ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

March 5, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၅ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (မတ် ၅)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုသပိတ်ကို အာဏာသိမ်းပြီး ချိန်မှစတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး လူထုသပိတ်တစ်ခုလည်း ဖြစ်သည်။ ဓာတ်ပုံ – DMSCD

ထားဝယ်နှင့် မြိတ်တွင် မီးသွေးဈေး နှစ်ဆခုန်တက်

diz_admin

March 5, 2023

ထားဝယ်နှင့် မြိတ်တို့တွင် မီးသွေးဈေး နှစ်ဆခုန်တက်သွားကြောင်း မီးသွေးရောင်းဝယ်နေသူများနှင့် အိမ်ထောင်ရှင်မများထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် အရည်အသွေးကောင်းသည့် ဒေသအခေါ် ပျူးမီးသွေးမှာ ပြီးခဲ့သည့် အောက်တိုဘာလအထိ တစ်အိတ်လျှင် ကျပ် ၃၈၀ဝမှ ၄၀၀၀ ခန့်သာ ဈေးပေးရသော်လည်း ယခုကာလတွင် ကျပ် ၇၅၀ဝမှ ၈၀၀၀ ခန့်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အရည်အသွေးညံ့သည့် ရိုးရိုးမီးသွေး တစ်အိတ်လျှင် ယခင်က ၃၅၀၀ ကျပ်ခန့်သာရှိသော်လည်း ယခု ဖေဖော်ဝါရီလကုန်အထိ ၅၅၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။ ပျူးမီးသွေးအပေါ့သားနှင့် အခြားမီးသွေးရောနှောထားသည့် (အရည်အသွေး အလတ်စား) အိတ်အပြည့်ပါ မီးသွေး တစ်အိတ်လျှင်မူ ယခင်က ကျပ် ၄၀၀၀ ခန့်သာရှိသော်လည်း ယခု ၆၅၀၀ ကျပ်ခန့်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။ […]

လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်ခတ်ခံရ၊ ပွန်းပဲ့ဒဏ်ရာသာ ရရှိဟုဆို

diz_admin

March 5, 2023

လောင်းလုံးမြို့ပေါ် တွင် ယနေ့ (မတ် ၅) မနက်ပိုင်းက (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းသိန်း ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့မနက် ကိုးနာရီကျော်ကျော်ခန့်က ဦးမင်းသိန်းမှာ ဆိုင်ကယ်ဖြင့်အိမ်ပြန်လာစဉ် လမ်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ “ပစ်သံက ကြားရတာ လေးငါးရှစ်ချက်လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းသိန်းတွင် ပွန်းပဲ့ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု သိရပြီး အချို့‌မျက်မြင်တွေ့ရှိသူများကမူ ဦးမင်းသိန်းကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောသည်။ ၎င်းမှာ NLD အစိုးရလက်ထက်တွင် လောင်းလုံးမြို့နယ် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးမင်းသိန်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား ရပ်တန့်ရန် သတိပေးသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီလ ၇ ရက်နေ့က လက်နက်ကိုင်တစ်စုက ၎င်း၏ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့ဖူးသည်။ သို့သော် ဦးမင်းသိန်းမှာ လက်နက်ကိုင်ဆောင်ကာ […]

ကော့သောင်းတွင် တောမီးထပ်လောင်

diz_admin

March 5, 2023

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံအပေါ်ဘက် တောင်ရိုးတစ်လျှောက်တွင် မတ်လ ၄ ရက် ည ၆နာရီခန့်က တောမီးလောင်ကျွမ်းကြောင်း ကော့သောင်းဒေသခံတို့မှ သိရသည်။ အဆိုပါတောမီးသည် လေးနာရီဆက်တိုက် မီးလောင်ကျွမ်းခဲ့ပြီး ည ၁ဝနာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ‌တောမီးအား ‌ရပ်ကွက်နေသူတို့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ‌မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းအား မသိရသေးကြောင်း အေးရိပ်ငြိမ်ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “တောင်ပေါ်ဆိုတော့ မီးငြိမ်းလို့ မလွယ်ဘူး။ ကားတက်လို့ မရဘူး” ဟု အေးရိပ်ငြိမ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က ၁၁၉၉ တောင်ကုန်းပေါ်တွင် လေးရက်ဆက်တိုက် တောမီးလောင်ကျွမ်း ခဲ့သေးသည်။ ၁၁၉၉ တောင်ကုန်းပေါ်အား မီးသတ်ယာဉ်များ တက်ရန်မလွယ်ကူးခြင်း၊ ရေသယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများစွာကြုံရသဖြင့် […]

ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး

diz_admin

March 5, 2023

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပါကလပ် (ထိုင်းဘက်ခြမ်းက ရွာ) မှာရှိတဲ့ စစ်ဘေးရှောင်တွေကို စကစ (စစ်ကောင်စီ) တပ်က သွားခေါ်ပြီးနောက် သိပ်မကြာဘူး ချက်ချင်းဝင်ချတယ်ကြားတယ်။ အဝေးက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ပြီးမှ ဝင်တိုက်တာလို့ သိရတယ်။ အလစ်အငိုက်မိသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးရှိသည့်အနက် ကျန်ခြောက်ဦးမှာ လွတ်မြောက်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် […]

ရေးမြို့နယ်တွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လု၊ အမျိုးသမီးငယ်တစ်ဦးကျည်ထိမှန်

diz_admin

March 4, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ လုယက်မှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လမိုင်းမြို့၊ သောင်ပြင်ကျေးရွာ ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခြင်းဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦး ဆိုင်ကယ်စီးနေစဉ် အနောက်က အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ လုယူထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ဆိုင်ကယ်အနောက်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးငယ် ဝမ်းဗိုက်ကျည်ထိမှန်သွားသဖြင့် သောင်ပြင် လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက် ကြောင်း ဒေသခံတို့က ဆိုသည်။ “အမျိုးသမီးငယ်က ဝမ်းဗိုက်မှာ သေနတ်ထိသွားတယ်။ ဒဏ်ရာက စိုးရိမ်ရတဲ့အနေအထားပါ” ဟု သောင်ပြင်ရွာခံတစ်ဦးက ပြောဆိုသည်။ လုယက်ခံရသည့် လူငယ်နှစ်ဦးသည် […]

သရက်ချောင်း သိမ်ကုန်းရေတံခွန်အနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

March 4, 2023

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ဝဲရစ်ရွာကြား သိမ်ကုန်းရေတံခွန်အနီးတွင် မတ်လ ၃ရက်က စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ နံနက်ပိုင်းတွင် ထားဝယ်ဖက်မှ မြိတ်ဖက်သို့လာသည့် စစ်ကောင်စီတပ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရန်ပြင်ထားစဉ် ဝင်းဝနယ်မြေ ရဲစခန်းမှ စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်ကားတို့ ရှေ့ပြေးလုံခြုံရေးလာယူသဖြင့် ယင်းအဖွဲ့ကိုသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ယင်းနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။ “မနေ့က မစ်ရှင်လုပ်တာက စစ်ကောင်စီယာဉ်တန်းကိုစောင့်ပြီး လုပ်ဖို့ပဲ။ သူတို့ထွက်လာတယ်ဆိုတော့ သူတို့ကိုပဲ လုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ညနေပိုင်းတွင်မူ သိမ်ကုန်းနှင့် မင်းဒပ်ရွာကြားတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေတော့ ပစ်နေကြတယ်ဆို အသံကြားတယ်” ဟု […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှု ယခုသီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာတွင် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံ ၁၅ဦးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ယင်းနောက် မတ်လ ၂ရက်တွင် တာတိုင်ရွာသား ရုပ်အလောင်း ၁၅ လောင်းကို မြင်းမူမြို့နယ် ညောင်ရင်းရွာ အနီးဝန်းကျင်က ကျွန်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တာတိုင်နှင့် ညောင်ရင်းတို့မှာ မူးမြစ်ခြားထားသည်။ ညောင်ရင်းရွာသားအမျိုးသားတစ်ဦး၏ အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး တာတိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသေးသဖြင့် […]