တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
February 18, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ၁၈ ရက်နေ့အထိ အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးရပ်ပြီး ပိုကျယ်ပြန့်သည့်ပြည်တွင်းစစ်ပုံစံသစ်သို့ ဦးတည်သွားပြီ မြန်မာနိုင်ငံတွင် အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားသည့်အပြင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်သို့ ဦးတည်နေပြီဟု စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပြောသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST) ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ဖော်ပြခြင်းဖြစ်သည်။ အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် အထွေထွေအကျပ်အတည်းများ နှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။ […]


