ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွန်းစု ပကဖ အမည်သုံးပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ပကဖထုတ်ပြန်

diz_admin

April 5, 2023

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် အမည်ကိုအသုံးပြုပြီး အမည်မသိအဖွဲ့တစ်ခုက ပြည်သူများထံ ဖုန်းဆက် ခြိမ်းခြောက် ငွေကြေးတောင်းခံနေကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၄ရက်တွင် ထုတ်ပြန်သည်။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ဒေသခံပြည်သူများထံ ဖုန်းဆက်ပြီး ငွေကြေးတောင်းခံခြင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ ကျွန်းစု ပကဖ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ ပြည်သူများထံသို့ ဖုန်းဆက်ပြီး ငွေကြေးတောင်းခံမှုများ အလျဉ်းမရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ငွေကြေးတောင်းခံခြင်းသည်လည်း ကျွန်းစုမြို့နယ် ပကဖ နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ နောက်နောင် ငွေကြေးတောင်းခံမှုများ ပြုလုပ်လာပါက ပြည်သူများအနေဖြင့် မှတ်တမ်းများရယူထား၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Facebook Page Messenger မှတစ်ဆင့် သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကျွန်းစုမြို့နယ်အတွင်း အနည်းဆုံး ကျေးရွာငါးရွာခန့် […]

ထားဝယ်နိုင်ငံရေးကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုး စစ်ကိုင်းစစ်ဆင်ရေးတစ်ခုတွင် ကျဆုံး

diz_admin

April 4, 2023

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုးသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ဆင်ရေးတစ်ခုတွင် မိုင်းမတော်တဆမှုကြောင့် ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက ကျဆုံးသွားကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။ အသက် ၂၄ နှစ်အရွယ် ကိုချစ်ဝေယံဖြိုးသည် ထားဝယ်မြို့ပြပြောက်ကျားသပိတ်များတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလတွင် ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-က၊ ၅၀၅-ဂ၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ၆ လခန့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု ဆိုသည်။ စစ်သင်တန်းဆင်းပြီးနောက် Armed Revolutionary Force (ခင်ဦး) တွင် ၂၀၂၃ ခုနှစ် မတ်လအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ARF က ရဲဘော်တဦးက […]

သရက်ချောင်း သိမ်ကုန်းကျေးရွာအနီးတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

diz_admin

April 4, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ကားဖြစ်ပြီး ကားပေါ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ ဇနီးများ လိုက်ပါလာသည်ဆိုသည့် သတင်းအရ ဧပြီလ ၃ရက်က တားဆီးစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ဆေးပြီးနောက် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကိုမူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း‌ PDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သတင်းပေးပို့ချက်အရတော့ ဒလန်တွေ၊ ပျူတွေနဲ့ ပတ်သက်တယ်ဆိုပြောတယ်။ အတိအကျ မသိရသေးဘူး” အထက်ပါတာဝန်ရှိသူက ဆိုသည်။ […]

ပုလော ရှပ်ပုံရွာသားခုနစ်ဦး ဖမ်းဆီးခံရ

diz_admin

April 4, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာက ဒေသခံအမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဧပြီလ ၃ ရက်နေ့တွင် ရှပ်ပုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ မေးမြန်းကြောင်း ၎င်းတို့က ပြောသည်။ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ရော်ဘာချက်နေသည့် အမျိုးသား ငါးဦးနှင် နောက်ထပ်လူငယ်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ “လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်။ ဆိုင်ကယ်က ရှစ်စီးပါသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မတ်လ ၂၉ရက်က ပုလောရဲစခန်းနှင့် ပုလောတံတားစစ်ဆေးရေးဂိတ်တို့ ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချ တိုက်ခိုက် ခံရပြီးနောက် ပုလောမြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရှာဖွေလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖမ်းဆီးခံရသူများမှာ ရွာတွင် ရိုးသားစွာနေထိုင်ပြီး […]

မလေးရှားတွင် မဖြစ်မနေ သေဒဏ်ပေးမှုစနစ် ပယ်ဖျက်ရန်ဆုံးဖြတ်

diz_admin

April 4, 2023

မလေးရှားနိုင်ငံ၏ မဖြစ်မနေသေဒဏ်ချမှတ်မှုစနစ်ကို ဖယ်ရှားရန် ဧပြီလ ၃ ရက်နေ့တွင် ပါလီမန်တွင်း မဲခွဲဆုံးဖြတ်လိုက်ကြသည်။ ယခင် ဥပဒေ တွင် သေဒဏ်ချမှတ်နိုင်သော  ပြစ်မှု ၃၄ မှု အထိ ရှိသော်လည်း လူသတ်မှုနှင့် အကြမ်းဖက်မှု အပါအဝင် ကြီးလေးသော ရာဇ၀တ်မှု ၁၁ မှု အတွက် မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖယ်ရှားရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ တရားသူကြီးများသည် ခြွင်းချက်ကိစ္စများတွင် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ သေဒဏ် အစားထိုး ချမှတ်နိုင်သည့် ပြစ်ဒဏ်များအနက် ကြိမ်ဒဏ် အပြင် သတ်မှတ်ထားသည့် အခြေအနေများအပေါ် မူတည်ပြီး နှစ် ၃၀ မှ ၄၀ အထိ ထောင်ဒဏ် စသည်တို့ ပါဝင်သည်။ ယခုမဲခွဲဆုံးဖြတ်မှုကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရန် အထက်လွှတ်တော်ကို ဆက်လက် တင်သွင်းရဦးမည်ဖြစ်ပြီး ဤအဆင့်ကိုလည်း […]

လောင်းလုံးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

diz_admin

April 4, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာဈေး ၂ ဈေးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ယနေ့ (ဧပြီ ၄)ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – DDMSC

လောင်းလုံးမြို့ပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေဟုဆို

diz_admin

April 3, 2023

လောင်းလုံးမြို့ပေါ်တွင် ဧပြီလဆန်းပိုင်းအတွင်း ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေကြရသူများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၃၁ ရက်က လောင်းလုံးမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးရောက်ရှိလာပြီးနောက် ဖမ်းဆီးစစ်ဆေးမှု များပြားနေခြင်းဖြစ်သည်ဟုဆိုသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားနေဆဲ NLD ပါတီဝင်များနှင့် သာမန်အရပ်သားများ၊ CDM ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ “သူတို့မှာ စာရင်းရှိပြီးသားပုံစံဖြစ်မယ်။ အိမ်တွေကို ဝင်ဝိုင်းပြီးတော့ ဖမ်းတာ။ အဖမ်းခံရသူက ကျွန်တော်သိတာတောင် တစ်ဆယ်ကျော်လောက်ရှိတယ်။ ကျွန်တော်မသိသေးတာလည်း ရှိသေးတယ်” ဟု တိမ်းရှောင်နေရသည့် မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာသည့်နေ့မှစပြီး နေ့ရောညပါ နေအိမ်များကို ဝင်ရောက်ရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံအချို့ရှိလာကြောင်း ၎င်းက ဆိုသည်။ ယနေ့အချိန်အထိ ဖမ်းဆီးနေဆဲဖြစ်သောကြောင့် အဖမ်းခံရသူများ၏ စာရင်းတိတိကျကျမေးမြန်းနိုင်ရန် ခက်ခဲလျှက်ရှိသည်။ ယခင်က လောင်းလုံးမြို့ပေါ်တွင် […]

မြိတ်-ဘုတ်ပြင်းလမ်း ပိတ်ထားလိုက်ပြီ ပြည်သူ့ကာကွယ်ရေးတပ် အရေးပေါ်ထုတ်ပြန်

diz_admin

April 3, 2023

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းအား ယနေ့ ဧပြီ ၃ ရက်တွင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ အရေးပေါ်ထုတ်ပြန်လိုက်သည်။ တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို ပိတ်လိုက်ပြီးနောက် သုံးရက်အကြာတွင် မြိတ်-ဘုတ်ပြင်း လမ်းကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ယာဉ်များ အသုံးပြုသွားလာခြင်း မပြုကြရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   ပြည်ထောင်စုလမ်းပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူလူထုထိခိုက်မှု မရှိအောင် တားမြစ်ခြင်းဖြစ်သည်ဟုဆိုသည်။ တားမြစ်ချက်ကို လိုက်နာပေးကြရန် ပြောဆိုထားပြီး ယခုတားမြစ်ချက်မှာ ကြေညာချက်ကို ပြန်လည် မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။ တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းပေါ်တွင် နေ့စဉ်နှင့်အမျှ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် ယင်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ပင်ခဲ့သည်။ မောတောင်လမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေရာမှ လက်ရှိတွင် […]