ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေအိမ် စစ်တပ်ဝင်ရောက်ရှာဖွေ၊ ပစ္စည်းများယူဆောင်ခံရ
diz_admin
March 23, 2023ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေထိုင်သည့် နေအိမ်ကို စစ်ကောင်စီ စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ သိမ်းယူသွားခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့နှင့် ထားဝယ်ခရိုင်သပိတ်ကော်မတီထံက သိရသည်။ မတ်လ ၁၇ ရက်နေ့က ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များ နေထိုင်သည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သပိတ်စစ်ကြောင်းတွင် အသုံးပြုသည့် ဘန်နာများ၊ အလံများ၊ ပရင်တာတစ်လုံး၊ လက်တောပ့် ၂ လုံး၊ မိတ္တူကူးစက်ငယ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းခံခဲ့ရသည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ “ကျွန်တော်တို့ရဲဘော်တွေနေတဲ့ အိမ်ပဲ၊ ကျွန်တော်တို့မှာက ပွင့်ပွင့်လင်းလင်းပြောရရင် ဘာလက်နက်မှလည်း မရှိဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ အဲ့ဒါကြောင့်ပဲ အိမ်ကိုမီးမရှို့ဘဲနဲ့ ထားခဲ့တယ်လို့ထင်တယ်။ ကျွန်တော်တို့ သပိတ်မှာသုံးနေတဲ့ ဘန်နာတွေဘာတွေကတော့ အကုန်လုံးမီးရှို့ပစ်ခဲ့တယ်။ သုံးရတာတွေကတော့ […]


