ကမြောကင်းတံတားဟောင်း သွားလာခွင့်ပိတ်ထား၊ တံတားသစ်ကို ယနေ့ဖွင့်ပွဲလုပ်သည်ဟုသတင်းထွက်
diz_admin
March 22, 2023လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့အား ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ ယနေ့ မတ်လ ၂၂ ရက် နံနက် ၁ဝနာရီခွဲခန့်ကစပြီး ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ကမြောကင်းတံတားသစ် ဖွင့်ပွဲပုံစံမျိုး ကျင်းပနေသည်ကို တွေ့ရသည်ဟုလည်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်။ “တံတားပေါ်မှာ ဘင်ခရာအဖွဲ့တွေ့ရှိတယ်။ အခမ်းအနားမှူးက ကြေညာနေတာလည်း ကြားရတယ်။ လူကြီးတွေလည်း (စစ်ကောင်စီ ပြည်ထောင်စုအဆင့် ဒုဝန်ကြီး) ရှိတယ်။ ဖဲကြိုးဖြတ်တာလည်းတွေ့တယ်။ တံတားဖွင့်ပွဲလုပ်နေတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ တံတားသစ်ဖွဲ့ပွဲမှာ မတ်လ ၂၇ ရက်ဝန်းကျင်တွင် ကျင်းပမည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။ သို့သော် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ယနေ့တွင် ရုတ်တရက် ဖွင့်ပွဲလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က […]


