ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် သင်္ကြန်တွင်း တရားစခန်းများ ပြန်လည်ဖွင့်လှစ်မည်

diz_admin

April 1, 2023

ကိုဗစ်ကပ်ဘေးဖြစ်ပေါ်သည့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားရသည့် သင်္ကြန်တွင်း တရားစခန်းတို့အား ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာတို့ထံမှ သိရသည်။ လတ်တလောတွင် သင်္ကြန်ကာလအတွင်း ဖွင့်လှစ်မည့် တရားစခန်းအချို့က ယောဂီစာရင်းကြိုကောက်ခြင်း၊ အာရုံဆွမ်း၊ နေ့ဆွမ်း စသဖြင့် လိုအပ်သည့် အလှူများအား ပါဝင်နိုင်ရန် မော်တော်ယာဉ်တို့ဖြင့် လိုက်လံတိုက်တွန်း နှိုးဆော်နေသည်။ “တရားစခန်းဝင်မယ့် ယောဂီတွေကြိုပြီး စာရင်းပေးလို့ရပါပြီ။ နေရာအခက်အခဲကြောင့် ဦးရေကန့်သတ်ထား‌တာတော့ ရှိတယ်” ဟု ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ တရားစခန်းတို့အား အများအားဖြင့် ဘုန်းတော်ကြီးကျောင်းအချို့နှင့် ရိပ်သာတို့တွင် ပြုလုပ်လေ့ရှိကြသည်။ “သင်္ကြန်မှာ နှစ်တိုင်း တရားစခန်းဝင်နေကျပဲ။ ကိုဗစ်ဖြစ်ကတည်းကနေ ပိတ်ထားတာသုံးနှစ်ရှိပြီ။ ဒီနှစ်မှာ တရားစခန်းတွေ အရင်အတိုင်းလုပ်လာနေကြတာဆိုတော့ သင်္ကြန်တွင်းမှာ ဝင်ဖြစ်အောင်ဝင်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု မြိတ်တောင်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

တိုက်ပွဲကြောင့် မောတောင်လမ်း ယာယီဖြတ်သန်းခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

March 31, 2023

တိုက်ပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့်အတွက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်လမ်းကို ယာယီဖြတ်သန်းခြင်း မပြုကြရန် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံကြောင်း ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်လိုက်သည်။ ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ တိုက်ပွဲရက်ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ထိခိုက်မှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ယင်းအပြင် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း ဖော်ပြသည်။ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ခွင့်မပြုသေးမီအချိန်အထိ သွားလာခြင်းမပြုကြရန် ပန်ကြားထားသည်။ ထုံခါ-မောတောင်လမ်း ချောင်းနှစ်ပေါက်ရွာအနီးတွင် မတ်လ ၂၉ ရက်မှ ယနေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံရွာသားများသည် ဘေးလွတ်ရာတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်။ ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ပစ်ပြီးဝင်တိုးတယ်” ဟု […]

ရေဖြူ တောင်ရင်းအင်းရွာတွင် ပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရ

diz_admin

March 31, 2023

ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းအောင်သူဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နေအိမ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဒဏ်ရာရှိသွားသည့် ဦးထွန်းအောင်အား စစ်‌ကောင်စီက ကားဖြင့် တောင်ရင်းအင်း-ဂန့်ဂေါ်တောင် လမ်းဆုံအထိ လာရောက်သယ်ဆောင်သွားခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ ယင်းလမ်းဆုံမှတစ်ဆင့် အရေးပေါ်ကားဖြင့် မောရဝတီရေတပ်ဆေးရုံကို တင်ပို့သွားပြီး ဆေးကုသနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မ‌နေ့က ပစ်ခံရပြီးမှာ စစ်တပ်ကားလာပြီး တင်သွားတယ်။ ဒီနေ့တော့ ရွာမှာ အခြေနေပုံမှန်ပဲ” ဟု ၎င်းက ပြောသည်။ ဦးထွန်းအောင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ အာဏာသိမ်းပြီးနောက် ၂၀၂၁ […]

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

diz_admin

March 31, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ယနေ့ (မတ် ၃၁)နေ့လယ်တွင် လောင်းလုံးမြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

March 31, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ် ၂၅ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ သမ္မတဟောင်း Trump ကို ရာဇဝတ်မှုနဲ့ တရားစွဲ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တစ်ဦးကို ရာဇဝတ်မှုနဲ့ တရားစွဲတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လိင်ဖျော်ဖြေရေး မင်းသမီး Stormy Daniels ကို ထရမ့်ရဲ့ ရှေ့နေဖြစ်သူက ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့တာနဲ့ ဆက်နွယ်ပြီး တရားစွဲခံရတာပါ။ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ နှုတ်ပိတ်ခအနေနဲ့ ပေးခဲ့တာလို့ စွပ်စွဲထားပါတယ်။ ထရမ့်ဘက်ကတော့ ငွေပေးချေမှုတွေက ငွေညှစ်ခံရတာကို […]

ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုက MOU မြန်မာလုပ်သား တစ်ထောင်ကျော်ကို အလုပ်ထုတ်

diz_admin

March 31, 2023

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ အီလက်ထရောနစ်စက်ရုံမှ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့်ဝင်လာသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို ယမန်နေ့ (မတ် ၃၀)က စာချုပ်ဖျက်သိမ်းခဲ့ပြီး အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ စက်ရုံသည် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ Cal-Comp Electronics စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၆၀ ဦးကို နစ်နာကြေးအနည်းငယ်သာပေး၍ အလုပ်မှ ရုတ်တရက်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်ထုတ်ခံရသော အလုပ်သမားအများစုသည် မြန်မာအေဂျင်စီများနှင့် တရားဝင်စာချုပ်ချုပ်ကာ MOU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများ ဖြစ်ကြပြီး လုပ်သက် ၁ နှစ်ကျော်နှင့် ၁ နှစ်အောက်၊ ၂ လ၊ ၃ လ သာရှိသေးသော အလုပ်သမားများဖြစ်ကြကြောင်း သိရသည်။ “ကျွန်တော်တို့က အမှန်တရားဘက်က လိုချင်တာပါ။ ၂ လ ၃ လသမားလေးတွေ ထုတ်လိုက်တော့အစ်ကိုရာ။ လာတဲ့ စရိတ်တောင် မကျေသေးတဲ့လူတွေလေ။ […]

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အားတိုးချ

diz_admin

March 31, 2023

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့် ချထားကာ တပ်စွဲလာကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေဖြူမြို့ အထက်‌တန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ဖြင့် တပ်စွဲထားသည်ကို မတ်လ ၂၉ ရက်တွင် တပ်အပြောင်းအလဲလုပ်ကာ အင်အားဆယ်နှင့်ချီ တိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် ရပ်တော်မူဘုရာကုန်းတွင်လည်း အင်အားဆယ်ချီ ချထားကာ တပ်စွဲထားလိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရပ်တော်မူဘုရားကုန်းမှာလည်း စစ်ကောင်စီတပ်များ မကြာခဏ လာရောက်တပ်စွဲဖူးသည့် နေရာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြေသယ်ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အခုရောက်နေတဲ့တပ်က အရမ်းကြမ်းတယ်ဆိုပြီး ပြောနေကြတယ်။ ဒီတစ်ခါ (တပ်စွဲထားတာ) ပိုကြာမယ်ထင်တယ်” ဟု အထက်ပါမြို့ခံက ဆက်လက်ပြောဆိုသည်။ တပ်စွဲရန် လာရောက်သည့်နေ့က ရေဖြူမြို့မှ သ‌‌ဗြေဇွန်းကျေးရွာဖက်သို့ထွက်သည့် လမ်းကြောင်းတစ်လျှောက် မိုင်းရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း […]

ပုလောရဲစခန်းနှင့် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးသီးချခံရ

diz_admin

March 31, 2023

မြိတ်ခရိုင်၊ပုလောမြို့ရှိ ရဲစခန်းအပါအဝင် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ ထုတ်ပြန်ချက်အရသိရသည်။ မတ်လ ၂၉ ရက်ညနေ ၃ နာရီတွင် ပုလောမြို့၊အမှတ် ၁ တံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ဗွီဒီယိုရုပ်သံနှင့် တကွထုတ်ပြန်ထားသည်။ ဗုံးမှာ စစ်ဆေးရေးဂိတ် ဘန်ကာအတွင်း ကျခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ဒုတိယဗုံးမှာ ရဲစခန်းရှေ့ရပ်ထားသည့် ကားနှစ်စီးအကြား ကျရောက်ခဲ့ပြီး ဗုံးအားနည်းချက်ကြောင့် ပေါက်ကွဲခြင်းမရှိခဲဟုဆိုသည်။ ဆက်လက်ပြီး တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “အမှတ် ၁ တံတားနဲ့ ရဲစခန်းနှစ်နေရာ ဒရုန်းနဲ့ချခံရတယ်။ အထိအခိုက်ရှိတယ်လို့ကြားတယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိရဘူး။ ဘယ်သူမှလည်း သွားမစပ်စုရဲဘူး”ဟု ပုလောဒေသခံ အမျိုးသား ကပြောသည်။ […]