မြန်မာစစ်အစိုးရအပေါ် ရုရှားထောက်ခံမှုသည် အရှေ့တောင်အာရှဒေသကို မတည်မငြိမ်ဖြစ်စေဟု အမေရိကန်သံတမန်ပြော
diz_admin
March 25, 2023မြန်မာနိုင်ငံ၏ ပဋိပက္ခတွင်း လက်နက်များ ထောက်ပံ့ပေးနေခြင်းနှင့်အတူ မြန်မာစစ်အာဏာရှင်များအတွက် ရုရှား၏ ကျောထောက်နောက်ခံ ရပ်တည်မှုသည် လက်ခံနိုင်ဖွယ်မရှိသလို အရှေ့တောင်အာရှဒေသတွင်း မတည်ငြိမ်မှုများကို ဆက်သွားနိုင်အောင် ကူညီသလို ဖြစ်နေကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း အရှိန်မြင့်လာသည့် အကျပ်အတည်းများ၏ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုအပြင် နောက်ပိုင်းနိုင်ငံတွင်း စစ်အခြေစိုက်စခန်းများ တည်နိုင်သည့် အရိပ်အယောင်များနှင့် ရုရှား-မြန်မာစစ်အစိုးရ ဆက်ဆံရေး တိုးတက်လာမှု အပေါ် အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် ရှိုးလက် (Derek Chollet) က ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့သည်။ “မော်စကိုနဲ့ ဆက်သွယ်ပြောဆိုနေရတဲ့ ဘယ်သူမဆို မြန်မာစစ်အစိုးရအတွက် သူတို့ (ရုရှား) ရဲ့ စစ်ရေးအရ […]


