စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင်သည့် ရေခဲပုံးများကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးမီးရှို့
Dawei Watch
November 14, 2023သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ရေခဲပုံးအလွတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကာယကံရှင်ထံမှ သိရသည်။ ငါးပုဇွန်ကဲ့သို့ ရေထွက်ကုန်ပစ္စည်းထည့်သည့် နှစ်ရာလီတာဝင် ရေခဲပုံးရှစ်လုံးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အောက်သရက်ချောင်းရွာနှင့် ပိတောက်ကြီးရွာကြားတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ကျောက်ဆည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် စစ်ကောင်စီ ကြည်းတပ်၊ ရေတပ်များနှင့်ပေါင်းကာ သရက်ချောင်းအောက်ဘက်ခြမ်းရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများထံက ရေထွက်ကုန်များကို ဈေးနှိမ်ဝယ်နေကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ၎င်းထံ ရေထွက်ကုန်မရောင်းသည့် ငါးဖမ်းလှေများကို စစ်ကောင်စီတပ်အား တိုင်ကြားကာ ဖမ်းခိုင်းခြင်းများရှိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရေလုပ်သားတွေထံက ငါးတွေကို မတန်လေး မတန်ဆနဲ့ သူ့ကိုရောင်းပေးရတယ်၊ သူ့ကိုမရောင်းပေးရင် (စစ်)ကောင်စီနဲ့ တိုင်ပြီးဖမ်းတယ်။ အဲလိုမျိုးလုပ်လို့ ကျွန်တော်တို့က ဖျက်ပစ်ရတာဖြစ်တယ်” […]


