ကော့သောင်း၊ ရှမ်းကိုးရွာအနီး စစ်ကောင်စီကား တိုက်ခိုက်ခံရ
diz_admin
March 2, 2023ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာနေသည့် ကော့သောင်းမြို့နယ်ရှိ ရှမ်းကိုးရွာအနီးတွင် စစ်ကောင်စီကား နှစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။ ခမောက်ကြီးမြို့မှ စစ်ကူလာသည့် အင်အား ၃၀ ပါကား ၂ စီးကို ရှမ်းကိုးရွာတစ်ရွာဖြစ်သည့် ဖော့သုတ်ရွာ မီးသင်္ဂြိုလ်စက်အနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တားဆီးတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိတစ်ဦး အပါအဝင် တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် တပ်သားများသည် စကခ ၂၀ လက်အောက်ခံ အမြှောက်တပ် ၅၈၄ မှ ဖြစ်ကာ ဝိုင်ဒင်းရွာဖက်သို့ စစ်ကူလာသည့် ကားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက်နှင့် ဖေဖော်ဝါရီ […]


