ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဓာတ်မြေဩဇာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်လာ၍ တောင်သူများအခက်တွေ့

diz_admin

February 20, 2023

ဓာတ်မြေဩစာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိရောက်ရှိလာသဖြင့် ဝယ်ယူအသုံးပြုရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ တောင်သူများကဆိုသည်။ လတ်တလောတွင် ထားဝယ်ဒေသရှိ လယ်သမားများ အများဆုံးသုံးပြုလေ့ရှိကြသည့် သုံးမျိုးစပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ မြင်းတံဆိပ်တစ်အိတ်လျှင် ၁၁၀၅၀၀ ကျပ်၊ မြှားကမ္ဘာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ဈေးပေါက်နေကြောင်း ထားဝယ်မြို့ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။ အာဏာမသိမ်းခင်ကမူ မြှားကမ္ဘာတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဝန်းကျင်သာပေးရပြီး သုံးမျိုးစပ်တစ်အိတ်လျှင်လည်း ၄၀၀၀၀ ကျပ်ဝန်းကျင်သာ ဝယ်ယူရကြောင်း လယ်သမားအချို့ကဆိုသည်။ “ဓာတ်‌ေမြသြဇာ‌‌ဈေးက တစ်ခါမှမကြားဖူးတဲ့ ဈေးဖြစ်နေတော့ ဝယ်ထားရမလား။ မဝယ်ရဘူးလား တွေဝေနေရတယ်” ဟု လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဒေါ်အင်ကြူကဆိုသည်။ ထားဝယ်ဒေသတွင် မိုးဦးမကျမီ လယ်ယာလုပ်ငန်းအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာကို ကြိုတင်ဝယ်ယူ စုဆောင်းထားလေ့ရှိသည်။ လယ်လုပ်ချိန်နီးကပ်လာပါက ဓာတ်မြေဩဇာဈေး ထပ်တက်လာနိုင်ကြောင်း […]

မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်

diz_admin

February 20, 2023

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းအချိန်တွင် စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၁ လကျော်အကြာတွင် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဖွင့်လှစ်ခဲ့သည့် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ […]

ကော့သောင်းတွင် ကျေးရွာသုံးရွာကို ထိန်းချုပ်ထားပြီဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကြေညာ

diz_admin

February 19, 2023

ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာသုံးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိန်းချုပ်စိုးမိုးထားပြီ ဖြစ်ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက ယနေ့ ကြေညာသည်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာကျေးရွာတို့ကို ကော့သောင်းတပ်ရင်း (၁) ၊ KNU နှင့် ကော်သူးလေတပ်မတော်ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ယင်းကျေးရွာတို့အား မည်သည့်အချိန်က စတင်ထိန်းချုပ်ထားသည်ကိုမူ ထည့်သွင်းရေးသားထားခြင်း မရှိပေ။ ယင်းကျေးရွာများတွင် မိဘပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။ ထိန်းချုပ်လိုက်သည့် အဆိုပါကျေးရွာသုံးရွာသည် ထိုင်း-မြန်မာနယ်စပ်တွင်ရှိပြီး ရှမ်းကိုးရွာအထက်ဖက် ရွာဟွေ့လူရွာနှင့် နမ်မတွန်ကျေးရွာအနီးတွင်ရှိသည့် ကျေးရွာများဖြစ်ကြသည်။ “နမ်မတွန်ဖက်မှာ အရင်က စစ်တပ်စခန်းငယ်တစ်ခု ရှိတယ်။ အခုတော့ ရှိမရှိ မသိရတော့ဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါရွာသားများသည် ရော်ဘာနှင့် ကော်ဖီခြံကို […]

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်း အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ အသင်းနည်းပြက စီရော်နယ်ဒိုကို ကျေးဇူးတင်စကားဆို

diz_admin

February 19, 2023

ဆော်ဒီအာရေဗျ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အသင်းသမိုင်းကြောင်းတလျှောက် အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာတွင် ရှိနေသော အယ်လ်ယာမာမာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အဆိုပါပွဲစဉ်ကို အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ကစားကာ ချန်ပီယံဆုကို ဆွတ်ခူးရယူသွားခဲ့ခြင်းဖြစ်သည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် စုစုပေါင်းရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးချန်ပီယံဆုကို အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုအတွက် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းနှင့် ပြင်းပြင်းထန်ထန် အားပြိုင်ခဲ့ရခြင်းဖြစ်သည်။ ရာသီသိမ်းချိန်တွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းကို ရမှတ် ၁ မှတ် အသာစီးယူကာ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအောင်မြင်မှုအတွက် […]

တနင်္သာရီနှင့် ပုလောတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

diz_admin

February 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်သားနှစ်ဦး ကျဆုံးသွားကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကျဆုံးသူမှာ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ အသက် ၃၃နှစ်အရွယ် ရဲဘော် မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကျဆုံးခဲ့သည့် ရဲဘော်သည် အသက် ၃၃ နှစ်အရွယ်ရှိပြီး ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ဒီနေ့ပဲ တကူရွာမှာ သင်္ဂြိုဟ်လိုက်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကပြောသည်။ ယင်းအပြင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) […]

ပုလော၊ နန်းတောင်ရွာတွင် တိုက်ပွဲဖြစ်နေ

diz_admin

February 19, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာတွင် ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေနဲ့ ထုနေတာ အချက်ပေါင်း မနည်းတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအခြေအနေကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ “မနေ့က နန်းတောင်ဖက်ကို စစ်ကြောင်းထိုးတယ်။ ရွာကလူတွေကိုလည်း ပေါ်တာအဖြစ်ခေါ်သွားကြတယ်။ အခုတော့ ပြန်လွတ်လာပါပြီ” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ နန်းတောင်ကျေးရွာတွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပြီး စစ်ကောင်စီတပ်က နန်းတောင်အပါအဝင် အနီးအနားရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်သဖြင့် ရွာသားအများစုမှာ တိမ်းရှောင်နေကြရသည်။ ပြီးခဲ့သည့် ငါးလခန့်ကာလအတွင်း […]

မုဒုံ ကန်ကြီးရေကန်တွင် သားအဖနှစ်ဦး ရေနစ်သေဆုံး

diz_admin

February 18, 2023

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်ကြီးရေကန်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီကျော်က သားအဖနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မုဒုံမြို့ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်တွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ သားအဖနှစ်ဦးသည် ကန်ကြီးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါသားအဖနှစ်ဦးကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ “ရေနစ်နေတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို ၅ နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မုဒုံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းများကို မုဒုံမြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် […]

ကဒဲရွာတွင် နေအိမ် ၆ဝခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးပျောက်နေ

diz_admin

February 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် နေအိမ်ခြောက်ဆယ်ခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ကဒဲကျေးရွာသို့ ဖေဖော်ဝါရီလ ၁၅ ရက် ညတွင် စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နေအိမ်များစတင်မီးရှို့ခံရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်အထိ မီးလောင်ကျွမ်းနေခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ကားတွေ၊ ဆိုင်ကယ်တွေ အကုန်မီးရှို့ခံရတယ်။ ဒီနေ့အထိ မီးကတငွေ့ငွေ့လောင်နေတုန်း။ဘုန်းကြီး နှစ်ပါးနဲ့ ကဒဲကကောင်လေး တစ်ယောက်နဲ့ ကြဲ (ရွာ) က တစ်ယောက် ပျောက်နေတယ်” ဟု ကဒဲရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်များ မီးရှို့ခံရသည့်အထဲ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း […]