ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သီဟိုစေ့အခွံခြစ်ခ ဈေးပိုရသော်လည်း တွက်ခြေမကိုက်ဟုဆို

diz_admin

March 3, 2023

ထားဝယ်တွင် ယခုနှစ် သီဟိုစေ့အခွံခြစ်ခ ယခင်နှစ်ထက်ဈေးပိုရသော်လည်း ကုန်ဈေးနှုန်းဈေးကြီးမြင့်သဖြင့် တွက်ခြေမကိုက်ကြောင်း ထားဝယ်မြို့ရှိ သီဟိုစေ့ အခွံခြစ်သည့် အလုပ်သမားအချို့ထံမှ သိရသည်။ ထားဝယ်တွင် ယခင်နှစ်က သီဟိုစေ့အခွံခြစ်ခ တစ်ကီလိုလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိရရှိပြီး ယခုနှစ် သီဟိုရာသီတွင် တစ်ကီလိုလျှင် ၆၀၀ ကျပ်မှ ၆၅၀ ကျပ်အထိ ရရှိကြောင်း ၎င်းတို့က ပြောသည်။ လုပ်ငန်းရှင်များဘက်က ဈေးတိုးပေးထားသော်လည်း ကုန်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် တွက်ခြေ မကိုက်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့မှ သီဟိုစေ့ အခွံခြစ်အလုပ်သမားတစ်ဦးက ဆိုသည်။ “တစ်ကီလို တစ်ထောင်ပေးမှ ကိုက်မယ်။ ဆန်ဈေး၊ ဆီဈေး မီးဖိုချောင် အသုံးစရိတ် အစစအရာရာတက်တယ်။ မနှစ်က ပိုက်ဆံနှစ်သောင်းလောက်ဆို ဆန်တစ်အိတ်ရတယ်။ အခုက လေးသောင်းလောက်မှ ဆန်တစ်အိတ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်တွင် […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများတိမ်းရှောင်နေရ

diz_admin

March 3, 2023

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ မတ်လ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကျောက်ဝပ်ကျေးရွာအဝင်ဝ သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံတွေကြားတာနဲ့ ရွာထဲမနေ‌ရဲတော့လို့ ဘုန်းကြီးကျောင်းထဲသွားနေတဲ့သူနဲ့ တောထဲပြေးတဲ့သူပြေးနဲ့ ဖြစ်နေကြတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်၊ ‌ကျောက်နီမော်ရွာခံ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း တိတိကျကျမသိရသေးပေ။ “(မတ် ၃) ဒီမနက် ကြားရတာကတော့ (စစ်ကောင်စီဘက်က) သေတဲ့သူတွေရဲ့ အလောင်းတွေ လာသယ်သွားပြီလို့ ကြားရလို့ စိတ်ထဲနည်းနည်းတော့ အေးနေတယ်” […]

KNU နှင့် ကော်သူးလေတို့ ညှိနှိုင်းအဖြေရှာရန် တနင်္သာရီတိုင်းရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များတောင်းဆို

diz_admin

March 3, 2023

စစ်ရေးတင်းမာနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် KTLA တို့ ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးကြရန် တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များက တောင်းဆိုလိုက်သည်။ တိုင်းအတွင်းရှိ မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ ၁၀ ဖွဲ့က မတ်လ ၂ ရက်နေ့တွင် စုပေါင်းသဘောထားထုတ်ပြန်ပြီး တောင်းဆိုခြင်းဖြစ်သည်။ လက်ရှိတွင် KNU နှင့် ကော်သူးလေတပ်မတော်တို့အကြား ပဋိပက္ခများနှင့် ပတ်သက်ပြီး တိုင်းအတွင်းနေ ကရင်ပြည်သူများအပါအဝင် စစ်အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူတစ်ရပ်လုံးကလည်း စိုးရိမ်ပူပန် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါလက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခမှာ ကရင်လူမျိုးအချင်းချင်းကြားသာ ဖြစ်နေသည့် ပြဿနာမဟုတ်ဘဲ စစ်အာဏာရှင်တော်လှန်ရေးနှင့် ဒေသအတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် ညှိနှိုင်းအဖြေရှာကြရန် တောင်းဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးဦးဆောင်အဖွဲ့များ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဟိဏ်းထက်က ဆိုသည်။ “စစ်ရေးအရ ဖြေရှင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီးတော့ […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၅ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

diz_admin

March 3, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၅ဦးကို မတ်လ ၂ရက် ညပိုင်းတွင် ဖမ်းမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ ည ၁၁ နာရီခန့်တွင် အနက်ရောင်ကားတစ်စီးသည် ချွန်ဖော်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းစဉ် ရပ်တန့် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါကားသည် ချွန်ဖော်ခရိုင် ပါထိဝူဒေသရှိ လမ်းဘေးတစ်နေရာတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ် တွင် လိုက်ပါလာသော မြန်မာအလုပ်သမား အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၃ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ကားသမားမှာမူ ထွက်ပြေးသွားသည်ဟု ဆိုသည်။ မြန်မာအလုပ်သမားများတွင် ခရီးသွားအထောက်အထားတစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော […]

ထားဝယ် ပေါက်တိုင်းရွာက ရပ်မိရပ်ဖသုံးဦး အဖမ်းခံရ

diz_admin

March 3, 2023

ထားဝယ်မြို့အထွက်ဝရှိ ပေါက်တိုင်းရွာက အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသူများမှာ ဦးတင်စိုး၊ ဦးသက်ရှိန်နှင့် ဦးခင်မောင်ကျော်တို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အရပ်ဝတ်နဲ့ Vigo သုံးစီးရောက်လာပြီး ရွာထဲက အိမ်သုံးအိမ်ကို ဝင်စီးပြီးရှာတယ်။ ပြီးတော့ အဲဒီအိမ်တွေက လူကြီး သုံးယောက်ကို ခေါ်သွားပြီး ဖုန်းနဲ့ ပိုက်ဆံတွေလည်းယူသွားတယ်” ဟု ပေါက်တိုင်းရွာသားတဦးက ပြောသည်။ ဖမ်းဆီးခံရသူတို့မှာ အေးအေးဆေးဆေးနေတတ်သည့် ရပ်မိ၊ ရပ်ဖများဖြစ်ကြပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်းအမျိုးသား သုံးဦး အဖမ်းမခံရမီ မတ်လ ၁ ရက် ည ၉ နာရီခန့်ကမူ ပေါက်တိုင်းရွာတွင် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ပြီးနောက် […]

သေနတ်ဖြင့်ခြိမ်းခြောက် အဓမ္မခိုင်းခံနေရသော မြန်မာလုပ်သား ၁၄ဦးကို ကယ်တင်

diz_admin

March 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဘန့်ကောင်ရွာ ကြံစိုက်ခင်းတွင် လုပ်ခလစာမရဘဲ အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးကို မတ်လ ၁ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။ ထိုင်းအာဏာပိုင်များနှင့် HRDF အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဆိုပါအဖွဲ့က ယနေ့ မတ်လ ၂ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများကို အလုပ်ရှင်က သေနတ်ဖြင့် ခြိမ်းခြောက်အဓမ္မခိုင်းစေပြီး လုပ်ခလစာပေးချေမှု မရှိသည့် အပြင် အထောက်အထားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ အလုပ်သမားများကို နားရက်မပေးဘဲ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ကာ အလုပ်စေခိုင်းနေခြင်းဖြစ်ပြီး ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုများလည်း ရှိကြောင်း HRDF ထံမှ သိရသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ […]

လောင်းလုံးတွင် သစ်ပင်ခုတ်လှဲသည့် အမျိုးသား သစ်ကိုင်းရိုက်မိပြီးသေဆုံး

diz_admin

March 2, 2023

လောင်းလုံးမြို့နယ် သဲပုံရွာတွင် မတ်လ ၁ ရက် နေ့လည်ပိုင်းက သစ်ပင်ခုတ်လှဲသည့် အမျိုးသားတစ်ဦး သစ်ကိုင်းဖြင့် မတော်တဆ ရိုက်မိပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး မင်းရပ်ရွာသားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်ဆောက်လုပ်ရာတွင် သစ်အဖြစ်အသုံးပြုရန် ဒေသခံတစ်ဦးက အခကြေးငွေပေး၍ အဆိုပါအမျိုးသားအား သစ်ပင်ခုတ်လှဲခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သစ်ပင်ခုတ်လှဲရာတွင် ဦးခေါင်းနောက်စေ့ကို သစ်ကိုင်းရိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သစ်ပင်က အောက်ခြေပြတ်နေပြီ။ နွယ်ပင်ပေါ်တင်နေလို့ အောက်ကိုကျအောင်လုပ်ရာကနေ မတော်တဆ ဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ဒဏ်ရာဖြင့် မေ့မြောနေသည့် အဆိုပါအမျိုးသားအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက်အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား နေအိမ်သို့ပြန်လည်သယ်ဆောင်လာပြီး […]

ကားတိမ်းမှောက်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

diz_admin

March 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ယနေ့ နံနက်ပိုင်းက ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာလုပ်သားများ လိုက်ပါလာသော ယင်းကားမှာ ယနေ့ မတ်လ ၂ရက် နံနက် ၄ နာရီခန့်က စိုင်ယွတ်-ကန်ချနဘူရီအမြန်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ SUV ကားသည် အရှိန်ဖြင့် မောင်းနှင်လာစဉ်တွင် ကားတာယာများ ပေါက်ကွဲခဲ့သဖြင့် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင်ရေးသားထားသည်။ ကား၏ အရှေ့ဘီးနှင့် အနောက်ဘီးများ ပြုတ်ထွက်နေကာ ပြတင်းပေါက်မှန်များလည်း ကွဲနေခဲ့သည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွေ့ရှိရသည်ဟု ဆိုသည်။ ကားအတွင်း၌ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ပိတ်မိကာ သေဆုံးနေကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအလုပ်သမား အမျိုးသားသုံးဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ကိုးဦး […]