ဗီဇာလျှောက်သူကို ပြန်ပေးဆွဲပြီး ခရစ်(ပ်)တိုငွေ ညှစ်သဖြင့်ဆိုကာ ထိုင်းလဝကအရာရှိများကို ဖမ်းဆီး
diz_admin
March 24, 2023ဗီဇာလျှောက်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် ၎င်း၏ထိုင်းလူမျိုး ဝန်ထမ်းတစ်ဦးကို ပြန်ပေးဆွဲ၊ ငွေညှစ်ခြင်းကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၆၂ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဘာသာပြန်အဖြစ် အလုပ်လုပ်နေသော အသက် ၃၈ နှစ်အရွယ် ထိုင်းအမျိုးသမီးကို ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟုဆိုကာ စွပ်စွဲခံထားရသည့် လူဝင်မှုကြီးကြပ်ရေးအရာရှိ လေးဦးအား အဆိုပါနေ့တွင်း ဝရမ်းဖြင့် ဖမ်းဆီးလိုက်သည့် သတင်းနှင့် အတူ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် သတင်းခေါင်းကြီးပိုင်းတွင် ထပ်မံပါဝင်လာပြန်ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်၊ မတ်လ ၁၀ ရက်နေ့တွင် ဗီဇာသက်တမ်းတိုးခြင်းကို ချန်ဝထနာရှိ အစိုးရရုံးများ အဆောက်အအုံတွင်း လူဝင်မှုကြီးကြပ်ရေးရုံးမှ ထူးဆန်းစွာ ပယ်ချခဲ့ဟုဆိုသည်။ အဆိုပါ တရုတ်နိုင်ငံသားနှင့်ဝန်ထမ်းသည် တည်းခိုရာသို့ ပြန်ရောက်ပြီး မကြာမီ အမျိုးသားများ စီးနင်းလိုက်ပါလာသည့် […]


