ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ဗီဇာမလိုဘဲနေထိုင်ခွင့် ၁၄ရက်သာ ရတော့မည်

diz_admin

March 30, 2023

ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားများကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့် ပေးထားရာမှ လာမည့် ဧပြီလ ၁ ရက်ကစပြီး ၁၄ ရက်သာပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စမ်းသပ်ကာလ ကုန်ဆုံးမည်ဖြစ်သည်။ ယခင်က ခွင့်ပြုပေးထားခဲ့အတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ နေထိုင်ခွင့်ကိုသာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။ “ထိုင်းအစိုးရ ဆုံးဖြတ်ချက်ပါရှင့်။ ၄၅ ရက်က စမ်းသပ်ကာလအနေနဲ့ လပိုင်းပဲ ပေးတာပါ။ အဲ့ဒါကို ဆက်မပေးတော့ဘဲ ဖြုတ်လိုက်တာပါ” ဟု […]

ဖမ်းဆီးခံထားရသည့် လောင်းလုံးမြိုနယ်မှ စစ်ဘေးရှောင် အများစုပြန်လွတ်

diz_admin

March 30, 2023

လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်းရင်း အဖမ်းခံလိုက်ရသူ ၁၃ ဦးအနက် ၁၂ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ‌မိသားစုဝင်များကပြောသည်။ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသူများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၉ ရက် ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။ အဖမ်းခံရသူများမှာ လောင်းလုံးမြိူ့နယ် ဇလွတ်ကျေးရွာဒေသခံများဖြစ်ပြီး ရွာအနီးတိုက်ပွဲများကြောင့် တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းသွားခြင်းဖြစ်သည်။ ၁၁ ရက်အကြားဖမ်းဆီးသွားသည့် ကာလအတွင်း လောင်းလုံးမြို့နယ် တစ်ကြော စစ်ကြောင်းထိုးရာ တစ်လျှောက် စစ်ကောင်စီတပ်နှင့်အတူ လိုက်ပါနေရကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။ “တောင်‌တွေတောင် သုံးလုံးလောက် ကျော်ခဲ့ရတယ်” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ဖမ်းဆီးခံထားရစဉ်အတွင်း မိသားစုဝင်များနှင့် လုံးဝအဆက်အသွယ်‌ပြတ်တောက်နေခဲ့သည်။ အဖမ်းခံသူများအနက် လူလတ်ပိုင်းအရွယ် ကိုမျိူးဇော်ဦးဆိုသူတစ်ဦးမူ ပြန်လွတ်သည့်အထဲ မပါ‌သေးကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ၎င်းကိုမည်သည့်နေရာတွင် […]

ပုလော မင်းထိန်ရွာအတွင်း လက်နက်ကြီးကျည်ကျပြီး တစ်နှစ်ခွဲသားကလေးနှင့် မိခင်တို့ဒဏ်ရာရ

diz_admin

March 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအတွင်း ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံရွာသားများက ပြောသည်။ ယနေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်မိခင်နှင့် အသက် ၁ နှစ်ခွဲသား ကလေးငယ်တို့တွင် ကျည်စထိမှန်ကြောင်း ရွာသားများက ဆိုသည်။ “အိမ်ရှေ့ကခုံမှာ မိသားနှစ်ယောက်ထိုင်နေတုန်း လာစင်တာ။ နှစ်ဦးစလုံးခြေမှာ ထိသွားတယ်။ အခုဆရာမဆီမှာ သွားချုပ်နေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ ဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသခံတို့က ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် မင်းထိန်ရွာသည် အာဏာသိမ်းကာလ တစ်လျှောက်လုံး တိုက်ပွဲဖြစ်ပွားဖူးခြင်း မရှိသလို ယနေ့တွင်လည်း […]

လာမည့်စနေနေ့ ထားဝယ်ခရိုင်တစ်ခုလုံး ဆယ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်

diz_admin

March 30, 2023

လာမည့် ဧပြီလ ၁ ရက် စနေနေ့တွင် ထားဝယ်ခရိုင်တစ်ခုလုံးတွင် လျှပ်စစ်မီး ဆယ်နာရီခန့်ကြာ ပြတ်တောက်နေမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေသုံးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်လျှက်ရှိသည့် (၅) ဖီဒါ ဓာတ်အားလိုင်းတွင် ဓာတ်တိုင် နှစ်တိုင်စင်ဖြင့် တည်ဆောက်ထားသည့် လိုင်းတိုင်ကို လေးတိုင်စင်ဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လျှပ်စစ်ဓာတ်အားကို ပိတ်ကာ ပြောင်းလဲတပ်ဆင်မည်ဖြစ်သဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းစသော မြို့နယ်တို့ နံနက် ၇ နာရီမှ ညနေ ၅နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်သည်ဟု ဆိုသည်။ နှစ်တိုင်စင်မှာ ဓာတ်အားလိုင်းများ၏ ဝန်အားကို မခံနိုင်သောကြောင့် ယိမ်းယိုင် […]

ဘလက်ပင့်အဖွဲ့ဝင် လီဆာ၏မွေးနေ့အတွက် ထိုင်းစျေးသည်များက အသားလုံးများ ဂုဏ်ပြုပေးလှူ

diz_admin

March 30, 2023

ဘလက်ပင့် အဖွဲ့ဝင် ထိုင်းနွယ်ဖွား ကေပေါ့ပ်အဆိုတော် လီဆာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်ရှိ ဈေးသည်များက အသားလုံး ၅၀၀ ကီလိုဂရမ်ကျော်ကို ပေးဝေခဲ့ကြသည်။ ရက်ပ်နှင့် ကေပေါ့ပ် အဆိုတော် အကသမားဖြစ်သူ လီဆာကြောင့် ၎င်းတို့၏ လုပ်ငန်းများ တွင်ကျယ်လာသည့်အတွက် ဘူရီရမ် ဘူတာရုံမှ စျေးသည်များက မတ်လ ၂၇ရက်နေ့တွင် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လီဆာသည် အင်တာဗျူးတစ်ခုတွင် သူမအကြိုက်ဆုံး သရေစာမှာ သူမ၏ မွေးရပ်မြေ ဘူရီရမ်ရှိ ဘူတာရုံနောက်မှ စျေးသည်များရောင်းသော ထိုင်းငရုတ်သီးဆော့နှင့် ကင်၊ ကြော်ထားသည့် အသားလုံးများ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘူရီရမ်ပြည်နယ်၊ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ဘူရီရမ်မှာ အသားလုံးလုပ်ငန်းကို လူကြိုက်များအောင် ပြုလုပ်ပေးလို့ လီဆာကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါက (ဘူရီရမ်က) လူတိုင်းရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တာပါ” ဟု […]

ရေဖြူလမ်းပိုင်းတွင် စစ်တပ်က လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွား

diz_admin

March 29, 2023

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင် ယနေ့(မတ် ၂၉) မွန်းလွဲပိုင်းက ကလိန်အောင်ဘက်မှ ဖြတ်လာသော စစ်ယာဉ်တန်းက လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ရေဖြူမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကားများ ညင်းထွေးရွာနှင့် ဇီးကျရွာကြား ဖြတ်သန်းစဉ် ပေါက်ကွဲပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားပေါ်က ပစ်ခတ်သွားတယ်ထင်တာပဲ လက်နက်ကြီးကတစ်ချက် လက်နက်ငယ်သံတွေ ကမနည်းဘူး “ဟု ၎င်းကပြောသည်။ အဆိုပါစစ်ယာဉ်တန်း ဖြတ်သွားပြီးနောက် ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် နှစ်နေရာခန့်မီးလောင်ပြီး ကျန်ခဲ့သည်ဟုဆိုသည်။ ကျောက်ကညာ-ညင်ထွေး လမ်းပိုင်းတစ်နေရာနှင့် ညင်းထွေး-ဇီးကျ လမ်းပိုင်းတစ်နေရာ မီးလောင်ကျန်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ရခြင်းမှာ ယာဉ်တန်းဖြတ်သန်းသွားစဉ် ဗုံးပစ်ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။ “ပထမ အသံ အကျယ်ကြီးကြားတယ်။ နောက်မှ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတာ”ဟု ၎င်းကပြောသည်။ ပထမ အကျယ်ကြီးကြားသည့်အသံကို ဒေသခံအများစုက စစ်ကောင်စီယာဉ်တန်းပေါ်က […]

ငါးဖမ်းရာသီပိတ်သိမ်း၊ ကမ်းဝေးလှေများ ကမ်းကပ်လာကြပြီ

diz_admin

March 29, 2023

ငါးဖမ်းရာသီ ပိတ်သိမ်းပြီဖြစ်သဖြင့် ယနေ့ မတ်လ ၂၉ ရက်နေ့မှစတင်ပြီး ကမ်းဝေးငါးဖမ်းလှေများ မြိတ်မြို့ဆိပ်ကမ်း အသီးသီးသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း ရေလုပ်သားများနှင့် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငါးဖမ်းရာသီ သုံးလပိတ်ပြီဖြစ်သည်အတွက် ယနေ့မှစတင်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ကမ်းဝေးငါးဖမ်းလှေအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်ရတော့မည်ဖြစ်ကြောင်းတနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ “ငါးဖမ်းရာသီကတော့ ပိတ်လိုက်ပြီ။ ဒီနေ့ကစပြီး ဝင်လာကြပြီ။ လကုန်နောက်ဆုံးထားပြီးတော့ပေါ့။ အားလုံးပြန်ဝင်ကြရမယ်” ဟု ၎င်းက ပြောဆိုသည်။ ငါးလုပ်ငန်းရှင်များက ငါးဖမ်းရာသီကို ဧပြီလ တစ်လထပ်တိုးပေးရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ယင်းတောင်းဆိုချက်အား ခွင့်ပြုပေးခြင်း မရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် […]

ထားဝယ်ခရိုင်မီးသတ်ဌာနတွင် အထပ်မြင့်အဆောက်အုံ မီးငြှိမ်းသတ်ယာဉ်ရောက်ရှိ

diz_admin

March 29, 2023

ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတွင် အထပ်မြင့် အဆောက်အအုံကို မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်ရှိလာပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှသိရသည်။ အဆိုပါမီးသတ်ယာဉ်မှာ တရုတ်နိုင်ငံကထုတ်သည့် လှေကားထောင်မီးသတ်ယာဉ် အမျိုးအစားဖြစ်ပြီး 32 မီတာ(ပေတစ်ရာ)ခန့်မြင့်မားသည့် အဆောက်အအုံများ မီးဘေးအန္တရာယ်ကြုံလာပါက မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပါ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက ပြောသည်။ “ရောက်နေတာကတော့ နှစ်ပတ်လောက်ရှိပြီဖြစ်တယ်။ အခုက တပ်ဖွဲ့ဝင်တွေကို အသုံးပြုနည်း သင်တန်းပေးနေတာပါ”ဟု ၎င်းကပြောသည်။ အဆိုပါမီးသတ်ယာဉ်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်၏ ဘတ်ဂျက်ငွေကျပ် ၇၇၆ သန်း အသုံးပြု၍ ဝယ်ယူထားခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးမှုးက ပြောသည်။ အဆိုပါ မီးသတ်ယာဉ်ပေါ်တွင်ပါသည့် လှေကား၏အမြင့်မှာ ၃၂ မီတာ ရှိပြီး ၊ရေဂါလံပေါင်း ၁၃၀၀ဂါလံ (၆၀၀၀လီတာ)ခန့် သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ လှေကားကို ၇၅ ဒီဂရီအထိ တိမ်းစောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး […]