ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဝန်ထမ်းများလိုက်ပါလာသည့်ကား ကလိန်အောင်မြို့အနီးတွင် ပစ်ခတ်ခံရ

diz_admin

March 6, 2023

ကလိန်အောင်မြို့ရှိ ဆောက်လုပ်ရေးရုံးများမှ ဝန်ထမ်းများလိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် ၅ ဦးခန့်အနည်းဆုံး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကဆိုသည်။ ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် မတ်လ ၅ ရက်  ညနေ ၆ နာရီကျော်က အမျိုးသား၊အမျိုးသမီး ဝန်ထမ်း ၁၅ ဦးခန့် လိုက်ပါလာသည့် အဖြူရောင်ထရပ်ကား ပစ်ခတ်ခံရခြင်းဖြစ်သည်။ ယင်းဝန်ထမ်းများသည် ရေဖြူမြို့ပေါ် ဘောလုံးပြိုင်ပွဲတစ်ခုမှ ပြန်လာစဉ် ကျောက်ရှပ်ရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ရပ်ခိုင်းသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဒဏ်ရာရသူများမှာ ကလိန်အောင်မြို့ မရမ်းချောင်းရွာမှ ၂ ဦး ၊ ကလိန်အောင်မြို့‌ပေါ်မှ ၁ ဦးနှင့်  ကျောက်ရှပ်ရွာမှ ၂ ဦး စုစုပေါင်း ၅ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာခဲ့သဖြင့် ကလိန်အောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ‌ဒေသခံများကပြောသည်။ […]

ကဒဲရွာကွမ်းသီးခြံ မီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ဆုံးရှုံး

diz_admin

March 6, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာရှိ ကွမ်းသီးခြံမီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့် ဆုံးရှုံးသွားကြောင်း ကွမ်းခြံပိုင်ရှင်နှင့် နီးစပ်သူများထံမှသိရသည်။ ယနေ့(မတ် ၆)နံနက် ၁၀ နာရီခန့်က ကဒဲရွာအပြင် တံတားကြီးအောက် ကွမ်းသီးခြံအတွင်းရှိ တဲနှစ်လုံးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှို့ခဲ့ရာ ကွမ်းခြံကို မီးကူးစက်သွားပြီး ဆုံးရှုံးခဲ့ရသည်ဟု ၎င်းတို့ကပြောဆိုသည်။ “တဲကိုဝင်ရှို့တာ ခြံပါမီးလောင်သွားတယ်။ သီးနေတဲ့ကွမ်းပင်အပါအဝင် အားလုံး ငါးဧကလောက် မီးလောင်ဆုံးရှုံးသွားတယ်”ဟု ကဒဲရွာမှတခြားတစ်နေရာသို့ လတ်တလော စစ်ရှောင်နေရသည့် ကွမ်းခြံပိုင်ရှင်နှင့်ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။ ယင်းအပြင် တဲအတွင်းရှိ အိမ်သုံးပစ္စည်းများအပါအဝင် ရေစုပ်စက် ၂ လုံးနှင့် လယ်ထွန်စက် ၁ လုံးလည်း မီးလောင် ပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။ လွန်ခဲ့သည် နှစ်လဝန်းကျင်ကလည်း စစ်ကောင်စီတပ်များ ရောက်လာသည့်အတွက် တောအတွင်း ပုန်းအောင်းခဲ့ပြီး ပြန်လာချိန်တွင် ဆိုလာပြား၊ဘထ္ထရီအိုး၊အဝတ်အစားအချို့နှင့် စားနပ်ရိက္ခာများ ပျောက်ဆုံးခဲ့ရသည်ဟု ၎င်းကပြောပြသည်။ ပြီးခဲ့သည့်လက ကဒဲရွာကို စစ်ကောင်စီတပ်အင်အားအလုံးအရင်းနှင့် […]

ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အဘွားအိုတစ်ဦးသေဆုံး

diz_admin

March 6, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီအမြှောက်တပ် ၃၁၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်နက်ကြီးကျည်သည် အောင်သာယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဒေါ်ထို့မူးဆိုသည့် အဘွား၏ ဝမ်းဗိုက်တွင် ကျည်စထိမှန်ကြောင်း ဒေသခံတို့က ပြောသည်။ အဘွားအိုကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်မြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “အမြှောက်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးက လူနေအိမ်ပေါ်မှာ ကျကွဲတယ်။ အဲဒီမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးကတော့ […]

လောင်းလုံး ရှင်မော်လမ်းပိုင်း သွားလာခွင့် ပိတ်ထားသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံ

diz_admin

March 6, 2023

စစ်ကောင်စီက ထားဝယ်-လောင်းလုံး-ရှင်မော် ကားလမ်းမကြီးကို လူအုပ်စုဖြင့် ဖြတ်သန်းခွင့်ပိတ်လိုက်၍ စစ်ဘေးရှောင်မည့်သူများ အခက်အခဲ ကြုံနေကြရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ထားဝယ်- လောင်းလုံး- ရှင်မော်လမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်နီမော်ကျေးရွာအဝင်တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသည်တစ်ဦးကပြောသည်။ ကျောက်နီမော်ကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်သည်။ မတ်လ ၂ ရက်မှစပြီး ကျောက်နီမော်ကျေးရွာအောက်ဘက်ရှိ အောက်ကျောက်ဝပ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူများရှိခဲ့ကြောင်း သိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်ကျောက်ဝပ်ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ အပြင်းအထန် ဒဏ်ရာရရှိသူ၏ နောက်ဆက်တွဲအခြေအနေကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပေ။ ယင်းအပြင် နေအိမ်ငါးဆောင်ကိုလည်း စစ်ကောင်စီ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ […]

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်မှု လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

diz_admin

March 6, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မတ်လ ၅ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုကြောင့် လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။ ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်နေသော ဒုက္ခသည်စခန်းအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးအကြီးအကျယ်လောင်မှုကြောင့် လူနေအိမ် ၂၀၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးကြောင်း ရေးသားထားသည်။ ထို့ကြောင့် စခန်းထဲက လူပေါင်း ၁၂၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြသည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးမှုတန်ဖိုးများ၊ လူသေဆုံးမှု ရှိမရှိအခြေအနေများကို လတ်တလော မသိရှိရသေးကြောင်း စခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားထားသည်။ ဝါးနှင့် တာလပတ်အမိုးများဖြင့် ဆောက်လုပ်ထားသည့် စခန်းရှိ အိမ်များကို မီးက အလျင်အမြန်ကူးစက်သွားသည်ကို တွေ့ရှိရကြောင်း […]

သဘော့ဆိပ်ရွာထဲ လက်နက်ကြီးကျ ၊ဒေသခံများထွက်ပြေး

diz_admin

March 6, 2023

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာအနီး ယနေ့ ‌(မတ် ၆) နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သဘော့ဆိပ်ရွာ၏‌အရှေ့ဘက်တောင်ကြောနှင့် ပင်လယ်ဘက်မှ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်မတို့အိမ်ခေါင်းပေါ် လာကျတယ်။ အခု ရွာသားတော်တော်များများ ထွက်ပြေးကုန်ကြပြီ”ဟု ၎င်းကပြောသည်။ ယနေ့ မနက်စောစောပိုင်းက ကရင်ကြီးရွာတွင် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က ကုန်းရေ နှစ်ဖက်ညှပ်၍ လက်နက်ကြီးဖြင့် ပစ်ကူပေးနေခြင်းဖြစ်ပြီး အဆိုပါလက်နက်ကျည်ဆန်များ ကျေးရွာအနီး ကျရောက်ပေါက်ကွဲနေသည့်အတွက်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြခြင်းဖြစ်သည်။ “ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရောပဲ ထွက်ပြေးကုန်ကြပြီ”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုအခြေနေကို မသိရသေးပေ။

ပုလောမြို့အနီး ရွာနှစ်ရွာတွင်တိုက်ပွဲဖြစ်၊ အခြားရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦးပစ်သတ်ခံရ

diz_admin

March 5, 2023

မြိတ်ခရိုင် ပုလောမြို့အနီး ကျေးရွာနှစ်ရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ထပ်ကျေးရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့အနီးရှိ ပုလောကုန်းရွာနှင့် နန်းပရုပ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ နံနက် ၆ နာရီခွဲခန့်က နန်းပရုပ်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ “နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ မြင်ရသူတွေပြန်ပြောတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုလောကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ပုလောကုန်းရွာက ပျူစောထီးခေါင်းဆောင် ဦးကုလားနီ သေဆုံးသည်ဟု သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်နေချိန် […]

စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

diz_admin

March 5, 2023

Dawei Watch၊ မတ် ၅ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ယနေ့ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန် ရည်ရွယ်၍ “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာနှင့် ပြုလုပ်ခဲ့ကြသည် ဓာတ်ပုံ – DDMSC