စစ်ဆေးရေးဂိတ်ကပစ်ခတ်သောကြောင့် ကျွန်းစု PDF ရဲဘော်ဟောင်းနှင့် ညီဖြစ်သူသေဆုံး
diz_admin
March 25, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ စစ်ကောင်စီဂိတ်က ပစ်ခတ်မှုကြောင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဟောင်း လူငယ်တစ်ဦးနှင့် ညီဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ညီအစ်ကိုနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးလာစဉ် ယနေ့ မတ်လ ၂၅ ရက် နံနက်က ကမ္မလိုင်းရွာ စစ်ကောင်စီဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ပြီး နောက်က လိုက်ပါစီးနင်းသည့် အစ်ကိုဖြစ်သူ အသက် ၁၈နှစ်အရွယ် ကိုအလင်းရောင်ဆိုသူမှာ ယင်းနေရာတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဆိုင်ကယ်မောင်းသည့် ညီဖြစ်သူမှာ သေနတ်ဒဏ်ရာဖြင့် ဆက်လက်မောင်းပြေးသွားပြီး ပဝကျေးရွာဆေးခန်းသို့ ရောက်ရှိလာကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “သူတို့ညီအစ်ကိုက ကျွန်းစုဖက်ကပါ။ ဒီဖက်မှာ ခြံစိုက်နေကြတယ်လို့ကြားတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ […]


