ် တက္ကစီမောင်းသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

FOEIM အွန်လိုင်းကျောင်းက ကျောင်းသားများ၏ အချက်အလက်ပေါက်ကြား

diz_admin

February 22, 2023

မြေပြင်တွင် ကျောင်းမတက်နိုင်သူများကို အွန်လိုင်းစနစ်ဖြင့်ပို့ချနေသည့် FOEIM (Free Online Educational Institution Myanmar) ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသားများ၏ စာရင်းပေါက်ကြားလျက်ရှိသည်။ လုံခြုံရေး ကျိုးပေါက်ကာ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်၏ အချက်အလက်များ ဖေဖော်ဝါရီလ ၂၁ ရက်တွင် အွန်လိုင်းပေါ်သို့ ပေါက်ကြားလာခြင်းဖြစ်သည်။ ပေါက်ကြားလာသည့်အချက်အလက်များတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်နှင့် အီးမေလ်းလိပ်စာများ ပါဝင်သည်။ အဆိုပါကျောင်းတွင် မြန်မာတစ်နိုင်ငံလုံးက သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ သောင်းနှင့်ချီတက်ရောက်နေခြင်းဖြစ်သည်။ “Join ထားတဲ့ သင်ကြားရေး Group တွေထဲက ထွက်ထားရတယ်။ သူများတွေလည်း ထွက်နေကြတယ်။ ကလေးတွေအန္တရာယ်ဖြစ်မှာစိုးလို့” ဟု တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ FOEIM ကျောင်းဘက်ကမူ ပေါက်ကြားနေသည့် ကျောင်းသူ၊ […]

သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန်

diz_admin

February 21, 2023

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းခရီးတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက မီဒီယာများတွင် ပြောဆိုထားသည်။ သီဟတင်စိုး ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုးသည် ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီဆုတို့ကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။ ၎င်းသည် တော်လှန်ရေးဇာတ်ကားများဖြင့် နာမည်ကျော်ကြားခဲ့သည့် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုး၏ဇနီး အကယ်ဒမီဇင်မာဦးမှာလည်း ၂၀၂၁ ခုနှစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပုလော ကဒဲရွာတွင် မီးရှို့ခံရသည့် လူနေအိမ် ၁၆၀ ကျော်အထိရှိလာ

diz_admin

February 21, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် မီးရှို့ဖျက်ဆီးခံရသဖြင့် လူနေအိမ်ထက်ဝက်နီးပါး ပျက်စီးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) နှင့် ဒေသခံအချို့ထံမှ သိရသည်။ ကဒဲရွာတွင် နေအိမ်လေးရာခန့်ရှိသည့်အနက် ၁၆၅ လုံး မီးရှို့ခံခဲ့ရကြောင်း တပ်ရင်း (၁) ၏ ပြန်ကြားရေးဌာနမှ သိရသည်။ ယင်းစာရင်းမှာ တပ်ရင်း (၁) က ယခုရက်ပိုင်းအတွင်း မြေပြင်သို့ ကွင်းဆင်းကောက်ယူထားသည့် စာရင်းဖြစ်သည်ဟု ဆိုသည်။ ကဒဲကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နေအိမ်များ မီးရှို့ခံရကာ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရွာမှာက […]