ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငါးဖမ်းရာသီပိတ်သိမ်း၊ ကမ်းဝေးလှေများ ကမ်းကပ်လာကြပြီ

diz_admin

March 29, 2023

ငါးဖမ်းရာသီ ပိတ်သိမ်းပြီဖြစ်သဖြင့် ယနေ့ မတ်လ ၂၉ ရက်နေ့မှစတင်ပြီး ကမ်းဝေးငါးဖမ်းလှေများ မြိတ်မြို့ဆိပ်ကမ်း အသီးသီးသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း ရေလုပ်သားများနှင့် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငါးဖမ်းရာသီ သုံးလပိတ်ပြီဖြစ်သည်အတွက် ယနေ့မှစတင်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ကမ်းဝေးငါးဖမ်းလှေအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်ရတော့မည်ဖြစ်ကြောင်းတနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ “ငါးဖမ်းရာသီကတော့ ပိတ်လိုက်ပြီ။ ဒီနေ့ကစပြီး ဝင်လာကြပြီ။ လကုန်နောက်ဆုံးထားပြီးတော့ပေါ့။ အားလုံးပြန်ဝင်ကြရမယ်” ဟု ၎င်းက ပြောဆိုသည်။ ငါးလုပ်ငန်းရှင်များက ငါးဖမ်းရာသီကို ဧပြီလ တစ်လထပ်တိုးပေးရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ယင်းတောင်းဆိုချက်အား ခွင့်ပြုပေးခြင်း မရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် […]

ထားဝယ်ခရိုင်မီးသတ်ဌာနတွင် အထပ်မြင့်အဆောက်အုံ မီးငြှိမ်းသတ်ယာဉ်ရောက်ရှိ

diz_admin

March 29, 2023

ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတွင် အထပ်မြင့် အဆောက်အအုံကို မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်ရှိလာပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှသိရသည်။ အဆိုပါမီးသတ်ယာဉ်မှာ တရုတ်နိုင်ငံကထုတ်သည့် လှေကားထောင်မီးသတ်ယာဉ် အမျိုးအစားဖြစ်ပြီး 32 မီတာ(ပေတစ်ရာ)ခန့်မြင့်မားသည့် အဆောက်အအုံများ မီးဘေးအန္တရာယ်ကြုံလာပါက မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပါ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက ပြောသည်။ “ရောက်နေတာကတော့ နှစ်ပတ်လောက်ရှိပြီဖြစ်တယ်။ အခုက တပ်ဖွဲ့ဝင်တွေကို အသုံးပြုနည်း သင်တန်းပေးနေတာပါ”ဟု ၎င်းကပြောသည်။ အဆိုပါမီးသတ်ယာဉ်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်၏ ဘတ်ဂျက်ငွေကျပ် ၇၇၆ သန်း အသုံးပြု၍ ဝယ်ယူထားခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးမှုးက ပြောသည်။ အဆိုပါ မီးသတ်ယာဉ်ပေါ်တွင်ပါသည့် လှေကား၏အမြင့်မှာ ၃၂ မီတာ ရှိပြီး ၊ရေဂါလံပေါင်း ၁၃၀၀ဂါလံ (၆၀၀၀လီတာ)ခန့် သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ လှေကားကို ၇၅ ဒီဂရီအထိ တိမ်းစောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး […]

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

diz_admin

March 29, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သဖြင့်ဖြင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဲရုံလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး စိုက်ပျိုးရေးခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ […]

တနင်္သာရီ-မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်

diz_admin

March 29, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီ-မောတောင်လမ်းဖြစ်သည့် သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာအနီးတွင် မနေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများကပြောသည်။ “မနေ့ ကတည်းကဖြစ်နေတာလို့သိရတယ်။ ဒီနေ့မနက်ကလည်း ဖြစ်နေတုန်းပဲ။ လက်နက်ကြီးတွေ ပစ်နေတာ တဒုန်းဒုန်းနဲ့ အများကြီးပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးများကို ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ်၏ ပျူဟာကုန်းမှ ပစ်ခတ်ခြင်းဖြစ်နိုင်သလို လမ်းမကြီးပေါ်မှလည်း ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ကဆိုသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်နေပြီး ယနေ့မနက်တွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည့်အတွက် ခရီးသွားလာမရဘဲ ရွာအတွင်း ပိတ်မိနေသည်ဟု ရှမ်းအင်းတော်ကျေးရွာ၌ ခေတ္တရောက်ရှိနေသည့် မြိတ်ဒေသခံ တစ်ဦးကပြောသည်။ “လက်နက်ကြီးလာကျမှာကြောက်လို့ညကလည်း တစ်ညလုံးမအိပ်ရဘူး”ဟု ၎င်းကပြောသည်။ ရှမ်းအင်းတော်ကျေးရွာသည် တိုက်ပွဲဖြစ်နေသည့် အနီးရှိကျေးရွာဖြစ်ပြီး ယနေ့မနက်တွင် စစ်ကောင်စီတပ်များက ရွာရှိတာဝါတိုင်အား လုံခြုံရေးယူထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ လက်နက်ကြီး အဆက်မပြတ်ပစ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များမှ […]

စစ်အသုံးစရိတ် တစ်ဝက်ကျော်ထောက်ပံ့ပေးနေသော PTT ကုမ္ပဏီကို သပိတ်မှောက်ရန် တိုက်တွန်း

diz_admin

March 29, 2023

စစ်ကောင်စီ၏ တစ်နှစ်စာ စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီကို ဆက်လက်ဖိအားပေး ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မတ်လ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောကြားလိုက်သည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် လက်တွဲလုပ်ကိုင်နေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီနှင့် PTTEP ရေနံကုမ္ပဏီများကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာနိုင်ငံသားများပါ ဆန့်ကျင်သပိတ်မှောက်သွားမည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် စစ်ကောင်စီနှင့် လက်တွဲကာ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းလုပ်ကွက် ၄ ခုရှိသည့်အနက် ၃ ခုတွင် အဓိက ရင်းနှီးမြုပ်နှံသူအဖြစ်ရှိနေပြီး စစ်ကောင်စီသို့ စစ်အသုံးစရိတ် တစ်ဝက်ကျော် နိုင်ငံခြားငွေပေးသွင်းနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီကို စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ပြည်တွင်းရှိ PTT ကုမ္ပဏီပိုင် ပစ္စည်းများ၊ စက်သုံးဆီနှင့် ချောဆီလုပ်ငန်း၊ Café Amazon နှင့် PTT ဆီဆိုင်များတွင် ဆီဖြည့်ခြင်းများကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ […]

NLD ပါတီ၊ ထားဝယ်တိုင်းရင်းသားများ ပါတီအပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

diz_admin

March 28, 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီတို့ အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့ ကြေညာလိုက်သည်။ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ကန့်သတ်ချက်များစွာထည့်သွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည်။ ဥပဒေပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း လက်ရှိတည်ဆဲနိုင်ငံရေးပါတီများမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ ပြန်လည် တင်ကြရမည်ဖြစ်ပြီး အသစ်ပြန်မတင်လျှင် အလိုလိုဖျက်သိမ်းခံရမည်ဟု ဖော်ပြထားသည်။ ရက် ၆ဝမှာ ယနေ့ မတ်လ ၂၈ ရက်တွင် ပြည့်မြောက်ပြီး ပြည်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီ ၄၀ ကို မတ်လ ၂၉ ရက်မှစတင်ကာ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလာခြင်းဖြစ်သည်။ သို့သော် စစ်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံရေးပါတီများမှာ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အတွက် […]

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

diz_admin

March 28, 2023

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်ခရိုင်တရားရုံးက ယနေ့ မတ်လ၂၈ ညနေပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးနှင့် ကိုအောင်ဝေယံထွန်းတို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် မေလတွင် ပထမအကြိမ် ဖမ်းဆီးခဲ့သည်။ ကိုမျိုးမင်းဦးကို ၅၀၅-က၊ ၅၀၅-ဂ ဖြင့် စစ်ကောင်စီက တရားစွဲဆိုကာ ထောင်ချခဲ့ပြီးနောက် ခြောက်လခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် စက်တင်ဘာလ ၁၂ ရက်က ခုံဝင်းဒပ်ရပ်ကွက်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ရသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုကာ စစ်ကောင်စီ၏ ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ခြင်းဖြစ်သည်။ “သူတို့ခေတ်မှာတော့ သူတို့သဘောပေါ့ခင်ဗျား။ လုပ်ချင်သလိုမျိုးလုပ် […]

ဦးထွန်းမင်းလတ်၏ စီးပွားဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ဥပကစ် လာရောက်အစစ်ဆေးခံ၊ အမှုများကိုငြင်းဆို

diz_admin

March 28, 2023

ဦးထွန်းမင်းလတ်နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သူ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားသောအမှုများအတွက် လာရောက်အစစ်ဆေးခံခဲ့ပြီး ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဥပါကစ်ကို တရားဥပဒေပုဒ်မ ၁၃၄ အရ စုံစမ်းရေးရဲတပ်ဖွဲ့များနှင့် အစိုးရရှေ့နေများက မေးမြန်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ဥပကစ်သည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ဆက်စပ်နေသည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားခြင်းဖြစ်သည်။ ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် ရှယ်ယာရှင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် အတူ မြန်မာအခြေစိုက် Allure Group ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ကြောင်း အတိုက်အခံပါတီ လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ စုံစမ်းရေးအဖွဲ့မှ တရားစွဲခံရပြီးနောက် ဥပကစ်သည် မတ်လ ၂၇ ရက်နေ့ နေ့လယ် […]