ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာလုပ်သား ၄ဝထံမှ ဘတ် ၁၁သိန်းကျော်လိမ်လည်ထွက်ပြေး

Dawei Watch

August 30, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာအလုပ်သမား ၄၀ဦးထံမှ ဘတ် ၁၁သိန်းကျော် လိမ်လည်ထွက်ပြေးသွားကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ စူကူဝစ်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအမျိုးသား ၃၂ဦး၊ အမျိုးသမီး ရှစ်ဦးတို့ထံမှ လိမ်လည်သွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်၊ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) လုပ်ရန်၊ အလုပ်ရှင်ပြောင်းလဲရန်တို့အတွက် ထိုင်းနိုင်ငံသား အလုပ်သမား ခေါင်းဆောင်ထံ ဘတ် ခြောက်သိန်းကျော် ပေးချေထားကြောင်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ တစ်လစာ လုပ်အားခငွေ ဘတ် ငါးသိန်းခွဲခန့်ကိုပါ ထိုင်းအလုပ်သမား ခေါင်းဆောင်က ယူပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်းက ဆိုသည်။ […]

မောတောင်နယ်စပ်တွင် ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီးသေဆုံး

Dawei Watch

August 30, 2023

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲ ၁နာရီက ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီး သေဆုံးကြောင်း တနင်္သာရီမြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။ မောတောင်နယ်စပ် အမှတ် ၃ ကျေးရွာရှိ ခြံတစ်ခုတွင် အဆိုပါဇနီးမောင်နှံ ငရုတ်သီးကောက်နေချိန်ခုတ်ထားသည့် ညောင်ပင်ကြီးလဲကျကာ ဖိမိခြင်းဖြစ်ကြောင်း ပရဟိတအသင်းတစ်သင်းမှ အသင်းတာဝန်ခံက ပြောသည်။ “ညောင်ပင်က ခုတ်ထားပြီးပြီ။ လဲတော့ မလဲကျသေးဘူး။ လင်မယားနှစ်ယောက်က ငရုတ်သီး‌ကောက်နေတာပေါ့။ အဲဒီအချိန်မှာ လေတိုက်ပြီးတော့ အပင်ကလဲကျလာပြီး ဖိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ အမျိုးသားဖြစ်သူသည် အပင်အောက်တွင် ပိနေပြီး၊ ဇနီးဖြစ်သူသည် အပင်၏ အခက်အလက်များနှင့် ရိုက်မိခဲ့ကာ နေရာတွင် သေဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။ သေဆုံးသည့် ဇနီးမောင်နှံနှစ်ဦးတို့သည် အသက် ၄၀ နှစ် […]

သဘော့ဆိပ်ရွာက လူငယ်တစ်ဦး ခွေးရူးပြန်ရောဂါဖြင့်သေဆုံး

Dawei Watch

August 29, 2023

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာက အသက် ၁၆ နှစ်အရွယ် လူငယ်ယောက်ျားလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဩဂုတ်လ ၂၈ ရက်က သေဆုံးကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။ အဆိုပါလူငယ်သည် ခွေးကိုက်ခံရပြီးနောက် မေးခိုင်ကာကွယ်ဆေးထိုးကာ လှေလိုက်သွားရာ ၂လအကြာတွင် ခွေးရူးပြန်ရောဂါဖြစ်ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း အထက်ပါအသင်း ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “ခွေးကိုက်ခံထိပြီးမှာ အဲ့ဒီလူနာက မေးခိုင်းကာကွယ်ဆေးထိုးပြီးတော့ လှေနဲ့ ပင်လယ်ထွက်သွားတယ်ဆိုပြောတယ်။ အနာကောင်းသွားတယ်ဆိုတော့ ဒီတိုင်းပဲနေ နေတာပေါ့။ ပြီးမှ အခုမှပြန်ပြီးဖြစ်လာတာပေါ့” ဟု ၎င်းက ဆိုသည်။ သေဆုံးသွားသည့် လူငယ်ရုပ်အလောင်းကို မိသားစုက ရွာကိုပြန်သယ်လိုသော်လည်း ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ဆေးရုံနှင့် ပရဟိတအဖွဲ့က ခွင့်မပြုသဖြင့် ထားဝယ်မြို့ရှိ ဇဟာသုသန်တွင် မီးသင်္ဂြိုဟ် လိုက်ကြောင်း ပရဟိတအသင်းအဖွဲ့အချို့၏ […]

ထားဝယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲ

Dawei Watch

August 29, 2023

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရဘဲ ဖြစ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ဩဂုတ်လ ၂၈ ရက်ကစပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ ကားတစ်စီးလျှင် ကျပ်တစ်သောင်းဝန်းကျင် စသည့်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဆိုသည်။ “ကမ်းနားဆီဘောမှာသွားဝယ်ရင်တော့ ပုံးတွေနဲ့ နဲနဲပါးပါး ရောင်းပေးတာတော့ရှိတယ်။ မြို့ထဲက ဆီဆိုင်ကြီးတွေ ဥပမာ DPPC ဆိုင်မှာဆို ပုံးနဲ့ဝယ်ရင်မရောင်းပေးဘူး။ ဆိုင်ကယ်ထဲ ဆီအပြည့်ထည့်ချင်ရင် ဟိုဆိုင်မှာ ငါးထောင်၊ ဒီဆိုင်မှာ ငါးထောင် လိုက်ထည့်ရင်တော့ရတယ်” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၉ ရက် နေလယ် ၂ နာရီခန့်က ပြောဆိုသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့ကို ဆက်သွယ်မေးမြန်းရာ အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး အချို့ကမူ ကန့်သတ်မထားဘဲ ရောင်းချပေးနေကြောင်း […]

ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်

Dawei Watch

August 29, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့် ပတ္တရားရဲစခန်းသို့ ထိုင်းဆိုင်ပိုင်ရှင်များက လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းရဲဟန်ဆောင်ထားသော အမျိုးသားများသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်းဘာသာဖြင့် ရေးသားထားခြင်းမရှိသော မြန်မာပစ္စည်းများသည် FDA ခွင့်ပြုချက်မရှိသဖြင့် ရောင်းချခွင့်မရှိဘဲ သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ရှင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ အကယ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၂ သိန်းမှ ၃ သိန်းအထိ ဒဏ်ငွေပေးဆောင်ရန် အရေးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြထားသည်။ ဆိုင်ရှင်က ကြောက်လန့်ပြီး ရဲဟန်ဆောင်ထားသူများကို ဘတ် ၂၀၀၀၀ […]

တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးထိမှန်ပြီး ရဲတပ်သားတစ်ဦး၏ မိခင်ဒဏ်ရာရ

Dawei Watch

August 29, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးကျည်ထိမှန်ပြီး မောတောင်ရဲစခန်းက ရဲတပ်သားတစ်ဦး၏ မိခင် ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂၈ရက် ည ၇ နာရီဝန်းကျင်က တပ်ဦးရပ်ကွက်တွင်ရှိသည့် ရဲတပ်သား၏ မိခင်နေအိမ် လက်နက်ကြီး ကျည် ထိမှန်ပြီး ရဲတပ်သား၏မိခင် အသက် ၅၉နှစ်ရှိ ဒေါ်ညွန့် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ “သူအိမ်မှာ လက်နက်ကြီးလာကျပြီး ထုတ်တန်းပြုတ်ကျပြီး ရိုက်မိတာ နဖူးမှာ ဒဏ်ရာရသွားတယ်။ တော်သေးတယ်။ လက်နက်ကြီးက မပေါက်ဘူး။ ပေါက်ရင် သေပြီ” ဟု အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်မှာ အိမ်နံဘေးရှိ မြေကြီးသို့ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသမီးကို ညတွင်းချင်း ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအမျိုးသမီးကြီးက […]

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း ၂ ခုကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

August 29, 2023

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ခုကို ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက မောင်းသူမဲ့လေယာဉ် SF-Z ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေး ပူးပေါင်းလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့များက ပူးတွဲထုတ်ပြန်သည်။ မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ၏ မိုးကြိုးစစ်ဆင်ရေးအမှတ် ၂ အဖြစ် စစ်ကောင်စီ၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် (၆၁) ခြေလျင်တပ်ရင်းတို့ကို ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ “လေယာဥ် ၃ စီးအသုံးပြုပြီး ၊ နေရာတခုမှာ ဗုံး ၂ လုံးစီချခဲ့နိုင်ခဲ့တယ်။ မိုးတအားကြီးလို့ ရာသီဒဏ်နဲ့ လေယာဥ်တစ်စီးကတော့ ပျက်စီးသွားတယ် “ ဟု ရေးလေတပ်တာဝန်ရှိသူက ပြောသည်။ ဗုံးကျဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်က […]

ပုလော ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အော်သာရွာသားတစ်ဦးအဖမ်းခံရ

Dawei Watch

August 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာသားတစ်ဦး အသတ်ခံရပြီး အော်သာရွာသားတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကြဲရွာနေ အသက် ၄၀ အရွယ် ဦးကျော်သူလွင်ဆိုသူ မီးလောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့က အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ မီးလောင်ချောင်းရွာရှိ ဦးလေးတော်စပ်သူ ဦးတင့်လွင်၏ ရော်ဘာခြံသို့ လာရောက်စဉ် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကော်ပတ်ချက်သမား (ရော်ဘာချက်သူ) တွေကို ကားနဲ့ လာပို့ချိန် အသတ်ခံရတာ” ဟု ၎င်းက ဆိုသည်။ ဦးကျော်သူလွင်သည် ကြဲရွာတွင် မနေသည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ယခင်ကသွားလာဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးကျော်သူလွင် အသတ်ခံရပြီးနောက် မီးလောင်ချောင်းရွာရှိ ဦးတင့်လွင်၏ ခြံဝင်းအတွင်းရှိ ရော်ဘာဂိုဒေါင်၊ မိုင်းခံရုံနှင့် နေအိမ်ကိုလည်း အထက်ပါလက်နက်ကိုင်လူတစ်စုက […]