ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ခန္တီကျေးရွာအုပ်စုတွင်တိုက်ပွဲဖြစ်ပြီး နေအိမ်တစ်လုံးမီးရှို့ခံရ

diz_admin

March 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုတွင် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ရေတပ်သင်္ဘောဖြင့် ခန္တီရွာသို့ ဝင်ရောက်လာပြီးနောက် မတ်လ ၇ရက်ညတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်ဆုတ်ပေးလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကျေးရွာအုပ်စုရှိ ကုလားမခေါင်းရွာက နေအိမ် တစ်လုံး မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “မီးရှို့ခံရတဲ့အိမ်က (ဒေသခံ) နောင်အုန်းမောင်ရဲ့အိမ်ပါ။ ဘာကြောင့် အရှို့ခံရတယ် သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု ရှိမရှိ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ခန္တီကျေးရွာအုပ်စုသည် ပလောက်မြို့နယ်ခွဲအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တည်ရှိသည်။   ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာနှင့် […]

မြန်မာလုပ်သားများကို မလေးရှားသို့ တရားမဝင်ပို့နေသော ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ

diz_admin

March 9, 2023

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ပေးနေသော ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ အသက် ၅၃နှစ်အရွယ် Che Mai ဟုခေါ်သော အဆိုပါအမျိုးသမီးကို မတ်လ ၇ရက်တွင် နွန်ထဘူရီခရိုင်ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။ Che Mai သည် စကဲ့ဝိုခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီအချိန်တွင် ကမ္ဘောဒီးယားနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ကုန်ပစ္စည်းများနှင့် ခရီးသည်များကို ပို့ဆောင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။ ကိုဗစ်ကပ်ရောဂါပြန့်ပွားလာမှုကြောင့် နယ်စပ်ဂိတ်များပိတ်သွားချိန်တွင် ကုမ္ပဏီမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ ရသဖြင့် အလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးသည့်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြောင်း ရေးသားထားသည်။ ၎င်းသည် မြန်မာအလုပ်သမားများကို […]

မြန်မာအလုပ်သမားအရေး ပိုမိုကူညီပေးကြရန် ချင်းမိုင် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် တောင်းဆို

diz_admin

March 8, 2023

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Tha Phae ဂိတ်တွင် ယနေ့(မတ် ၈) ကျင်းပပြုလုပ်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် မြန်မာအလုပ်သမားအရေး ပိုမိုကူညီဆောင်ရွက်ပေးကြရန် အလုပ်သမားအရေး လှုပ်ရှားသူများက တောင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် အမျိုးသမီးအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင်စဉ် အလုပ်ထုတ်ခံရမှုများ၊ လုပ်ငန်းခွင် ဖိနှိပ်မှုများ ယနေ့အချိန်အထိ ဆက်တိုက်ကြုံတွေ့နေရဆဲ ဖြစ်သဖြင့် အမျိုးသမီးအခွင့်အရေးများ အမျိုးသားများနည်းတူ တန်းတူရရှိရန် အဆိုပါအခမ်းအနားတွင် တောင်းဆိုကြွေးကြော်ခဲ့ကြသည်။ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ၄ နှစ်ပြည့် MOU မြန်မာအမျိုးသမီး အလုပ်သမားများကို ထိုင်းအစိုးရမှ အလုပ်လုပ်ခွင့်ဗီဇာသက်တမ်း တိုးပေးခြင်းမရှိတော့သဖြင့် အလုပ်ရှင်မှ မြန်မာအလုပ်သမားများကို အလုပ်ထွက်ခိုင်းခြင်းများလည်း ကြုံတွေ့နေရကြောင်း ယင်းအခမ်းအနားတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။ အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီးများတွင် တစ်ချို့မှာ စစ်ကိုင်း၊ ပဲခူး စသော ဒေသများမှ လာရောက်ကြရာ […]

သထုံတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံး

diz_admin

March 8, 2023

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ယနေ့(မတ် ၈) နံနက် ၇ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ “ရွာထဲကို လက်နက်နဲ့ ပစ်တာ၊ […]

တနင်္သာရီတွင် ကော်သူးလေပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

diz_admin

March 8, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တားပလပ်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားကြောင်း   ကော်သူးလေတပ်မတော်နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။ မတ်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေဖြူရွာမှတားပလပ်ရွာသို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီနီးပါးကြာမြင့်ခဲ့သည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ ဗွီဒီယိုရုပ်သံဖြင့် ထုတ်ပြန်ပြောဆိုထားသည်။ မြေပြင်သတင်းများအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ကို သိရှိရပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ ဆုတ်ခွါလာနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။ ခွပ်ဒေါင်းတမန်အထူးတပ်ဖွဲ့တွင် လက်နက်ခဲယမ်း မပြည့်စုံမှုကြောင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရကြောင်းလည်း ပြောဆိုထားသည်။ မနေ့ နေ့လယ်က ရေဖြူရွာနှင့်ချောင်းလမုရွာကြားတွင် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ရဲများ ခြေလျှင်စစ်ကြောင်း ထိုးနေသည်ကို တွေ့ရှိရပြီး ယာဥ်များကိုမူတားဆီးစစ်ဆေးခြင်းမျိုး မရှိကြောင်း […]

စရဖ သတင်းပေးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

March 8, 2023

တနင်္သာရီမြို့တွင် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အတွက် မြေပြင်သတင်းထောက်လှမ်းပေးနေသူဟုဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကိုအောင်ဇော်ချစ် (ခေါ်) ကုလားချေးဆိုသူကို မတ်လ ၇ ရက်က ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းနှင့်အတူ လက်လုပ်သေနတ် တစ်လက်အပါအဝင် သတင်းထောက်လှမ်းရာတွင် အသုံးပြုသည့် ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များကို သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။   သိမ်းဆည်းရမိသည့် ဖုန်းပါအချက်အလက်များအရ နောက်ဆက်တွဲ ပုဂ္ဂိုလ်များကိုပါ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါအမျိုးသားမှာ စရဖအတွက် သတင်းပေးလုပ်နေသည်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း တနင်္သာရီမြို့၊ ဆင်ခြေဖုံးကျေးရွာအုပ်စု […]

နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

March 8, 2023

Dawei Watch၊ မတ် ၈ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “ဖိုဝါဒနဲ့ စစ် ၃ စစ်…. အမြစ်ပါမကျန် တွန်းလှန်ပစ်” ဘန်နာကိုင်စွဲ၍ ယနေ့ပြုလုပ်ခဲ့ကြသည်။ Photo – DMSCD

ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံရ

diz_admin

March 8, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံနေရကြောင်း ‌ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၈ ရက် ညနေ ၄ နာရီအချိန် ဒေသခံအချို့ထံ မေးမြန်းချက်အရ မီးရှို့ခံထားရသည့် နေအိမ် အနည်းဆုံး ခုနစ်လုံး ရှိနိုင်ကြောင်း ပြောဆိုကြသည်။ မတ်လ ၆ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကရင်ကြီးရွာရှိ ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့က နေအိမ် သုံးလုံး၊ ယနေ့ မတ်လ ၈ ရက် မွန်းတည့်ပိုင်းက နေအိမ် လေးလုံး ထပ်မံမီးရှို့ခံထားရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့ကပြောသည်။ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ယနေ့ မီးရှို့ခံနေရသည့်အခြေအနေ အသေးစိတ်ကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။ “တိုက်ပွဲစဖြစ်တဲ့နေ့က (မတ် ၆) မီးရှို့ခံရတာတော့ ဘယ်သူရှို့တယ်ဆိုတာ မသိရဘူး။ ဒီနေ့ […]