ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ၅၇၀၀ကျော်ဝင်ဖြေ

diz_admin

March 8, 2023

မွန်ပြည်နယ်တွင် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၅၇၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရ သိရသည်။ ယခုတက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်း သင်ရိုးဟောင်း နောက်ဆုံးစာမေးပွဲဖြစ်ပြီး ယခင်ကျရှုံးထားသူများ မဖြေဆိုခဲ့ရသူများ ပြန်လည်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခြင်းဖြစ်သည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၂၂၀ ဦးရှိသည်ဟုဆိုသည်။ ယင်းအနက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုပြီး ၄၅၂ ဦးမှာ ပျက်ကွက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု အဆိုပါစာရင်းများအရ သိရသည်။ ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် […]

ကံပေါက်တွင် ညမထွက်ရအမိန့်အချိန်တိုးသတ်မှတ်

diz_admin

March 8, 2023

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို မတ်လ ၇ ရက်ကစပြီး အချိန်သုံးနာရီ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ည ၈နာရီမှ နံနက် ၅နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့်ကာလဖြစ်သည်ဟုဆိုကာ ညမထွက်ရအမိန့်ကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ် သည်ဟု စစ်ကောင်စီတပ်က မတ်လ ၇ ရက်တွင် ကားဖြင့် လိုက်လံကြေညာခဲ့ခြင်းကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ဆိုင်ကယ် မစီးရ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် ပွဲလမ်းသဘင်နှင့် ပျော်ပွဲရွှင်ပွဲများ မလုပ်ရ၊ စပီကာ အသံချဲ့စက်ဖွင့်ကာ ဆူညံသံ မပြုလုပ်ရ၊ လူ ၅ ဦးထက်ပိုမစုရ […]

ထိုင်းတွင် မြန်မာဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီးနောက် ကုန်ကားထပ်တိုက်ခံရပြီးသေဆုံး

diz_admin

March 8, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ညစာအတွက် ဈေးလာဝယ်သည့် မြန်မာအလုပ်သမားဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီး နောက် ၂၂ ဘီးတပ်တွဲကားကြီးက ထပ်မံဝင်တိုက်မိသဖြင့် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၇ ရက် ညနေ ၄ နာရီ ၅ဝမိနစ်ခန့်တွင် ချွန်ဘူရီခရိုင် စရီရာချာဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားဖြင့် တိုက်မိသဖြင့် ဦးခေါင်းခွံကြေမွဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသွားသော မြန်မာဇနီးမောင်နှံမှာ အသက် ၃၀ နှစ်အရွယ် ကိုမင်းညွန့်နှင့် အသက် ၃၁ နှစ်အရွယ် နန်းအုံ့စန်တို့ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ ၎င်းတို့ဇနီးမောင်နှံသည် ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဆေးသုတ်သည့် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများဖြစ်ကြပြီး အလုပ်သမားအဆောင်တွင် နေထိုင်သူများဖြစ်ကြကြောင်း ဖော်ပြသည်။ ကုန်ကားမောင်းသည့် ထိုင်းနိုင်ငံသား ကားသမားက တိမ်းရှောင်ရန် ကြိုးစားသော်လည်း မလွတ်ခဲ့ခြင်းဖြစ်သည်ဟု […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ လေးထောင်နီးပါရှိ

diz_admin

March 8, 2023

တနင်္သာရီတိုင်းတွင် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ လေးထောင်နီးပါး ရှိကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ ၄၃၀၃ ဦးရှိသည့်အနက် ယနေ့ မတ်လ ၈ ရက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၃၉၀၇ ဦး လာရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၃၉၆ ဦးရှိကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူက ပြောသည်။ ခရိုင်အလိုက်အနေဖြင့် ထားဝယ်ခရိုင်တွင် ၆၁၈ ဦး၊ မြိတ်ခရိုင်တွင် ၂၈၅၇ ဦး၊ ကော့သောင်းတွင် ၂၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၉၁ ဦး စုစုပေါင်း ၃၉၀၇ ဦးဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။ “စာစစ်ဌာနအနေနဲ့ကတော့ ၁၉ခုရှိတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ ယခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို စနစ်ဟောင်းဖြင့် စာမေးပွဲစစ်ဆေးခြင်းမှာ နောက်ဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ‌ရှင်းပြသည်။ ပြီးခဲ့သည့် […]

တနင်္သာရီတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

diz_admin

March 8, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်စခန်းနှစ်ခုနှင့် ယာဉ်တန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာရာတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ ကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၇ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဗောဓိကမ်းစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပြည်သူ့ ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းအပြင် စစ်ကောင်စီတပ်ယာဉ်တန်းအား ပြည်ထောင်စုလမ်းပိုင်းရှိ တနင်္သာရီမြို့အနီး ရမ်းဖိုရွာ၊ တမုတ်ချုံးရွာနှင့် ထုံခါရွာအနီးတို့တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ယာဉ်မောင်းအချို့ထံမှသိရသည်။ ယင်းသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဆုတ်ခွာစဉ် မွန်းလွဲ ၂နာရီခန့်တွင် တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ်က ညောင်ပင်ကွင်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အသက် ၁၉နှစ်အရွယ် ရဲဘော်ကျားကြီး […]

ရန်ကုန်သို့ အရေးပေါ်ပို့လိုသည့်လူနာများကို ထားဝယ်ခရိုင်ကြက်ခြေနီ ပို့ဆောင်ပေးမည်

diz_admin

March 7, 2023

ထားဝယ်ဒေသမှ အရေးပေါ်ဆေးကုသရန်လိုအပ်သူများ ရန်ကုန်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်လိုပါက အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။ လူနာ၏ ရောဂါအနေအထားကြောင့် ထားဝယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရန် အဆင်မပြေသူများနှင့် ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားစီးရန် အခက်အခဲရှိသူများကို ကြက်ခြေနီတပ်ဖွဲ့က အရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ထားဝယ်ခရိုင်ကြက်ခြေနီအနေဖြင့် ရန်ကုန်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ၀၉၂၆၈၀၈၀၈၁၈ နှင့် ၀၉၇၇၆၁၃၂၂၂၃ ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ လက်ရှိတွင် ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် ထည့်ဝင်ငွေအဖြစ် ငွေကျပ်ခြောက်သိန်းခွဲ သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းသို့ သတ်မှတ်ထားခြင်းမှာ ထားဝယ်-ရန်ကုန်အသွားအပြန်ခရီးအတွက် စက်သုံးဆီ ၂၄၀ လီတာခန့် ကုန်ကျခြင်း၊ ကားတာယာ၊ အင်ဂျင်ဝိုင် အစရှိသည့် အရေးပေါ်ကား […]

ကျွန်းစုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 7, 2023

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာက အမျိုးသားသုံးဦးဖမ်းဆီးခံရပြီး တစ်ဦး ပစ်သတ်ခံရကြောင်း ယင်းကျေးရွာ‌နေသူအချို့ထံမှ သိရသည်။ မြိုင်သာကျေးရွာသား အသက် ၃၀ နှစ်ကျော်အရှိ ကိုခင်ချိုဆိုသူမှာ မတ်လ ၆ရက် ည ၉ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ရွာအတွင်းက နောက်ထပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ကိုခင်ချိုမှာ ပစ်သတ်ခံရပြီး ကျန်နှစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောသည်။ “ရွာကနေခေါ်သွားပြီး ဘန္ဒနဲရွာတံတားထိပ်မှာ ပစ်သတ်ခံလိုက်ရတယ်။ ခေါ်သွားတဲ့ သုံးယောက်မှာ နှစ်‌ယောက်ပဲ ပြန်ရောက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုခင်ချိုသည် ကဏန်းချေးပုံး (ကဏန်းသေးတစ်မျိုး) လုပ်ငန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းဝယ်ရေး လုပ်ငန်း […]

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ယနေ့စဖွင့်၊ သွားလာသူနည်းပါး

diz_admin

March 7, 2023

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို နှစ်နိုင်ငံစလုံးက ယနေ့(မတ် ၇)တွင် စတင်ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ မရှိ‌သလောက် နည်းပါးနေသေးကြောင်း စုံစမ်းသိရှိရသည်။ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်လိုက်သဖြင့် နိုင်ငံကူးလက်မှတ်ရှိသူများ၊ ထိုင်းနိုင်ငံကထုတ်ပေးသည့် CI စာအုပ် ( မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ရှိသူများပါ နယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းသွားလာခွင့် ရရှိပြီဖြစ်သည်။ ၂၀၂၂ မတ်လကမူ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) အလုပ်သမားများကို ကော့သောင်း ရနောင်းနယ်စပ်မှ ဖြတ်သန်းခွင့်ပြုခဲ့သည်။ ၂၀၂၂ ဇွန်လတွင်မူ ကော့သောင်းဒေသခံများသာ ဖြတ်သန်းသွားလာခွင့်ရှိသည့် Border Pass ( ရက်တိုနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) ရှိသူများကို ဖြတ်သန်းခွင့်ပြုခဲ့သည်။ ယင်းကြောင့် မြန်မာဘက်ခြမ်းကသူများသာ ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ သွားခွင့်ရှိပြီး ထိုင်းဘက်ခြမ်းမှ မြန်မာဘက်သို့ တရားဝင် ဖြတ်သန်းခွင့်မရှိသေးခြင်းဖြစ်သည်။ ယခု ၂၀၂၃ မတ်လ ၇ ရက်တွင်မူ ပြည်တွင်းမှ နိုင်ငံကူးလက်မှတ်ရှိသူများ၊ မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံဘက်က ထုတ်ပေးထားသည့် CI စာအုပ် ကိုင်ဆောင်သူများ၊ […]