ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်က ဘန်လောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

Dawei Watch

August 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲမရှိဘဲ ဩဂုတ်လ ၂၄ရက် ည ၈ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခဲ့သလို ယနေ့ ဩဂုတ်လ ၂၅ရက် နံနက် ၁၁ နာရီကလည်း ထပ်မံပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘန်လောလမ်းဆုံမှာ လာကျနေတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး။ လက်ရှိတော့ ငြိမ်သွားပြီ။ ဘယ်အချိန် ထပ်ပစ်ဦးမလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဩဂုတ်လ ၂၄ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဘန်လောကျေးရွာတံတားရှိ စဝ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က […]

ကွမ်းသီးပင်ပေါ်မှ ပြန်မဆင်းနိုင်သည့်ကြောင်ကို ထားဝယ်မီးသတ်ကယ်ဆယ်ခဲ့ရ

Dawei Watch

August 25, 2023

ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်၊ စံပယ်လမ်းတွင် ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ကွမ်းပင်ပေါ်တက်ပြီး ပြန်မဆင်းနိုင်တော့သည့် ကြောင်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ ယနေ့ နံနက် ၈ နာရီခန့်က ကြောင်ပိုင်ရှင်၏ အကူညီတောင်းခံချက်အရ ဒုဦးစီးမှူးဦးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင် ငါးဦး သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ ရွှေဝါရောင်ကြောင်မှာ လမ်းမဘေးရှိ နေအိမ်ခြံထောင့်တွင်ရှိသော ကွမ်းသီးပင်၏ ထိပ်တွင်တက်ရောက်နေခြင်းဖြစ်သည်။ အဆိုပါကြောင်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား၊ လှေကားတို့အသုံးပြုကာ ကယ်ဆယ်ခဲ့ရပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ရှစ်လအတွင်း မီးလောင်မှု ၁၄မှု၊ သဘာဝဘေးခြောက်မှုတို့ကို ဒေသခံပရဟိအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ‌ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ […]

ကော့သောင်း မလိဝမ်းရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး ရွာသားများထိုင်းဘက်ထွက်ပြေးရ

Dawei Watch

August 25, 2023

ကော့သောင်းမြို့နယ် ထိုင်းနယ်စပ်ရှိ မလိဝမ်းကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မလိဝမ်းရွာသားအချို့က ပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ရွာသားအချို့ ကြောက်လန့်ကာ ထိုင်းဘက်သို့ လှေဖြင့်ထွက်ပြေးရကြောင်း မလိဝမ်းရွာသားတစ်ဦးက ဆိုသည်။ “သေနတ်သံတွေကြားရတာဆိုတော့ နီးရာထွက်ပြေးရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသဖြင့် ထွက်ပြေးခဲ့သည့် ရွာသားတစ်ရာခန့်လည်း ရွာသို့ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။ တိုက်ပွဲမဖြစ်မီ ဩဂုတ်လ ၂၁ ရက် ညဘက်အချိန်က မလိဝမ်းရွာနေ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသေးကြောင်း ရွာသားအချို့က ပြောဆိုသည်။ အဆိုပါ မလိဝမ်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ်ကောင်စီအင်အား ၅၀ ခန့်အား ကြိုတင်စောင့်ဆိုင်းပြီး ရှေ့ထွက်မိုင်းသုံးလုံး ဖောက်ခွဲကာ […]

ရန်ကုန်-မြိတ်ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦးဒဏ်ရာရ

Dawei Watch

August 25, 2023

ရန်ကုန်မြို့မှ မြိတ်မြို့သို့ထွက်ခွာလာသည့် ရွှေပုလဲသီယာဉ်လိုင်းက ခရီးသည်တင်မော်တော်ယာဉ်သည် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီကျော်က သံဖြူဇရပ်နှင့် ရေးမြို့ကြားရှိ လိမ္မောခြံရွာအနီးတွင် သေနတ်ဖြင့်ပစ်ခံရကြောင်း အထက်ပါယာဉ်လိုင်းထံမှ သိရသည်။ သေနတ်ဖြင်ပစ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ခရီးသည် ၃၂ ဦးအနက် မြိတ်မြို့သို့လိုက်ပါမည့် ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းက ပြောသည်။ “အဲဒီနေရာက အမြဲတမ်းစစ်ဆေးနေကျ နေရလည်းမဟုတ်ဘူး။ နောက်ပြီး အစောကြီးပဲ ရှိသေးတယ်။ မိုးကလည်း ရွာနေတော့ ဘေးမှာလည်း ရော်ဘာတောတွေနဲ့ မမြင်ရဘူးပေါ့နော်။ ရှေ့မှာလည်း ကားတွေကို စစ်ဆေးနေတာမျိုး လည်း မရှိတော့ ကားတားတာကို မမြင်လိုက်မိဘူး” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါပစ်ခတ်မှုကြောင့် ကား၏လက်ဝဲဘက်မှန်ကို ကျည်ဆံတစ်ချက်ထိမှန်ထားပြီး ခရီးသည်အမျိုးသား တစ်ဦး၏ နှုတ်ခမ်းနှင့် […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချ

Dawei Watch

August 25, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ တရားရုံးမှ ပုဒ်မ ၅၀၅(က) ဖြင့် ဩဂုတ်လ ၂၃ ရက် က ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်ပြီဟုဆိုသည်။ “အဓိက ကတော့ စစ်ကောင်စီက ၅၀၅(က) နဲ့ တရားစွဲတယ်။ အဲဒီပုဒ်မရဲ့ပြဌာန်းချက်တွေအရလည်း အဖေက ဘာတစ်ခုမှ ကျူးလွန်ထားတာမျိုးမရှိဘူး“ ဟုကိုမင်းလွင်ဦးကပြောသည်။ စစ်ကောင်စီက ပြည်သူလူထု တစ်ရပ်လုံးအပေါ် အခွင့်အရေး ချိုးဖောက်နေသည်မှာ ယခုလုပ်ရပ်က ပိုမိုမြင်သာထင်သာရှိသွားကြောင်း ၎င်းကဆိုသည်။ ဦးအောင်ဖေမှာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လေ့မရှိဘဲ အေးအေးချမ်းချမ်းနေသူ တစ်ဦးဖြစ်ကြောင်း၊ သားဖြစ်သူကို မမိသဖြင့် ဖခင်ကိုဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာနေအိမ်တွင် ဇွန်လ ၁၉ ရက်က […]

သရက်ချောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်

Dawei Watch

August 25, 2023

သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က ညနေပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့က ပြောသည်။ တောင်ပျောက်တိုက်နယ် ဝင်းကဖော်အနောက်ကမ်းမှ ပြန်ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဝင်းဝရွာဘက်မှ မင်းဒပ်၊ ကမြိုင်၊ ရငဲရွာဘက်ကို ခြေလျှင်ခရီးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။ ညနေ ၃ နာရီခန့်တွင် ကမြိုင်ရွာနှင့် ရငဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မိုင်းဆွဲခံရပြီးတဲ့နောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်၊ ပစ်ခတ်မှုဖြစ်တာ ၁ နာရီလောက်ကြာတယ်” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၂ ရက်မှစပြီး ရငဲရွာမြွေတောင်တွင် နှစ်လကျော်ကြာတပ်စွဲနေထိုင်ခဲ့သည့် […]

ထိုင်းဆိပ်ကမ်းဆောက်လုပ်ရေးတွင် စတီးပြားပြုတ်ကျ၍ မြန်မာလုပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

Dawei Watch

August 25, 2023

ထိုင်းနိုင်ငံ ရယောင်ခရိုင် ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စတီးပြားကို စက်ဖြင့်မတင်ရာမှ ကြိုးပြတ်ပြီး ပြုတ်ကျခဲ့သဖြင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  အခင်းဖြစ်ပွားမှုသည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပြီး ပင်လယ်ရေဝင်ရောက်မှုကို ကာကွယ်ပိတ်ဆို့ရာတွင် သုံးသော စတီးပြားကို စက်ဖြင့် ဆွဲတင်စဉ်တွင် သံကြိုးပြတ်၍ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။  ၆ မီတာခန့်ရှည်သော စတီးပြားပြုတ်ကျမှုကြောင့် အောက်တွင် အလုပ်လုပ်နေသော အလုပ်သမား ၄ ဦး ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် ကိုဇော်မင်းဦးအမည်ရှိသော မြန်မာအလုပ်သမားသည် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ ကျန်ဒဏ်ရာရရှိခဲ့သော မြန်မာအလုပ်သမား ၂ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦးသည် ဆေးကုသပြီး၍ အိမ်ပြန်ခွင့်ရရှိပြီဖြစ်သည်။ […]

ကျိုက်ထိုတွင် BGF ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီး ပစ်သတ်ခံရ

Dawei Watch

August 24, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီးတို့ ပစ်သတ်ခံရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KRF အဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ယနေ့ ဩဂုတ်လ ၂၄ရက် နံနက် ၉ နာရီခန့်က BGF က ဗိုလ်အဆင့်ရှိသူ ဝင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုးတို့သည် ကားဖြင့် ဈေးဝယ်ပြီးအပြန် လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ BGF ဗိုလ်အဆင့်ရှိသူနှင့် ဇနီးတို့ စီးနင်းလာသည့် ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။ ပစ်ခတ်ခံရမှုကြောင့် ဗိုလ်ဝင်းစိုးတွင် ဦးခေါင်း၊ ယာရင်ဘတ်၊ ယာဒူး ကျည်ထိမှန်ဒဏ်ရာရရှိပြီး […]