ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုကိုးကျွန်းတွင် တရုတ်ထောက်လှမ်းရေး စခန်းရှိနိုင်ကြောင်း သံသယဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်

diz_admin

April 2, 2023

မကြာသေးမီက ရရှိထားသည့် မြန်မာနိုင်ငံ ကိုကိုးကျွန်းစုနှင့် သက်ဆိုင်နေသော ဂြိုလ်တုဓာတ်ပုံများအရ တရုတ်ထောက်လှမ်းရေး အခြေစိုက်စခန်း ဖြစ်ဖွယ်ရှိသောပုံရိပ်များကို တွေ့ရှိရကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနများက တင်ပြခဲ့ကြသည်။ ယခုနှစ် ဇန်နဝါရီလတွင် မက်ဆာ နည်းပညာ ကုမ္ပဏီမှ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ ကိုကိုးကျွန်းဒေသတွင်း တည်ဆောက်မှုအသစ်များအဖြစ်  အလယ်ဗဟိုတွင် မကြာသေးမီက တည်ဆောက်ထားသော သိုလှောင်ရုံနှစ်ခု ၊ မြောက်ဘက်ရှိ အဆောက်အအုံ အသစ်အချို့နှင့် ကြီးမားသော ဆိပ်ခံတံတားတစ်ခု တို့နှင့်အတူ ရေတပ်ရေးရာ လှုပ်ရှားမှုများကို အရှိန်မြှင့်နိုင်သည့် ဆိပ်ခံတံတားကြီးတစ်ခု စသည်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာ့မြေ ပိုင်နက် ၊ ကိုကိုးကျွန်းစုကို တရုတ်အစိုးရက စစ်ရေးအရ ဗျူဟာမြောက်ကျွန်းအဖြစ် ကြိုးကိုင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံက ကာလကြာရှည်စွာ သံသယဝင်နေလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ကိုကိုးကျွန်းစုသည် မဟာဗျူဟာကျကျ တည်ရှိနေသည့် […]

တနင်္သာရီရေးရာ တစ်ပတ်တာ

diz_admin

April 2, 2023

မတ်လ ‌၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို စုစည်းဖော်ပြမယ့် တနင်္သာရီရေးရာ တစ်ပတ်တာကို အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ မတ်လ ၂၆ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် ဖြစ်ပွားခဲ့သော သတင်းများကို တင်ဆက်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား သတင်းတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ထားဝယ်တိုင်းရင်းသားများပါတီကို စစ်ကောင်စီဖျက်သိမ်း NLD ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ကန့်သတ်ချက်များစွာပါတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့တဲ့ဇန်နဝါရီလက ပြဋ္ဌာန်းထားတာပါ။ ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း […]

အန္တရာယ်ရှိ PM2.5 အခြေအနေနှင့်ပတ်သက်၍ ပရာယွတ်အပေါ် စွဲချက်တင်ထားမှု ချင်းမိုင်တရားရုံးပယ်ချ

diz_admin

April 2, 2023

ထိုင်းနိုင်ငံ၏ မြောက်ပိုင်းခရိုင်တွင် လက်ရှိကြုံတွေ့နေရသော အန္တရာယ်ရှိ PM2.5 ဖုန်မှုန့်များ လွှမ်းနေသည့်အပေါ် တာဝန်ပေါ့ဆမှုအတွက် ချင်းမိုင်ဒေသခံပြည်သူအချို့က ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအား တရားစွဲဆိုခဲ့မှုကို ချင်းမိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေး တရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ပယ်ချခဲ့သည်။ သက်ဆိုင်ရာ အစိုးရဌာနများက ဤသို့သော လေထုညစ်ညမ်းနေသည့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များကို အကောင်အထည် ဖော်နေပြီ ဖြစ်သည့်အတွက် ချင်းမိုင်တရားရုံးအနေနှင့် အဆိုပါ ကြေညာချက်ကို ကိုင်တွယ်စီရင်မည် မဟုတ်ကြောင်း ဆုံးဖြတ်အမိန့်ချခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ရိတ်သိမ်းပြီးသည့်နောက် ပေါင်းပင်မီးရှို့မှုများ ၊ တောမီးလောင်မှုများ စသည်တို့မှ မီးခိုးငွေ့များကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင်း ပြည်နယ်များတွင် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ယင်းမီးခိုးငွေ့များသည် ဘေးကင်းသောအဆင့်ထက် ကျော်လွန်ကာ အချင်း ၂.၅ မိုက်ခရိုရွန်ထက် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

April 1, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂၆ ရက်နေ့ မှ ဧပြီလ ၁ ရက်နေ့အထိ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရ၊ ပြည်သူရှိသမျှ ပါတီရှိမယ်လို့ NLD တုံ့ပြန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် မှတ်ပုံပြန်မတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ စစ်ကောင်စီဟာ NLD ပါတီကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် ရှိရှိလုပ်ခဲ့တာဖြစ်ပြီး NLD အနေနဲ့ကတော့ ပြည်သူလူထု အဆုံးအဖြတ်ကိုသာ ခံယူတာဖြစ်လို့ ပြည်သူရှိနေသမျှ ပါတီဆက်ရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ NLD […]

စစ်ကောင်စီ၏ ရေဖြူဗျူဟာကုန်း အတိုက်ခံရ၊ အနီးဝန်းကျင်မှ ဒေသခံများ အမြန်ဆုံးထွက်ခွါရန် သတိပေး

diz_admin

April 1, 2023

စစ်ကောင်စီတပ်၏ ရေဖြူဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၂ က ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ယင်းစခန်းအနီးဝန်းကျင်တွင် နေထိုင်သူများ အမြန်ဆုံးထွက်ခွါကြရန် သတိပေးချက် ထုတ်ပြန်လိုက်သည်။ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ မောတောင်လမ်းပိုင်းရှိ ရေဖြူဗျူဟာကုန်းကို ယနေ့နံနက်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ခရီးသွားပြည်သူများ သွားလာနေသည့်အတွက် အခြေအနေအရ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကြောင့် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ယာဥ်များ လုံးဝ(လုံးဝ) သွားလာခြင်းမပြုကြရန် တိုက်တွန်းကြောင်းနှင့် ယင်းဗျူဟာကုန်းအနီး နေထိုင်သူများသည်လည်း အဆိုပါနေရာမှ အမြန်ဆုံးထွက်ခွါရန် သတိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။ ရေဖြူဗျူဟာကုန်းအနီးတွင် လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်ရောင်းချနေသည့်နေအိမ် အပါအဝင် နေအိမ်ဆယ်လုံးဝန်းကျင်ခန့်ရှိနေပြီး ရွှေကမ္ဘောဇဆီအုန်းကုမ္ပဏီလည်း ယင်းနှင့်မလှမ်းမကမ်းတွင် ရှိသည်ဟု ဒေသခံများကပြောသည်။ “အဲဒီနားမှာ ရိုးရိုးအရပ်သားသိပ်မရှိဘူး။ […]

ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု တရုတ်နိုင်ငံ ခြိမ်းခြောက်

diz_admin

April 1, 2023

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု တရုတ်အစိုးရက ခြိမ်းခြောက်ထားသည်။ သူမကို နိုင်ငံတွင်း ဖြတ်သန်းခွင့်မပြုရန်နှင့် လက်ခံတွေ့ဆုံမည်ဆိုပါက တရုတ်အစိုးရ အပေါ် ရန်စမှု ဖြစ်လာလိမ့်မည် ဟု အမေရိကန်အစိုးရ ကိုလည်း တိုက်တွန်းထားသည်။ ဆိုင်အင်ဝမ် သည် အမေရိကတိုက် အလယ်ပိုင်းမှ မဟာမိတ်များဖြစ်သော ဘာလိစ် နှင့် ဂွာတီမာလာ နိုင်ငံများသို့ ၁၀ ရက်ကြာ အလည်အပတ်ခရီးအဖြစ် မတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ထိုင်ဝမ်မှ ထွက်ခွာလာခဲ့သည်။ အဆိုပါ ခရီးစဉ်၏ ရပ်နားနေရာများအဖြစ် အသွားခရီးလမ်းတွင် နယူးယောက်နှင့် အပြန်ခရီးလမ်းအတွက် လော့စ်အိန်ဂျလိစ်တို့ ပါဝင်ပြီး နှစ်နေရာလုံးသည် အမေရိကန်ပြည်ထောင်စု၏ မြို့များ ဖြစ်သည်။ ဆိုင်အင်ဝမ်သည် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် […]

အင်အားကြီး(နိုင်ငံ)တစ်ခုခု၏ ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြော

diz_admin

April 1, 2023

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အရှေ့တောင်အာရှဒေသတွင်း ရပ်တည်နေသည့် မိမိတို့နိုင်ငံအတွက် ရှေ့ဆက်ဆုံးဖြတ်ချက်များနှင့် အနာဂတ်လမ်းကြောင်းကို ဝင်ရောက်စွက်ဖက်မည့် မည်သည့်အင်အားကြီး (နိုင်ငံ) ကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း မတ်လ ၃၁ရက်နေ့တွင် ပြောကြားခဲ့သည်။ “ဘယ်သူမှ ကျွန်ုပ်တို့ (မလေးရှား) ကို မချုပ်ကိုင်သင့်ပါဘူး။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်ုပ်တို့အတွက် ဘယ်လိုအရာ အကောင်းဆုံးလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်မှာပါ” ဟု ၎င်း၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်၏ သုံးရက်မြောက်နေ့တွင် အန်ဝါက ဘနားမား သတင်းဌာနကို ပြောကြားခဲ့သည်။ “နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ မူဝါဒတွေ တကယ် လုပ်ဆောင်နိုင်အောင် အဓိက တန်ဖိုးထားမှုတွေနဲ့ စည်းမျဉ်းတွေကို အခြေခံပြီး ကျွန်ုပ်တို့ ဆုံးဖြတ်တာပါ” “အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ကို […]

နခံတောရွာလယ်ကျောင်းဆရာတော် ပျံလွန်တော်မူ

diz_admin

April 1, 2023

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရွာလယ်ကျောင်းဆရာတော်ဘဒ္ဒန္တ ဦးဝါယမသည် ယနေ့ ဧပြီလ ၁ ရက် နံနက် ၈နာရီဝန်းကျင်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တကာမများထံမှသိရသည်။ ဆရာတော်သည် ၉၆ ပါးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါ ရှိပြီဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာမများက ပြောသည်။ “အာရုဏ်ဆွမ်းဘုဉ်းပေးချိန်ထွက်မလာသေးလို့ ဝင်ကြည့်တော့မှ ဆရာတော်က ပျံလွန်တော်မူနေတယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။ ဆရာတော်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက နခံတောရွာလယ်ကျောင်းကို တပည့်ဆရာတော်ဖြစ်သူ ဦးပညာဝံသကို အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။ ထို့နောက် ဆရာတော်မှာ ကျောင်းသင်္ခမ်းငယ်ဖြင့် တစ်ပါးတည်း သီတင်းသုံးနေထိုင်၍ သာသနာရေးလုပ်ငန်းများကို ဆောင်ရွယ်နေခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။ ဆရာတော်၏ လောကီ၊ လောကုတ္တရာ […]