တနင်္သာရီတိုင်းတွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်
diz_admin
March 11, 2023တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းသည့် မြို့နယ်များဖြစ်သော လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် အရပ်သားသေဆုံးမှု ပိုများနေသည်ကိုတွေ့ရသည်။ ယင်းမြို့နယ် ၂ ခုမှာ တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်သည့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ထက် အရပ်သားသေဆုံးမှု ပိုများနေခြင်းဖြစ်သည်။ တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းပြုစုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်သည့် အချက်အလက်အရ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှာ အရပ်သားသေဆုံးမှု အများဆုံးနှင့် ဒုတိယအများဆုံးမြို့နယ်များဖြစ်နေသည်။ တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် လောင်းလုံးမြို့နယ်သည် အာဏာသိမ်း ၂ နှစ်တာကာလအတွင်း အရပ်သားသေဆုံးသူ ၁၀၇ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၂၇ ဦး စုစုပေါင်း ၁၃၆ ဦးဖြင့် ထိပ်ဆုံးတွင်ရှိနေသည်။ လောင်းလုံးမှာ တိုက်ပွဲဖြစ်ပွားမှုမှာ ၂၃ ကြိမ်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးမြို့နယ် နံပါတ် ၆ တွင်ရှိသည်။ လောင်းလုံးမြို့နယ်၏အောက်တွင် […]


