ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်သိမ်းပြီးမီးရှို့လိုက်သည်ဟု ရေးဘီလူးအဖွဲ့ထုတ်ပြန်

diz_admin

March 10, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က မတ်လ ၁၀ ရက် နံနက်ပိုင်းက ဝင်ရောက်သိမ်းဆည်းပြီး မီးရှို့လိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြား ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၇ နာရီခန့်က ဝင်ရောက်သိမ်းဆည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါစခန်းတွင် စစ်ကောင်စီတပ်အင်အား ၁၅ ဦးခန့်ရှိပြီး ဝင်ရောက်သိမ်းဆည်းသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ခြောက်ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟုလည်း ဆိုသည်။ “ထိခိုက်သေဆုံးမှုကတော့ ငါးဦး ခြောက်ဦးလောက်ပဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။ တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သော်လည်း လက်နက်များ သိမ်းဆည်းရမိခြင်း မရှိခဲ့ကြောင်း ဆိုသည်။  ရေးဘီလူဘက်ကမူ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။ “လက်နက်ကို ကောက်ဖို့ အဆင်မပြေဘူး။ […]

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

March 10, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့(မတ် ၁၀) တွင်ပြုလုပ်ခဲ့သည်။ Photo – DDMSC

လောင်းလုံး ပညစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ၊ ဒေသခံများထွက်ပြေး

diz_admin

March 10, 2023

လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို စစ်ကောင်စီတပ်က ကုန်းနှင့် ရေ နှစ်ဘက်စလုံးတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ပညစ်ရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး ယနေ့ မတ်လ ၁ဝရက် နံနက် ၆ နာရီမှ ၉ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “ရုတ်တရက်ဝင်လာပစ်တော့ ကျွန်မတို့လည်း ဘာမှယူလို့မရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပြီး ရွာထဲပိတ်မိနေသည့် ရွာခံများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ရွာထဲတွင် မီးရှို့ခံရမှုများလည်းရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “လောလောဆယ် ရွာထဲက မီးခိုးလုံး လေးနေရာလောက်က တက်နေတာတွေ့ရတယ်” ဟု ၎င်းက […]

ကျွန်းစု ဘန္ဒနဲရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

diz_admin

March 10, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ရွာသားများထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘန္ဒနဲကျေးရွာသို့ မနေ့က သင်္ဘောငယ်နှစ်စီး၊ လှေတစ်စီးတို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် မွန်းတည့်ချိန်တွင် နှစ်ဖက်တိုက်ပွဲစဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ပြီးခဲ့သည့် မတ် ၆ ရက်နေ့က စစ်ကောင်စီသတင်းပေးဟုဆိုသူတစ်ဦး ပစ်သတ်ခံရပြီးနောက် ယနေ့တွင် စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပွဲကနည်းနည်းကြမ်းတယ်။ နှစ်ဖက်စလုံးထိခိုက်မှု ရှိတယ်လို့ကြားရတယ်။ အတိအကျတော့ မသိရသေးဘူးပါ့။ ရွာမှာတော့ လူမရှိတော့ဘူး အကုန်ပြေးကုန်ကြပြီ” ဟု ဒေသခံအမျိုးသားက ပြောဆိုသည်။ တိုက်ပွဲ တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြကြောင်း ကျွန်းစု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ၎င်းကမူ စစ်ကောင်စီဘက်ကသာ ထိခိုက်သေဆုံးမှုရှိသည်ဟုကြားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်ရှိသည်ဟု မကြားရကြောင်း ပြောဆိုသည်။ […]

လောင်းလုံး ကျောက်ဆင်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့ မတ်လ ၉ ရက် ညနေ ၅ နာရီဝန်းကျင်က ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၀ ကျော်အရွယ်ရှိ ဇနီးမောင်နှံဖြစ်သည့် ကျောက်ဆင်ရွာသား ဦးရခိုင်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်လှမူတို့ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။ အဆိုပါဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါဇနီးမောင်နှံ၏ ရုပ်အလောင်းမှာ ယနေ့ ည ၈ နာရီ ဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ကျောက်ဆင်ရွာသားအချို့မှာ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်ကြီးရွာဖြစ်စဉ်ကြောင့် […]

ပုလော သင်္ကန်းတောရွာရှိ ရော်ဘာခြံများ မီးရှို့ခံရ

diz_admin

March 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ရော်ဘာခြံများ ယနေ့ နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သင်္ကန်းတောရွာ တောင်ကြီးတောင်၏ အရှေ့ဖက် ကားလမ်းမကြီးဖက်ရှိ ရော်ဘာခြံ ယနေ့ မတ်လ ၉ ရက် နံနက်က မီးရှို့ခံရပြီး ပိုင်ရှင် ငါးဦးလုပ်ကိုင်နေသည့် ရော်ဘာပင် ၁၀ ဧကဝန်းကျင် မီးလောင်ဆုံးရှုံးကြောင်း ဒေသခံများက ပြောသည်။ သင်္ကန်းတောနှင့် အနီးအနားက ကဒဲကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံများမှာ ရွာအတွင်း မနေရဲဘဲ တိမ်းရှောင်နေကြရသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က သင်္ကန်းတောရွာ အနီးဝန်းကျင်သို့ ဝင်ရောက်ကာ PDF များကို ဝင်ရောက်ရှာဖွေလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ရှာဖွေစဉ် ရော်ဘာခြံထဲက တဲကို မီးရှို့ထားခဲ့ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း […]

ကရင်ကြီးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မီးရှို့ခံရ၊ စစ်ကြောင်းဝင်ချိန် ရွာသားအချို့ဖမ်းဆီးခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အပါအဝင် အဖွဲ့ဝင်အချို့၏နေအိမ် သုံးလုံး ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီးခေါင်းဆောင် ဦးလေးလေးဆိုသူ၏ နေအိမ်နှင့် ပျူစောထီးအဖွဲ့အား အကူအညီပေး‌လေ့ရှိသည့် နတ်ဝင်သည် မမာလာဆိုသူ၏ နေအိမ်၊ ပျူစောထီးအဖွဲ့ဝင် ကိုအာကာ၏နေအိမ် စုစုပေါင်း သုံးဆောင်ထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ ကရင်ကြီးရွာရှိ ပျူစောထီးစခန်းကို မတ်လ ၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်။ ယင်းနောက် စစ်ကောင်စီတပ် စစ်ကူလာပြီး ရေကြောင်း၊ ကုန်းကြောင်းနှစ်ဖက်ညှပ်ကာ ကရင်ကြီးကျေးရွာ အနီးအနားရှိ တောတောင်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။ မတ်လ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားကြောင်း […]

ဘန်ကောက်ရှိ ဈေးဝယ်စင်တာအပြင်တွင် မြန်မာအချင်းချင်းဓားထိုးမှု အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

March 9, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (မတ်လ ၉) နေ့လယ် ၁၂နာရီခန့်တွင် ဘန်ကောက်မြို့ ရတ်ချထေဝီဒေသ ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာတစ်ခု၏ အရှေ့ဘက်တွင် ဓားဒဏ်ရာဖြင့် လဲကျနေသော အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မဖြူမာအောင်ကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက် ရရှိထားသည့် မဖြူမာအောင်ကို ဆေးရုံမှ ဆေးအကူအဖွဲ့များက မိနစ် ၃၀ ခန့် ရှေ့ဦးပြုစုနည်း CPR ဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။ […]