ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးခံထားရသည့် လက္ကူးရွာသားအားလုံးပြန်လွတ်

diz_admin

March 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ရွာသားအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက်က စစ်ကောင်စီတပ်များ လက္ကူးရွာသို့ ရောက်ရှိလာပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ကို ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးခဲ့သော်လည်း ယင်းနေ့ ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “မှတ်ပုံတင် အိမ်ထောင်စုတွေကို အဓိကစစ်တယ်။ ပြီးတော့အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်များသည် လက္ကူးရွာအနောက်ဖက် နတ်အိမ်တန်းဘက်မှ လယ်ကွင်းများဖြတ်၍ ရောက်ရှိလာခဲ့ပြီး မနေ့ညနေက ပြန်လည်ထွက်ခွါသွားသည်ဟု ဒေသခံနောက်တစ်ဦးကဆိုသည်။ “နယ်မြေရှင်းလင်းရေးလာလုပ်တဲ့ သဘောမျိုးပဲ။ ထိတွေ့တိုက်ပွဲဖြစ်တာတော့ မကြားရဘူး” ၎င်းကပြောသည်။ လက္ကူးရွာသည် အိမ်ခြေ ၈၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်ပြီး ယမန်နှစ်က ယင်းရွာအုပ်ချုပ်ရေးမှူးအပါအဝင် အနီးအနားရွာများမှ ရာအိမ်မှူးအချို့နင့် […]

သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်

diz_admin

February 28, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်ခရိုင်လူထုသပိတ် လှုပ်ရှားမှုအတွင်း အစောဆုံးကျဆုံးသွားခဲ့ကြ‌သည့် ပြည်သူ့ဒီမိုကရေစီသူရဲကောင်း(၄)ဦးအား အောက်မေ့ဂုဏ်ပြုသော အခမ်းအနားကို လောင်းလုံးမြို့နယ်ရှိ အခြေခံပညာအထက်တန်း‌ကျောင်း၌ ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်/တော်လှန်ရေးတပ်ဦးအလံတော်အား အလေးပြုခြင်း၊ ‌ပြည်သူ့ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်း၊ ၂၈ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အခြေအနေအား ပြောကြားခြင်းနှင့် တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြပြီး ဒေသခံကျောင်းသား လူငယ် အမျိုးသမီးများနှင့် အလုပ်သမား လယ်သမား နှစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်လူထုသပိတ်မှ ကိုဗညား(အသက်-၃၉ နှစ်)၊ ကို‌ဖေသန်း(၃၈ နှစ်)၊ ဂျွန်မာခမ်(၃၆ နှစ်)နှင့် ကို‌လွင်လွင်ဦး(၃၄ နှစ်)တို့ ရဲဘော်(၄)ဦးအပါအဝင် နိုင်ငံတဝှမ်း သပိတ်လှုပ်ရှားမှုအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း […]

ကော့သောင်းတွင် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ကဝင်တိုက်

diz_admin

February 28, 2023

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ယနေ့ညနေတွင် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဝိုင်းဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလဲစစ်ကြောင်းနှင့်  ကော်သူးလေပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝိုင်ဒင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း အင်အား ၁၇၀ ခန့်ရှိစစ်ကောင်စီတပ်နှင့် ကော်သူးလေပူးပေါင်းတပ်တို့ သုံးနာရီအကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင် စစ်ကောင်စီတပ်သား ၅၀ […]

ပြစ်ဒဏ်ကျခံရပြီးသည့် မြန်မာများထံမှ ထိုင်းရဲငွေညှစ်

diz_admin

February 28, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လဝကထိန်းသိမ်းရေးစခန်းရှိ လွတ်ရက်စေ့ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ပို့မည့် နယ်စပ်စခန်းသို့ သွားခွင့်ရလိုလျှင် တစ်ဦးစီ ဘတ် ၇၀၀၀ ကျော် ပေးရမည်ဟု ထိုင်းရဲများက တောင်းခံနေကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) အဖွဲ့ထံမှ သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၅၀ကျော်မှာ ချွန်ဖော်ခရိုင် လဝက ထိန်းသိမ်းရေး စခန်းတွင် ရှိနေသည်မှာ နှစ်လကျော်ကြာနေပြီဖြစ်ကြောင်း ဆိုသည်။ အဆိုပါကိစ္စများကို ဖေဖော်ဝါရီလ ၂၆ရက်တွင် ချွန်ဖော်စခန်းရှိ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများနှင့် သွားရောက် တွေ့ဆုံစဉ်တွင် ထိန်းသိမ်းခံမြန်မာများက ပြောကြားခြင်းဖြစ်ကြောင်း SAFWA အဖွဲ့မှ ကိုသားကျော်က ဆိုသည်။ SAFWA သည် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမားများအရေး ဆောင်ရွက် နေကာ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးရာတွင်ပါဝင်ကူညီပေး […]

လောင်းလုံးတွင် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး မထိုပေး၊ ထားဝယ်တွင် လာရောက်ထိုးနှံနိုင်ဟုဆို

diz_admin

February 28, 2023

လောင်းလုံးမြို့နယ်ဆေးရုံတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း မရှိတော့ကြောင်း ကျန်းမာရေးဌာနနှင့် ကိုယ်တိုင်ကာကွယ်ဆေးသွားထိုးသူအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအခက်အခဲကြောင့် ပုံမှန်ကုသရေး လုပ်ငန်းအချို့ ကုသပေးခြင်းရပ်နားထားသော်လည်း ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမူ လတိုင်း ထိုးနှံပေးလျှက်ရှိသည်။ ယခုနှစ် ယခုဖေဖော်ဝါရီလတွင်မူ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကိုပင် ရပ်နားလိုက်ခြင်းဖြစ်သည်။ “ကာကွယ်ဆေးထိုးအဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လို့ နားလိုက်ရတယ်ဆိုပြီး ပြောလိုက်တယ်။ ကိုယ့်ဘာသာ အဆင်ပြေတဲ့နေရာ ရှာပြီးပဲထိုးလိုက်ပါဆိုပြီး (ဆေးရုံ ကျန်းမာရေးဝန်ထမ်းက) ပြောလိုက်တယ်။ အဲဒါကြောင့် ဆေးမထိုးဘဲပြန်လာရတာ” ဟု ဖေဖော်ဝါရီလထဲ ကာကွယ်ဆေးသွားထိုး‌သည့် မိခင်တစ်ဦးက ဆိုသည်။ ယခင်က ကာကွယ်ဆေးထိုး‌နှံပေးနေသည့် ကျန်းမာရေးဝန်ထမ်း ၇ ‌ဦးခန့် ရှိသော်လည်း ဖေဖော်ဝါရီလအတွင်း အဆိုပါကျန်းမာရေးဝန်ထမ်းများ မတွေ့ရတော့ကြောင်း အခြားမိခင်တစ်ဦးက ပြောဆိုသည်။ “ဆရာမတွေ (ဖေဖော်ဝါရီလထဲ) CDM ဝင်သွားတယ်လို့တော့ ပြောတယ်။ […]

ပုလော လက္ကူးရွာသို့ စစ်ကြောင်းဝင်ရောက်၊ ရွာသား ၃၀ကျော် ဖမ်းဆီးခံထားရ

diz_admin

February 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ရွာသား ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်က လက္ကူးရွာအတွင်းသို့ စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ရွာသားအချို့ကို ဖမ်းဆီးခြင်းများပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ရွာသားများ ထွက်ပြေးနေကြရပြီး လက်ရှိတွင် ရွာသား ၃၀ ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းတို့က ဆိုသည်။   “လူတွေကို လိုက်ဆွဲတယ်ကြားတော့ တစ်ရွာလုံးဝိုင်းပြေးကြတာ။ ဖမ်းမိတဲ့သူတွေလည်း ရှိတယ်။ (အဖမ်းခံရတဲ့အထဲ) အမျိုးသားရော အမျိုးသမီးရောပါတယ်။ အခု လက္ကူးဘုန်းကြီးကျောင်းမှာ ဖမ်းထားတာ ၃၀ ကျော်ရှိတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ […]

ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မက်ဆီ ၇ ကြိမ်မြောက် ဆွတ်ခူးပြီး စံချိန်သစ်တင်

diz_admin

February 28, 2023

အာဂျင်တီးနားနှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီ သည် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားဆု The Best ဆုကို ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက်တွင် ၇ ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိရသည်။ မက်ဆီသည် ပီအက်စ်ဂျီအသင်းဖော် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘတ်ပေကို ကျော်ဖြတ်ကာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသိမ်းပိုက်သွားခဲ့ခြင်းဖြစ်ပြီး မက်ဆီ၏ပြိုင်ဘက် စီရော်နယ်ဒိုမှာ ယခုနှစ် ဖီဖာတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းပင် မဝင်နိုင်တော့သည်ကို မြင်တွေ့ကြရသည်။ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုများကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြုလုပ်သည့်နှစ်များတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ စွမ်းဆောင်ရည်ကောင်းများ ထုတ်ဖော်ပြသနိုင်သောအသင်းကို ကိုယ်စားပြုခွင့်ရသော ကစားသမားများက ဆွတ်ခူးလေ့ရှိသော အစဉ်အလာမှာ ယခုနှစ်တွင်လည်း ဆက်လက် မှန်ကန်ခဲ့ပြီး ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ရရှိသကဲ့သို့ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီ၊ ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို အာဂျင်တီးနားနှင့် အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်တို့က အသီးသီး ဆွတ်ခူးသွားနိုင်ခဲ့သည်။ ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို […]

ထားဝယ်တက္ကသိုလ်တွင် ၂နှစ်စာပေါင်းဘွဲ့ပေး၊ ဘွဲ့ယူသူ ရာဂဏန်းသာရှိ

diz_admin

February 28, 2023

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် ၂နှစ်အတွက် လေးကြိမ်ကို တစ်ကြိမ်တည်းဖြင့် ပေါင်းပေးသော်လည်း ဘွဲ့ယူသူ ကျောင်းသားဦးရေမှာ ရာဂဏန်းသာရှိကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၉၊ ၂၀၂၂ ခုနှစ်တို့က ဖြေ‌ဆိုအောင်မြင်ထားသူ နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့ကို ပေါင်းပြီး ထားဝယ် တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ဘွဲ့အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ပုံမှန်နှစ်ဆိုပါက ပညာသင်နှစ် တစ်နှစ်ကို တစ်ကြိမ်စီဘွဲ့အပ်နှင်းခြင်းဖြစ်ရာ နေ့သင်တန်းအတွက် ၂ နှစ်စာ နှစ်ကြိမ်၊ အဝေးသင်အတွက်နှစ်ကြိမ် စုစုပေါင်းလေးကြိမ် ဘွဲ့အပ်နှင်းရမည် ဖြစ်သည်။ ပုံမှန်နှစ်ဆိုလျှင် နေ့သင်တန်းအတွက် ဘွဲ့ယူကျောင်းသားဦးရေမှာ တစ်နှစ်လျှင် ၁၀၀၀ ဦး မှ ၁၅၀၀ ဦးအထိ၊ အဝေးသင်ဆိုပါက ၂၀၀၀ ဦး မှ ၃၀၀၀ ဦးအထိ ယူရှိလေ့ရှိကြောင်း တက္ကသိုလ်က […]