ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် ကျေးရွာများသို့ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့် ပိတ်ပင်ခံရ

diz_admin

February 27, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများသို့ စက်သုံးဆီ သယ်ယူရောင်းချခွင့် မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ်အား စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို ကန့်သတ် ပိတ်ပင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ပိတ်ပင်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယခင်က ပုလောမြို့ပေါ်ရှိ ဆီဆိုင်များတွင် ဆီပုံးများဖြင့် သွားရောက်ဝယ်ယူကာ ကျေးရွာများသို့ ပုန်းရှိုးကွယ်ဝှက်ကာ သယ်ယူရောင်းချကြကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ကား၊ ဆိုင်ကယ် ဆီဖြည့်ခြင်းမဟုတ်ဘဲ ဆီပုံးဖြင့် လာရောက်ဝယ်ယူသူများအား ရောင်းချခြင်း မပြုလုပ်ရန် စစ်ကောင်စီဘက်က ပုလောမြို့ပေါ်က ဆီဆိုင်များကို ကန့်သတ်လာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “ဓါတ်ဆီ၊ ဒီဇယ် ရွာကိုသယ်ခွင့် မပေးတော့ဘူး။ ပုလောမြို့ကိုသွားပြီး ကားဆိုလည်းကား၊ ဆိုင်ကယ်ဆိုလည်း […]

တနင်္သာရီမြို့တွင် ညအချိန် နေအိမ်များကိုဝင်ရောက်ဖမ်းဆီး၊ အရပ်သား ၁၀ကျော်အဖမ်းခံရ

diz_admin

February 27, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် ညအချိန် နေအိမ်များကို ဝင်ရောက်ဖမ်းဆီးသဖြင့် အရပ်သားဆယ်ဦးကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၆ရက် ည ၉ နာရီဝန်းကျင်တွင် တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နှင့် လယ်တောင်ယာကျေးရွာတို့တွင် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် ဖုန်းများကိုလည်း ဖွင့်စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ဘာကိစ္စနဲ့ ဖမ်းတာလဲတော့ မသိဘူး။ အခုရဲစခန်းမှာ စစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများတွင် လူငယ်များသာမက အသက်ကြီးပိုင်းများလည်း ပါဝင်နေပြီး ယနေ့ညနေပိုင်းအထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးသည် တနင်္သာရီမြို့တွင် […]

သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်အနီးတိုက်ပွဲဖြစ်

diz_admin

February 27, 2023

သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာ သိမ်ကုန်းရေတံခွန်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ သိမ်ကုန်းရေတံခွန်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “နှစ်ဖက်ထိခိုက်မှု အခြေအနေတော့ မသိဘူး။ မကြားရသေးဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မြေပြင်သတင်းပေးပို့ချက် မရောက်သေးသဖြင့် တိုက်ပွဲတွင် နှစ်ဖက်ထိ‌ခိုက်မှု ရှိမရှိအခြေအနေကို မသိရသေးကြောင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင် ပြောဆိုသည်။ သိမ်ကုန်းကျေးရွာ ရေတံခွန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလေ့ရှိသည်ဟုဆိုကာ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိကြောင်း ဒေသခံအချို့က […]

လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးထု သပိတ်ပြုလုပ်Dawes Watch၊ ဖေဖော်ဝါရီ ၂၆

diz_admin

February 26, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေသခံအမျိုးသမီးများနှင့် လူငယ်အများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ နှင်းဆီရောင်အမျိုးသမီးထု သပိတ်လှုပ်ရှားမှု ယနေ့ ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ -ddmsc

ခမောက်ငယ်ရွာ ရာအိမ်မှူးလင်မယားကို ကော့သောင်း PDF က ရှင်းလင်းဟုဆို

diz_admin

February 26, 2023

ကော့သောင်းခရိုင်၊ ခမောက်ငယ်ရွာ၊ ရွာသစ်ရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်သူ ဦးလင်းထွန်းအောင်(ခ)လင်းလင်းနှင့် ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် နေအိမ်သို့သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းတို့ဇနီးမောင်နှံသည် ပြည်သူ့ကာကွယ်ရေးတပ်၏ တည်နေရာစခန်းများအား စစ်ကောင်စီသို့ လမ်းပြ သတင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါသဖြင့် ရေရှည်တွင် ကာကွယ်ရေးအဖွဲ့ ရဲဘော်များနှင့် ပြည်သူတို့၏ လုံခြုံရေးထိခိုက်လာနိုင်သဖြင့် ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီ၏ သတင်းပေး၊ဒလန်၊ ထောက်တိုင်များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် လက်နက်ကိုင်များကိုလည်း စစ်ရေးအရှိန်မြှင့် ရှင်းလင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ရှမ်းကိုးရွာအပိုင် အောင်ချမ်းသာ ကျေးရွာအုပ်စုသို့၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့အထိ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများကို EU ထပ်မံအရေးယူ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများအပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်းခုနစ်ခုတို့ကို ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထပ်မံဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ မြန်မာစစ်ကောင်စီတွင် ပါဝင်ဆက်နွှယ်သူများကို ခြောက်ကြိမ်မြောက်အဖြစ် ဥရောပသမဂ္ဂက အရေးယူခြင်း ဖြစ်သည်။ အရေးယူခံရရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် […]

လောင်းလုံးတွင် အစ်ကိုဖြစ်သူ ပုဆိန်ဖြင့်ခုတ်၍ ညီဖြစ်သူသေဆုံး

diz_admin

February 25, 2023

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ပြီး အစ်ကိုဖြစ်သူက ပုဆိန်ဖြင့်ခုတ်ရာ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ သာယာကုန်ရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်နိုင်ဆိုသူဖြစ်ပြီး ကျောက်ပုံရွာတွင် နေထိုင် သည့် အစ်ကိုဖြစ်သူ ဦးဝင်းစိုးထံသို့ ဖေဖော်ဝါရီလ ၂၂ ရက် ညနေက ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် တစ်ညလုံး သောက်စားပြီး ဖေဖော်ဝါရီလ ၂၃ ရက် နံနက်စောစောတွင် ညီအစ်ကိုနှစ်ဦး စကားများရန် ဖြစ်ကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးသက်နိုင်သည် အစ်ကိုဖြစ်သူ ထောင်ကလွတ်လာသည့်အတွက် အလည်လာခြင်းဖြစ်သည်ဟု ၎င်းရောက်လာသည့် ညနေပိုင်းက ပြောဆိုခဲ့ကြောင်း […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

diz_admin

February 25, 2023

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် ဖေဖော်ဝါရီလ ၂၄ ရက်က ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကားတစ်စီးလုံးကို တာလပတ်ပိုင်းဖြင့်ဖုံးထားသော ဆယ်ဘီးတပ် ကုန်တင်ကားတစ်စီးသည် နံနက် ၂နာရီခန့်တွင် စစ်ဆေးရေးဂိတ်ကို ရှောင်ကာ ရွာအတွင်းမောင်းနှင်လာခဲ့ပြီးနောက် အချိန်ကြာကြာ ရပ်တန့်ထားခဲ့ကြောင်း ရေးသားထားသည်။ မသင်္ကာသဖြင့် ရွာသားတစ်ဦးက ရွာလူကြီးကို တိုင်ကြားခဲ့သဖြင့် လာရောက်စစ်ဆေးရာ ကား၏ အနောက်ဘက်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အုပ်စုလိုက် တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမားနှင့် အကူတစ်ဦးတို့ကိုပါ ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။ […]