ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရန်ကုန်သို့ အရေးပေါ်ပို့လိုသည့်လူနာများကို ထားဝယ်ခရိုင်ကြက်ခြေနီ ပို့ဆောင်ပေးမည်

diz_admin

March 7, 2023

ထားဝယ်ဒေသမှ အရေးပေါ်ဆေးကုသရန်လိုအပ်သူများ ရန်ကုန်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်လိုပါက အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။ လူနာ၏ ရောဂါအနေအထားကြောင့် ထားဝယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရန် အဆင်မပြေသူများနှင့် ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားစီးရန် အခက်အခဲရှိသူများကို ကြက်ခြေနီတပ်ဖွဲ့က အရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ထားဝယ်ခရိုင်ကြက်ခြေနီအနေဖြင့် ရန်ကုန်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ၀၉၂၆၈၀၈၀၈၁၈ နှင့် ၀၉၇၇၆၁၃၂၂၂၃ ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ လက်ရှိတွင် ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် ထည့်ဝင်ငွေအဖြစ် ငွေကျပ်ခြောက်သိန်းခွဲ သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းသို့ သတ်မှတ်ထားခြင်းမှာ ထားဝယ်-ရန်ကုန်အသွားအပြန်ခရီးအတွက် စက်သုံးဆီ ၂၄၀ လီတာခန့် ကုန်ကျခြင်း၊ ကားတာယာ၊ အင်ဂျင်ဝိုင် အစရှိသည့် အရေးပေါ်ကား […]

ကျွန်းစုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 7, 2023

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာက အမျိုးသားသုံးဦးဖမ်းဆီးခံရပြီး တစ်ဦး ပစ်သတ်ခံရကြောင်း ယင်းကျေးရွာ‌နေသူအချို့ထံမှ သိရသည်။ မြိုင်သာကျေးရွာသား အသက် ၃၀ နှစ်ကျော်အရှိ ကိုခင်ချိုဆိုသူမှာ မတ်လ ၆ရက် ည ၉ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ရွာအတွင်းက နောက်ထပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ကိုခင်ချိုမှာ ပစ်သတ်ခံရပြီး ကျန်နှစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောသည်။ “ရွာကနေခေါ်သွားပြီး ဘန္ဒနဲရွာတံတားထိပ်မှာ ပစ်သတ်ခံလိုက်ရတယ်။ ခေါ်သွားတဲ့ သုံးယောက်မှာ နှစ်‌ယောက်ပဲ ပြန်ရောက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုခင်ချိုသည် ကဏန်းချေးပုံး (ကဏန်းသေးတစ်မျိုး) လုပ်ငန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းဝယ်ရေး လုပ်ငန်း […]

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ယနေ့စဖွင့်၊ သွားလာသူနည်းပါး

diz_admin

March 7, 2023

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို နှစ်နိုင်ငံစလုံးက ယနေ့(မတ် ၇)တွင် စတင်ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ မရှိ‌သလောက် နည်းပါးနေသေးကြောင်း စုံစမ်းသိရှိရသည်။ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်လိုက်သဖြင့် နိုင်ငံကူးလက်မှတ်ရှိသူများ၊ ထိုင်းနိုင်ငံကထုတ်ပေးသည့် CI စာအုပ် ( မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ရှိသူများပါ နယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းသွားလာခွင့် ရရှိပြီဖြစ်သည်။ ၂၀၂၂ မတ်လကမူ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) အလုပ်သမားများကို ကော့သောင်း ရနောင်းနယ်စပ်မှ ဖြတ်သန်းခွင့်ပြုခဲ့သည်။ ၂၀၂၂ ဇွန်လတွင်မူ ကော့သောင်းဒေသခံများသာ ဖြတ်သန်းသွားလာခွင့်ရှိသည့် Border Pass ( ရက်တိုနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) ရှိသူများကို ဖြတ်သန်းခွင့်ပြုခဲ့သည်။ ယင်းကြောင့် မြန်မာဘက်ခြမ်းကသူများသာ ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ သွားခွင့်ရှိပြီး ထိုင်းဘက်ခြမ်းမှ မြန်မာဘက်သို့ တရားဝင် ဖြတ်သန်းခွင့်မရှိသေးခြင်းဖြစ်သည်။ ယခု ၂၀၂၃ မတ်လ ၇ ရက်တွင်မူ ပြည်တွင်းမှ နိုင်ငံကူးလက်မှတ်ရှိသူများ၊ မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံဘက်က ထုတ်ပေးထားသည့် CI စာအုပ် ကိုင်ဆောင်သူများ၊ […]

ထိုင်းတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူက ကိုယ့်ကိုယ်ကိုသတ်သေ

diz_admin

March 7, 2023

ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင် ဘန့်စောင်ထုံးဒေသတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူ လာအိုနိုင်ငံသားမှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် နေထိုင်ရာအခန်းတွင်း ဆွဲကြိုးချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆုံးစီရင်ခဲ့သော အသက် ၄၈ နှစ်အရွယ် လာအိုအမျိုးသားသည် မုဒိန်းမှုနှစ်ခုအတွက် ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ရဲတပ်ဖွဲ့မှ လိုက်လံ ရှာဖွေဖမ်းဆီးနေသူဖြစ်ကြောင်း ဖော်ပြထားသည်။ ပထမအမှုမှာ မတ်လ ၅ ရက်နေ့က ဇနီးဟောင်းကို မုဒိမ်းကျင့်၍ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ လာအိုအမျိုးသားမှာ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ၏ အခန်းထဲတွင်ပုန်းနေခဲ့ပြီး ညဘက်တွင် ၎င်းနေထိုင်ရာ အခန်းအနီးရှိ အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာကလေးငယ်သည် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး […]

မြိတ်တွင် အမျိုးသားနှစ်ဦးအတူစီးနင်းလျှင် ဆိုင်ကယ် ၁၅ ရက်ကြာသိမ်းဆည်းခံရ

diz_admin

March 7, 2023

မြိတ်တွင် ယခုရက်ပိုင်းအတွင်း အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား ပြန်လည်ဖမ်းဆီး‌နေပြီး ဆိုင်ကယ်လည်း ၁၅ ရက်ကြာ သိမ်းဆည်းခံရကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချိုက ပြောသည်။ အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား စစ်ကောင်စီ၊ ပျူစောထီးတို့က အိမ်စီးမော်တော်ယာဉ်များဖြင့် ရပ်ကွက်တို့ရှိ လမ်းများအတွင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။   “ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတာ။ လိုင်စင်လည်းရှိတယ်။ သွားထုတ်တော့ ဆယ့်ငါးရက်ကြာမှ လာထုတ်လို့ ပြောလိုက်တယ်” ဟု မတ်လ ၄ ရက်က ဖမ်းဆီးခံခဲ့ရသည် ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်‌ဦးအတူစီးသည် မော်တော်ဆိုင်ကယ်တို့အား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဆက်တိုက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလတွင် ဖမ်းဆီးမှုမရှိတော့ဘဲ မတ်လအစပိုင်းမှစတင်ကာ ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “ဆိုင်ကယ်ဖမ်းမိထားတာ နှစ်ရက်ရှိပြီ။ ရက်ချိန်းပြန်ပေးလိုက်တယ်။ ‌နောက်ဆယ့်ငါရက်ကြာမှပေါ့။ ဆိုင်ကယ်လိုင်စင် […]

ဖမ်းခေါ်ခံရသည့် ဇဟာရွာသား ပစ်သတ်ခံရသည့်ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံရ

diz_admin

March 7, 2023

ထားဝယ်မြို့နယ် ဇဟာရွာသားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်ရက်အကြာတွင် ပစ်သတ်ခံထားရသည့် ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ်ရှိ ဇဟာရွာသား ဦးကျော်သိန်းဆိုသူဖြစ်သည်။ မတ်လ ၅ ရက် ညနေ ၃နာရီခန့်က ၎င်း၏ဥယျာဉ်ခြံထဲ၌ မိသားစုနှင့်အတူ အလုပ်လုပ်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက်တစ်ရက်အကြာ မတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် ရုပ်အလောင်းကို ဇာဟာရွာ ဖားအောက်တောရ အနီး အသစ်ဖောက်လုပ်ထားသည့် လမ်းမဘေးတွင် တွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက လည်ပင်းမှာနှစ်ချက်၊ ဦးခေါင်းမှာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးကျော်သိန်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ပစ်သတ်သွားသည်ကိုမူ […]

သရက်ချောင်းတွင် တိမ်းရှောင်နေရသည့် ဒေသခံများနေရပ်ပြန်

diz_admin

March 6, 2023

တိုက်ပွဲများကြောင့် မတ်လ ၃ ရက်နေ့တည်းက တိမ်းရှောင်နေရသည့် သရက်ချောင်းမြို့နယ်မှ ဒေသခံများ နေရပ်ပြန်လာကြပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ထားဝယ်မှ မြိတ်ဘက်ကိုဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ပိတိုင်ရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့် စစ်ကောင်စီယာဉ်တန်း သရက်ချောင်းဘက်ကို ဆင်းလာသည်ဆိုသည့် သတင်းများကြောင့် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ပိတိုင်ရွာ၊ ရငဲ၊ ကမြိုင်၊ သိမ်ကုန်း၊ ဝဲရစ်ကျေးရွာမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ရငဲကျေးရွာမှ‌ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံအချို့က ပြောသည်။ “ဒီနေ့ မနက်နည်းနည်း အေးပြီဆိုမှ ပြန်လာကြတာ၊ မနေ့ညတည်းကတော့ သတင်းတွေကြားပေမယ့် ဘယ်သူ့မှ မယုံကြဘူးလေ၊ ဒီနေ့ မနက်မှနဲနဲပါးပါး ပြန်လာကြပေါ့နော်၊ တချို့ဆို ပြန်ကိုမလာကြသေးဘူး” ဟုရငဲကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီယာဉ်တန်းမှာ ကားအစီးရေ […]

ကျိုက်ထိုတွင် ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦးသေဆုံး

diz_admin

March 6, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်္ဂဘိုကျေးရွာ ရှမ်းစုပိုင်းရှိ ရော်ဘာခြံတစ်ခုတွင် မတ်လ ၅ ရက် ညနေ ၄နာရီခန့်က ဦးစိုးသန်းနှင့် ခြံလုပ်သား ကိုစိုးလင်းဦးဆိုသူတို့နှစ်ဦး အလုပ်လုပ်နေစဉ် လူတစ်စုက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ရော်ဘာခြံပိုင်ရှင် အသက် ၇၄နှစ်အရွယ် ဦးစိုးသန်းနှင့် အသက် ၁၈နှစ်အရွယ် ကိုစိုးလင်းဦးတို့နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က ခြံထဲမှာရှိနေတဲ့အချိန် ဗုံးနဲ့ လာပစ်သွားတယ်။ နှစ်ယောက်စလုံးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ လုပ်တဲ့လူတွေက ဘယ်သူဘယ်ဝါဆိုတာကတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ရုပ်အလောင်းတို့ကို လူမှုကူညီရေးအသင်း […]