ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် အသိပညာပေးလှုပ်ရှားမှု

diz_admin

March 2, 2023

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများတွင် ယနေ့ (မတ် ၂) မနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီက လူထုစည်းရုံး အသိပညာပေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ Photo – Democracy Movement Strike Committee-Dawei

အောက်စီဂျင်ပြတ်ကာသေဆုံးသည့် မြန်မာရေလုပ်သားသုံးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရမည်

diz_admin

March 1, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပါတ်တနီခရိုင်တွင် ငါးဖမ်းလှေတွင် အောက်စီဂျင်ပြတ်ကာ သေဆုံးသွားသော မြန်မာလှေလုပ်သား သုံးဦးအတွက် နစ်နာကြေး ဘတ်နှစ်သန်းကျော်ရရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လှေဝမ်းဗိုက်အတွင်းရှိ လှောင်ထားသော ငါးများကို သယ်ထုတ်ရန် ဆင်းယူရာမှ ဓာတ်ငွေ့အဆိပ်သင့်ပြီး အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ မြန်မာရေလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၇၈၈၇၆၀ ကို မိသားစုဝင်များထံ ပေးအပ်ရန် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပါတ်တနီလူမှုဖူလုံရေးရုံး (ပကန်စခွန်) က အတည်ပြုပေးလိုက်ကြောင်း MWRN အဖွဲ့မှ ဟတ်ယိုင်တာဝန်ခံ ဦးဘရီက ပြောသည်။ ယင်းနေ့တွင် နစ်နာကြေးများကို အရစ်ကျပေးချေရန် လူမှုဖူလုံရေးရုံးက ပြောကြားခဲ့ပြီး ပထမအကြိမ်အနေဖြင့် တစ်ဦးစီအတွက် ဘတ် တစ်သိန်းခွဲခန့် […]

မော်လမြိုင်တွင် နေအိမ်မီးလောင်၊ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦးသေဆုံး

diz_admin

March 1, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာရပ်ကွက်တွင် ယနေ့ မတ်လ ၁ ရက် ညနေ ၃ နာရီဝန်းကျင်က နေအိမ် မီးလောင်ကျွမ်းပြီး ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရပ်ကွက်နေသူတို့ထံမှ သိရသည်။ အေးသာယာရပ်ကွက် ဘဲကုန်းဈေးအနောက်ဘက်ရှိ နေအိမ်တစ်အိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ် လေးလုံး လောင်ကျွမ်းပျက်စီးသွားခဲ့ပြီး အသက် လေးနှစ်ခွဲအရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ “မီးစလောင်တဲ့အိမ်ဘေးက အိမ်က လေဖြတ်ထားတဲ့ အဘိုးနဲ့ ၄ နှစ်ခွဲကလေးတစ်ဦး သေဆုံးသွားခဲ့တယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။ မီးကို မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့၊ […]

ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်

diz_admin

March 1, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး အခြားဒေသခံ နှစ်ဦးထံမှ ငွေကြေးတောင်းခံသည့်ဖြစ်စဉ်သည် သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၂၁ ရက်က ရငဲကျေးရွာသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး မူယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးစဉ် အမျိုးသားတစ်ဦးမှာ ထွက်ပြေးသဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားပြီး အခြားဒေသခံနှစ်ဦးထံမှ လည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ငွေကျပ် သိန်း ၃ဝစီ တောင်းယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်ပါဝင်သူများမှာ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ မဟုတ်ကြောင်း သရက်ချောင်း မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်က ထုတ်ပြန် ထားခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ဟု သုံးနှုန်းထားပြီး […]

ထိုင်းတောင်ပိုင်းတွင် တရားမဝင်မြန်မာအလုပ်သမားများ ထပ်မံဖမ်းဆီးခံရ

diz_admin

March 1, 2023

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများအပါအဝင် မြန်မာအလုပ်သမား ၁၁၈ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပရာကျွတ်ခီရီခန်ခရိုင် ဘန့်စဖန်းဒေသ ဖက်ကဆန်လမ်းမဘေးတွင် ရပ်တန့်ထားသော ၆ ဘီးတပ်အလုံပိတ် ကုန်တင်ကားတစ်စီး၏ အနောက်ဘက်မှ စကားပြောသံများကြားရသဖြင့် မသင်္ကာဖြစ်ရာမှ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးရာတွင် ကား၏ အနောက်ဘက် အလုံပိတ်ကွန်တိန်နာအတွင်း ရိုဟင်ဂျာများအပါအဝင် မြန်မာအလုပ်သမား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၃၁ ဦးတို့ကို တွေ့ရှိခဲ့ရပြီး ၎င်းတို့တွင် အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၁ ဦးတို့ ပါဝင်နေကြောင်း ဖော်ပြထားသည်။ အားလုံးသည် တာခ့်ခရိုင် […]

ဖမ်းဆီးခံထားရသည့် လက္ကူးရွာသားအားလုံးပြန်လွတ်

diz_admin

March 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ရွာသားအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက်က စစ်ကောင်စီတပ်များ လက္ကူးရွာသို့ ရောက်ရှိလာပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ကို ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးခဲ့သော်လည်း ယင်းနေ့ ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “မှတ်ပုံတင် အိမ်ထောင်စုတွေကို အဓိကစစ်တယ်။ ပြီးတော့အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်များသည် လက္ကူးရွာအနောက်ဖက် နတ်အိမ်တန်းဘက်မှ လယ်ကွင်းများဖြတ်၍ ရောက်ရှိလာခဲ့ပြီး မနေ့ညနေက ပြန်လည်ထွက်ခွါသွားသည်ဟု ဒေသခံနောက်တစ်ဦးကဆိုသည်။ “နယ်မြေရှင်းလင်းရေးလာလုပ်တဲ့ သဘောမျိုးပဲ။ ထိတွေ့တိုက်ပွဲဖြစ်တာတော့ မကြားရဘူး” ၎င်းကပြောသည်။ လက္ကူးရွာသည် အိမ်ခြေ ၈၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်ပြီး ယမန်နှစ်က ယင်းရွာအုပ်ချုပ်ရေးမှူးအပါအဝင် အနီးအနားရွာများမှ ရာအိမ်မှူးအချို့နင့် […]

သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်

diz_admin

February 28, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်ခရိုင်လူထုသပိတ် လှုပ်ရှားမှုအတွင်း အစောဆုံးကျဆုံးသွားခဲ့ကြ‌သည့် ပြည်သူ့ဒီမိုကရေစီသူရဲကောင်း(၄)ဦးအား အောက်မေ့ဂုဏ်ပြုသော အခမ်းအနားကို လောင်းလုံးမြို့နယ်ရှိ အခြေခံပညာအထက်တန်း‌ကျောင်း၌ ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်/တော်လှန်ရေးတပ်ဦးအလံတော်အား အလေးပြုခြင်း၊ ‌ပြည်သူ့ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်း၊ ၂၈ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အခြေအနေအား ပြောကြားခြင်းနှင့် တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြပြီး ဒေသခံကျောင်းသား လူငယ် အမျိုးသမီးများနှင့် အလုပ်သမား လယ်သမား နှစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်လူထုသပိတ်မှ ကိုဗညား(အသက်-၃၉ နှစ်)၊ ကို‌ဖေသန်း(၃၈ နှစ်)၊ ဂျွန်မာခမ်(၃၆ နှစ်)နှင့် ကို‌လွင်လွင်ဦး(၃၄ နှစ်)တို့ ရဲဘော်(၄)ဦးအပါအဝင် နိုင်ငံတဝှမ်း သပိတ်လှုပ်ရှားမှုအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း […]

ကော့သောင်းတွင် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ကဝင်တိုက်

diz_admin

February 28, 2023

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ယနေ့ညနေတွင် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဝိုင်းဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလဲစစ်ကြောင်းနှင့်  ကော်သူးလေပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝိုင်ဒင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း အင်အား ၁၇၀ ခန့်ရှိစစ်ကောင်စီတပ်နှင့် ကော်သူးလေပူးပေါင်းတပ်တို့ သုံးနာရီအကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင် စစ်ကောင်စီတပ်သား ၅၀ […]