ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သံဖြူဇရပ်တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရ

diz_admin

March 27, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာဝန်းကျင်တို့တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတောအတွင်း မတ်လ ၂၄ ရက်က ကလေးအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် မတ်လ ၂၅ ရက်တွင် ဝင်းစိန်ကျေးရွာအနီး၌ ရိုဟင်ဂျာ အမျိုးသား ၂၈ဦးနှင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံရသည်။ ယင်းအပြင် မတ်လ ၂၆ ရက်ကလည်း ခလောက်ချကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ငါးဦး ထပ်မံဖမ်းဆီးခံရကြောင်း သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်သည်ဟုလည်း သိရကြောင်း […]

NUG နှင့် ပံပိုးကူညီနေသော တိုင်းရင်းသားလက်နက်ကိုင်အချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဟု စစ်ကောင်စီခေါင်းဆောင်ပြော

diz_admin

March 27, 2023

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် (တော်လှန်ရေးကို) ပံ့ပိုးကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောဆိုလိုက်သည်။ မတ်လ ၂၇ ရက်နေ့ (ယနေ့) ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီ ခေါင်းဆောင်က တော်လှန်ရေးအဖွဲ့များကိုလည်း အကြမ်းဖက်အဖွဲ့များဟု သုံးနှုန်းပြောဆိုခဲ့ကြောင်း တွေ့ရသည်။ “NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ပြောသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်းတွင်လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ပေါ်ပေါက်လာသည်။ ဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် အခြေအနေဖြစ်လာနေပြီး စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ အဆိုပါပြည်သူ့ကာကွယ်ရေးတပ်များကို တိုင်းရင်းသား […]

မြိတ်တွင် ပရိဘောဂအလုပ်ရုံ မီးလောင်

diz_admin

March 27, 2023

မြိတ်မြို့ပေါ် ကလွင်ကျေးရွာအုပ်စုတွင် ပရိဘောဂအလုပ်ရုံတစ်ရုံသည် ယနေ့ မတ်လ ၂၇ ရက် နံနက် ၃နာရီခန့်က မီးလောင်ကျွမ်းကြောင်း ဒေသခံတို့ထံမှ သိရသည်။ တောရကျောင်းရပ်ကွက်၊ ဦးနီတိုးဈေးလမ်းရှိ ပရိဘောဂအလုပ်ရုံ မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ရပ်ကွက်နေသူအချို့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ရပ်‌ကွက်နေသူအချို့က ဆိုသည်။ “ပရိဘောဂရုံနားမှာ အိမ်တွေ ကပ်မနေလို့ တော်သေးတယ်။ မနက် ငါးနာရီခွဲလောက်မှာ မီးငြိမ်းသွားတာ” ဟု တောရကျောင်းရပ်နေသူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုအကြောင်းအရင်းအား သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုင်းထီပေါက်သဖြင့် ဘုရားထံ ဝက်ခေါင်း ၁၀၀ ကပ်လှု

diz_admin

March 27, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပသုမ်ခရိုင် ဝပ်ကလန်ဘန်ဖရာ (Wat Klang Bang Phra) ဘုရားကျောင်းရှိ မီတာ ၃၀ မြင့်သော ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ထိုင်းထီဆုရှင်တစ်ဦးက ဝက်ခေါင်းပေါင်း ၁၀၀ ကိုကပ်လှုခဲ့သည်။ စမွတ်ပရာကန်ပြည်နယ်မှ အစိုးရထီ ကံထူးရှင် ပါနုနဝီဆမ်ဖန်သည် မည်သည့်ပမာဏ ကံထူးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသော်လည်း ယခုလို ဗုဒ္ဓရုပ်ပွားတော်ရှေ့မှောက် ဝက်ခေါင်း ၁၀၀ ကို အမွှေးတိုင် တစ်တိုင်စီ ထွန်းညှိထားကာ ပူဇော်ရခြင်းမှာ ဂယ်ဘွန်ဟု အဓိပ္ပါယ်ရသည့် ကတိသစ္စာတည်ခြင်း ကို ပြသခြင်း ဖြစ်ကြောင်း ပြောသည်။ ထီမထိုးမီ ပါနုသည် Wat Klang Bang Phra ကျောင်းတွင် ထင်ရှားသော လွမ်ဖောဆုမ်ဝမ် (Luang Phor Som Wang) ဟု အမည်ပေးထားသည့် […]

မြိတ်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေရှားပါးနေပြီ

diz_admin

March 26, 2023

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်‌နေရပြီး ပရဟိတအသင်းအချို့က သောက်သုံးရေများ ဖြန့်ဝေပေးနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေပုန်းနယ်မြေအတွင်းရှိ ရပ်ကွက်အချို့အပါအဝင် အဏ္ဏဝါရပ်ကွက်တို့တွင် ရေရှားပါးမှုများဖြစ်ပေါ်နေကြောင်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။ “အခုနောက်ပိုင်း အင်းလေးကမ်း၊ အင်းလေးမြိုင် (ရပ်ကွက်) ဘက်တွေမှာ ရေရှားတာတွေဖြစ်နေတယ်။ ရေရောင်းတဲ့ကားတွေက ဝင်ရောက် မရောင်းချပေးနိုင်တဲ့ အပိုင်းတွေလည်း ရှိနေတာထင်တယ်” ဟု ၎င်းက ဆိုသည်။ ရေရှားပါးသည့် ရပ်ကွက်အများစုသည် ပင်လယ်ဘက်နှင့် နီးစပ်စွာတည်ရှိနေပြီး ၎င်းရပ်ကွက်တို့နှင့် အနီးအနားရှိ တွင်းရေ (ရေတွင်း) တို့အား အဓိကအသုံးပြုနေရကြောင်း ငြိမ်းချမ်းရေးရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “နေတအားပူတဲ့ ကာလဆိုရင် ရေတွင်းရေလည်းခမ်းတာပဲ။ နွေရာသီဆို ရေအတွက်အခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေပါ။ အိမ်ခြေလည်းစိပ်တယ်” ဟု ငြိမ်းချမ်းရေးရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း […]

အမေရိကန် ကုမ္ပဏီ Airbnb က မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများ ကို ရပ်ဆိုင်း

diz_admin

March 26, 2023

ကာလတို တည်းခိုနေထိုင်မှုများနှင့် ခရီးသွားအတွေ့အကြုံများဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် မေရိကန်နိုင်ငံ အခြေစိုက် Airbnb ကုမ္ပဏီက မြန်မာနိုင်ငံရှိ တည်းခိုခန်းများ ငှားရမ်းနိုင်ရန် စာရင်းပေးသွင်းထားမှုများကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။ ထို့ကြောင့် (အဲဘီအန်ဘီ) Airbnb သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်သည့် ပထမဆုံးသော နိုင်ငံတကာ ခရီးသွား ဘွတ်ကင်ဆိုက် ဖြစ်လာသည်။ ပြီးခဲ့သည့်အပတ်က Airbnb သည် နိုင်ငံတွင်း ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင့် တည်းခိုနေရာ အတွက် စာရင်းတင်ထားမှု နှင့် သုံးစွဲသူများထံမှ ယင်းအခန်းများအပေါ် ကြိုတင်စာရင်းသွင်းမှုများသည် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ပေါ်လာတော့မည် မဟုတ်ကြောင်း ၎င်းတို့နှင့် လက်တွဲလျက် ရှိသည့် မြန်မာအိမ်ရှင်/ အခန်းရှင်များ ကို […]

မျောက်ကျောက်ရောဂါ ကူးစက်လူနာ ၃ ဦး ထိုင်းမှာ ထပ်တွေ့

diz_admin

March 26, 2023

ထိုင်းနိုင်ငံတွင်း၌ မျောက်ကျောက်ရောဂါဟုလည်း လူသိများသည့် အမ်ကျောက် (mpox) ကူးစက်လူနာ သုံးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ မတ်လ ၂၄ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းလူနာများကို ကူးစက်ရောဂါများ ကုသရေးဆိုင်ရာ အထူးပြု ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘမ်ရပ်စ်နာရာဒူရာ (Bamrasnaradura) ကုသရေးအဖွဲ့က လတ်တလော ကုသပေးလျက် ရှိကြောင်း သိရသည်။ ၂၀၂၂ခုနှစ် ၊ မေလ ၂၅ ရက်နေ့တွင် အထူးကြပ်မတ်စောင့်ကြည့်ရန် လိုအပ်သော ကူးစက်ရောဂါဟု ကြေညာထားသော အမ်ကျောက် (mpox)ရောဂါသည် ယခုချိန်အထိ ကူးစက်လူနာ စုစုပေါင်း ၁၈ ဦးအထိ ရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်း မျောက်ကျောက်ရောဂါ၏ ပထမဆုံး ကူးစက်မှုကို အဆိုပါနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၉ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော်တိုးလာ စစ်ရေးပိုမိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁၃ ရက်အထိ နှစ်ပတ်တာအတွင်း စစ်ဘေးရှောင်ဒုက္ခသည်တစ်သိန်းကျော် ထပ်တိုးလာပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၁ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ၁ ဒသမ ၆ သန်းကျော်ပဲ ရှိခဲ့တဲ့အတွက် နှစ်ပတ်တာအတွင်း […]