မောတောင်လမ်းတွင် နှစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်၊ ဒေသခံနှစ်ထောင်နီးပါးတိမ်းရှောင်
diz_admin
April 3, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်လမ်း၌ ဧပြီလ ၁ ရက်နေ့နှင့် ၂ရက်နေ့တို့တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့တွင် မောတောင်ကားလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီတပ်အပါအဝင်ပျူစောထီးနှင့် BGF ပူးပေါင်းတပ်တို့နှင့် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၁) က ယနေ့ ဧပြီလ ၃ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းနောက် ဧပြီလ ၂ ရက်နေ့ နံနက်တွင်လည်း တစ်နာရီခန့်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါ တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ပြီး […]


