အောက်ကျောက်ဝပ်တွင် ပစ်ခတ်ခံရသဖြင့် လူငါးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရ
diz_admin
March 4, 2023လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် ပစ်ခတ်ခံရသဖြင့် အမျိုးသား ငါးဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းအပြင် နေအိမ်ငါးလုံး၊ ကားတစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူများမှာ အသက် ၄၀ ကျော်အရွယ် ဦးနော်အေး၊ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်သော ကိုကရင်၊ ကိုတင်ဌေး၊ ကိုမောင်သန်းဝင်း၊ အသက် ၁၈ နှစ်အရွယ် မောင်လှအောင်တို့ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကိုသံရိုးဆိုသူမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ဆေးကုသနေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒဏ်ရာရထားတဲ့သူလည်း အခြေအနေမကောင်းဘူး” ဟု ၎င်းဒေသခံက ယနေ့ မွန်းလွဲ ၂ နာရီကျော်က ပြောသည်။ ယင်းအပြင် ကိုမျိုးနှင့် မစန္ဒာတို့၏ နေအိမ်၊ ကိုဇော်နှင့် မမိုးမိုးအေးတို့၏ […]


