ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများ မီးရှို့ခံရပြီး အရပ်သားနှစ်ဦးလည်း ပစ်သတ်ခံရ

diz_admin

March 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများကို မီးရှို့ခဲ့ပြီး အနည်းဆုံး အရပ်သားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၂၄ ရက်က ပုလောမြို့နယ်ရှိ နန်းတောင်ကျေးရွာအုပ်စုနှင့် ပုလောကုန်းကျေးရွာအုပ်စု များသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ရော်ဘာခြံများနှင့် ဒူးရင်းခြံများကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးရှို့ခံရမှုကြောင့် နန်းတောင်ဘုန်းကြီးကျောင်းအနီးမှ ဂျင့်ဂါရွာအနီးအထိ ရော်ဘာခြံနှင့် ဒူးရင်းခြံများ မီးလောင်ဆုံးရှုံးသွားပြီး အနည်းဆုံး ဧကငါးဆယ်ဝန်းကျင် ရှိနိုင်ကြောင်း ဂျင့်ဂါရွာသားတစ်ဦးက ပြောဆိုသည်။ စစ်ကြောင်းထိုးစဉ် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့ည အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျည်များ ရွာအတွင်းကျရောက်သည့်အတွက် ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင်၊ ဆားခဲနှင့် မင်းဝင်းကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ […]

ကံပေါက်ဒေသက ရပ်ကွက်အချို့ ရေအခက်အခဲဖြစ်

diz_admin

March 28, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီ လလယ်ကတည်းက အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကုန်းအမြင့်ပိုင်းရပ်ကွက်များဖြစ်သည့် ဗိုလ်ချုပ်ရပ်ကွက်၊ မြသီတာရပ်ကွက်၊ မဂ္ဂင်ရပ်ကွက်၊ ခိုင်သဇင်ရပ်ကွက်၊ လှည်းကုန်းရပ်ကွက်များ သာမက အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မိကျောင်းအိုင်ရပ်ကွက်၊ ထန်းတပင်ရပ်ကွက်နှင့် စက်ကုန်းရပ်ကွက် စသည့်ဖြင့် ရပ်ကွက် ရှစ်ခုတွင် သောက်သုံးရေ အခက်အခဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကံပေါက်ဒေသတွင် ယခင်အစိုးရလက်ထက်ကတည်းက ကျေးရွာပိုင် ရေပိုက်လိုင်းတစ်ခုရှိပြီး တစ်ယူနစ်လျှင် ကျပ် ၂၀၀ ဖြင့် သောက်သုံးရေ ဖြန့်ဖြူးပေးသည်။ ယင်းရေပိုက်လိုင်းမှာ သန့်ရှင်းမှုမရှိသည့်အပြင် ရေလည်းပုံမှန်မလာသည်မှာ တစ်လကျော်နေပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ရေကတစ်ပတ်မှာ ၃ ရက်လောက်ပဲ နည်းနည်းလာတယ်။ ပုံမှန်မလာဘူး” ဟု ကျေးရွာပိုင်ရေမီတာသုံးစွဲသူ ခိုင်သဇင်ရပ်ကွက်နေသူတစ်ဦးကဆိုသည်။ ရေပုံမှန်မလာသဖြင့် […]

လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 28, 2023

လောင်းလုံးမြို့ပေါ်တွင် မတ်လ ၂၇ ညနေပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၆၁ နှစ်အရွယ် ဦးနေလွင်ဦးဖြစ်ပြီး (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည်။ မတ်လ ၂၇ရက် ညနေ ၄နာရီခွဲဝန်းကျင်တွင် (က) ရပ်ကွက်၊ မိတ်ဆက်လမ်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက အဲဒီလမ်းထဲမှာ ထန်းရည် လာသောက်လေ့ရှိတယ်။ ပစ်သံက ခြောက်ချက်လောက်ရှိမယ်” ဟု ၎င်းက ပြောဆိုသည်။ ဘယ်ဖက် ချိုင်းအောက် သေနတ်ဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နားထင် ကျဉ်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါအုပ်ချုပ်ရေးမှူးကို မည်သူ့တို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။ အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင်သွားပြီးနောက် […]

ရေဖြူ ကျေးလက်ဖွံ့ဖြိုးရေးဌာန လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 28, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးလွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အသက် ၄၇ နှစ်အရွယ် ဦးအေးလွင်သည် ‌ရေဖြူမြို့နယ် ကျောက်ကညှာကျေးရွာနေထိုင်သူဖြစ်ပြီး ကျေးလက်ဌာနတွင် လက်ထောက်ကြီးကြပ်ရေးမှူး (တွင်းတူး) တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူကအရင်တုန်းက ယာဉ်မောင်း။ ရာထူးတိုးသွားတော့ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်လာတာပေါ့” ဟု ၎င်းကဆိုသည်။ မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်ကညှာကျေးရွာရှိ ဆွေမျိုးဖြစ်သူ၏ နာရေးပို့ဆောင်ပြီး အပြန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရှိသွားသည့် ဦးအေးလွင်အား ရေဖြူဆေးရုံသို့တင်ပို့ခဲ့ပြီး ယင်းမှတစ်ဆင့် ထားဝယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးအေးလွင်သည် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး မိတ်ဆွေစစ်မှုထမ်းဟောင်းများ၊ […]

ကမြောကင်းတံတားသစ် ခရီးသွားများ ဖြတ်သန်းသွားလာရန် စတင်ခွင့်ပြု

diz_admin

March 28, 2023

ထားဝယ်မြို့နှင့်လောင်းလုံးမြို့သို့ ဆက်သွယ်ထားသည့် ကမြောကင်းတံတား (ခေါ်) ထားဝယ်မြစ်ကူးတံတားသစ်ကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။ လောင်းလုံးဘက်မှ ထားဝယ်သို့သွားသူများက ကမြောကင်းတံတားသစ်က ဖြစ်သန်းသွားရမည်ဖြစ်ပြီး ထားဝယ်ဘက်မှ လောင်းလုံးဘက်သို့ လာသူများမှာ ကမြောကင်းတံတားဟောင်းက ဖြတ်သန်းသွားရမည်ဖြစ်သည်ဟု လောင်းလုံးမြို့နယ်မှထားဝယ်သို့သွားသည့် ဒေသခံတစ်ဦးကပြောသည်။ ” ဒီနေ့ (မတ် ၂၇)တံတားထိပ်ကနေ လုံခြုံရေးယူထားတဲ့စစ်သားတွေက ပြောနေတယ်။ ထားဝယ် သွားရင် တံတားသစ်ကဖြတ်သွားဆိုပြီး ပြောနေကြတယ်”ဟု ၎င်းကပြောသည်။ သို့သော် ထားဝယ်ဘက်က လောင်းလုံးဘက်လာသည့် ဒေသခံများမှာ ကမြောကင်းလမ်းဟောင်းအတိုင်းလာပြီး တံတားဟောင်းကို ဖြတ်၍ ဗိုလ်မှုးဗထူးရုပ်တုနောက်ကျောကို အဝိုင်းပတ်၍သွားရမည်ဖြစ်ပြီး မောင်းမကန်ကမ်းခြေဘက်သွားရမည့် ဒေသခံများမှာ မူလလမ်းဟောင်းအတိုင်း သွားရမည်ဖြစ်သည်။ လောင်းလုံးမြို့ဘက်မှ မောင်းမကန်ကမ်းခြေဘက်လာသည့် ဒေသခံများမှာ တံတားဟောင်းရှေ့ လက်ဝဲဘက်ယာဉ်ကြောအတိုင်း မူလလမ်းဟောင်းမှ ဖြတ်သွားရမည်ဖြစ်သည်။ ကမြောကင်းတံတားသစ်ကို […]

ထိုင်းဝန်ကြီးချုပ်သစ် နေရာအတွက် Move Forward ပါတီ ခေါင်းဆောင် တစ်ပြေးနေ

diz_admin

March 28, 2023

ဘန်ကောက်ဒေသတွင်း မဲဆန္ဒရှင်အများစုသည် Move Forward ပါတီခေါင်းဆောင် ပီတလင်မ်ဂျာရုန်ရတ်ကို ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်သစ် ဖြစ်စေလိုကြကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (NIDA) ၏ စစ်တမ်းအရ သိရသည်။ အဆိုပါ ပါတီခေါင်းဆောင်၏နောက်တွင် ဖွေထိုင်း(Pheu Thai)ပါတီ၏ အကြံပေးအရာရှိချုပ် ဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာ နှင့် ယူနိုက်တက် ထိုင်းနေရှင်း (United Thai Nation) ပါတီမှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ တို့က ရပ်တည်လျက် ရှိသည်။ သို့သော် ပြည်သူအများစုမှာမူ Move Forward ပါတီ၊ ယူနိုက်တက် ထိုင်း နေရှင်း (United Thai Nation) ပါတီ အပါအဝင် အခြားပါတီများထက် ဖွေထိုင်းပါတီကို မဲပေးမည်ဟု ဆိုကြသည်။ […]

ဝါးကျွန်းရွာ ပျူစောထီးခေါင်းဆောင်နှစ်ဦးကိုပစ်ခတ်ရှင်းလင်းလိုက်ပြီး လက်နက်ခဲယမ်းများမိကြောင်းထုတ်ပြန်

diz_admin

March 27, 2023

ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းရွာက ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ပစ်ခတ်ရှင်းလင်းလိုက်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယနေ့ မတ်လ ၂၇ ရက် နံနက် ၂ နာရီတွင် ဝါးကျွန်းရွာသို့ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပျူစောထီးခေါင်းဆောင်နှစ်ဦးထံမှ AK 47 လေးလက်၊ ကျည်ဘောက် ငါးခု၊ M 16 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ဗုံးသီး လေးလုံး ရရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် M 16 ကျည် ၁၇၀ တောင့်၊ AK ကျည် ၃၅၅ တောင့်နှင့် ဓါးရှည် နှစ်ချောင်း၊ ဖုန်း နှစ်လုံးအပါအဝင် […]

နေထိုင်ခွင့်ကတ်လုပ်ပေးမည်ဆိုကာ မြန်မာများထံမှ ငွေကောက်ခံနေသည့်ပွဲစားကို ထိုင်းရဲလာတား

diz_admin

March 27, 2023

မဲဆောက်မြို့တွင် နေထိုင်ခွင့်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်ငွေငါးသိန်း ထက်မနည်း ကြိုတင်ငွေကောက်ခံထားသော မြန်မာပွဲစားတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက လာရောက် ဟန့်တားကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုချာလီဟုလူသိများသည့် ပွဲစားသည် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၇၀၀ ကျော်စီ ငွေကြိုတင် တောင်းယူထားကြောင်း ၎င်းတို့က ပြောသည်။ ယခုရက်ပိုင်းအတွင်းပင် အလုပ်သမားသုံးရာကျော်ထံမှ စုစုပေါင်း ဘတ်ငွေ ငါးသိန်းကျော် တောင်းယူထားပြီး ဖြစ်ကြောင်း မဲဆောက်တွင် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။ ကြိုတင်ငွေ ပေးထားရသည့် မြန်မာအလုပ်သမားများအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ ယင်းသို့ လုပ်ဆောင်ခြင်းမှာ တရားမဝင်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကတို့က မြန်မာပွဲစားကို ယနေ့ လာရောက်တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တရားမဝင်ဘူးဆိုပြီးတော့ လာနားခိုင်းလိုက်တာ။ ဖမ်းသွားလား […]