လောင်းလုံး အောက်ကျောက်ဝပ်ရွာအနီးသို့ စစ်ကြောင်းထပ်ထိုးနေဟုဆို
diz_admin
March 4, 2023မတ်လ ၂ ရက်က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာ အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်တွင် ထပ်မံစစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်မတို့အခုထိ ပုန်းနေရသေးတယ်” ဟု ထိတ်လန့်နေသည့်အသံဖြင့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခန့်က ပြောဆိုသည်။ အသေးစိတ် မေးမြန်းချိန်မရဘဲ ဖုန်းချသွားခဲ့သည်။ အခြားဒေသခံနှစ်ဦးထံ ဖုန်းထပ်ဆက်ကြည့်ရာတွင် စက်ပိတ်ထားကြသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ပြည်သူများ မလိုလားအပ်ဘဲ အပြင်မသွားကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ မတ်လ ၂ ရက်က အောက်ကျောက်ဝပ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ […]


