ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်

Dawei Watch

September 1, 2023

တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်‌ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။ တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ဖူးခက်မြို့ရှိ စမ်းကော်ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။ “ပြည်တွင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ တတ်စွမ်းသမျှ ပါဝင်မယ်ပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က စူရတ်ဌာနမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖူးခက်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အသင်းဝင်ကြေးအနေဖြင့် ဘတ် ၄၅၀၀ ဖြင့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၃ […]

မော်လမြိုင်တွင် သောက်ရေသန့်တစ်ဗူး ကျပ်သုံးရာဈေးတက်

Dawei Watch

September 1, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀ လီတာဗူး သောက်ရေသန့်ဈေးနှုန်းကို စက်တင်ဘာလ ၁ ရက်နေ့မှစပြီး ကျပ် သုံးရာဈေးတိုးမြှင့်ရောင်းချနေကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။ ၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ခုနစ်ရာဖြင့် ရောင်းချနေရာမှ စက်တင်ဘာလ ၁ ရက်နေ့မှစပြီး တစ်ထောင်ကျပ်ဖြင့် ရောင်းချနေကြောင်း ၎င်းတို့က ပြောသည်။ အထွေထွေကုန်ကျစရိတ်များ မြင့်မားလာမှု၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာမှုနှင့် ရေသန့်လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဈေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တို့က ဆိုသည်။ မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကြပြီး သောက်ရေသန့် ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ကုန်ဈေးနှုန်းတွေကလည်း တက်တယ်။ စက်သုံးဆီဆိုရင်လည်း တက်တယ်။ နောက်ပြီးတော့ ရေသန့်လုပ်ငန်းသုံး ပစ္စည်းတွေလည်း ဈေးတက်တော့ ဒီအခြေအနေမှာ ရေသန့်လုပ်ငန်းရှင်တွေအားလုံး ညှိနှိုင်းကြပြီးတော့ ရေသန့်တစ်ဗူး […]

သက်ဆင်ကို ထောင် တစ်နှစ်သာကျခံစေရန် ပြစ်ဒဏ်လျှော့ပေါ့

Dawei Watch

September 1, 2023

ထိုင်းနိုင်ငံသို့ ပြည်တော်ပြန်လာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မူလထောင်ဒဏ် ၈ နှစ်မှ ထောင်ဒဏ် ၁ နှစ်သို့ ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးမှုကို တော်ဝင်ပြန်တမ်းက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ တော်ဝင်ပြန်တမ်းအရ သက်ဆင်သည် ၁၀ ရက်ကျခံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ သက်ဆင်သည် အသက် ၇၀ ကျော်နေပြီဖြစ်သဖြင့် တော်ဝင်လွတ်ငြိမ်းခွင့်ရရှိရန် တင်သွင်းခဲ့ပြီး နောက်တစ်နေ့တွင်ပင် ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။ တော်ဝင်ပြန်တမ်းအရ သက်ဆင်၏ တော်ဝင်အဖွဲ့အစည်းအပေါ်လေးစားလိုက်နာမှု၊ အမှားဝန်ခံမှု၊ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေများ အားလုံးအပေါ်အခြေခံ၍ စဉ်းစားဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဩဂုတ်လ ၂၂ […]

အဓမ္မခိုင်းခံရသော မြန်မာလုပ်သား ၁၄ ဦး နစ်နာကြေး ဘတ် ၄ သိန်းရရှိ

Dawei Watch

September 1, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကြံစိုက်ခင်းတွင် လုပ်အားခမရရှိဘဲ သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် နစ်နာကြေးငွေ ဘတ် ၄ သိန်း ရရှိခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။  ပထုံဌာနီခရိုင်ရှိ လူကုန်ကူးခံရသူများ ထိန်းသိမ်းရေးစခန်းတာဝန်ခံနှင့် မြန်မာအလုပ်သမား ၁၄ ဦးသည် ကန်ချနဘူရီခရိုင်ရှိ အမှတ် ၇ အလုပ်သမားတရားရုံးတွင် အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုအတွက် နစ်နာကြေးရရှိရန် သွားရောက်ဖြေရှင်းခဲ့ကြသည်။  ယခင်က အလုပ်သမားစီစစ်ရေးဌာန၏ အမိန့်ချမှတ်ထားသည့် နစ်နာကြေးငွေ ဘတ် ၅ သိန်းခွဲခန့်တွင် ၇၃ ရာခိုင်နှုန်းပေးချေရန် အလုပ်ရှင်နှင့် အလုပ်သမားများဘက်က သဘောတူညီမှုရရှိခဲ့သဖြင့် ဘတ် ၄ သိန်း နစ်နာကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အလုပ်သမား တစ်ဦးချင်းအလိုက် ခံစားခွင့်ရရှိမည့် […]

ထားဝယ် ကျောက်ရပ်ရွာတွင် နေအိမ်တစ်လုံး မီးရှို့ခံရ

Dawei Watch

September 1, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။  မီးရှို့ခံရသည့် နေအိမ်မှာ ကိုဖိုးလုံး (ခေါ်) ကိုဇင်ဇင်၏ ဇင်ဇင် ရေခဲမုန့်ဆိုင်ဖွင့်ထားသည့် အိမ်ဖြစ်ကြောင်း၎င်းတို့က ဆိုသည်။ အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက နေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် မီးရှို့သွားခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောဆိုသည်။  “၅နာရီ ဝန်းကျင်လောက်က ကျောက်ရပ်ရွာလယ်ဇရပ်ကနေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ထွက်ကြည့် လိုက်မှ ဇရပ်နားက ရေခဲမုန့်ဆိုင်လည်း မီးခိုးထွက်လာတယ်” ဟု ကျောက်ရပ်ရွာသားတစ်ဦးကပြောသည်။ ကိုဇင်ဇင်သည် ကျောက်ရပ်ကျေးရွာအုပ်စုရှိ ပျူစောထီးအဖွဲ့များအတွက် လစဉ်ကြေး (ဆက်ကြေး) လိုက်လံကောက်ခံပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။  အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။  နေအိမ်မီးရှို့ခံရပြီးနောက် ထားဝယ်မြို့က မီးသတ်ကား သုံးစီးဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားကိုလည်း ဖြတ်သန်းခွင့် တစ်နာရီနီးပါးပိတ်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။  ဩဂုတ်လ ၃၁ ရက်ညအထိ ပျူစောထီးများ သေနတ်ဖောက်သံကို ကြားနေရသေးကြောင်းလည်း ဒေသခံများက ပြောသည်။ မီးရှို့ခံရသည့်နေအိမ်အရှေ့ဆိုင်ခန်းနေရာ အားလုံးနီးပါး မီးလောင်ကျွမ်းသွားပြီး မီးလောင်ကျွမ်းထားသောကား တစ်စီးလည်း အိမ်ရှေ့တွင် ရှိနေကြောင်း ကျောက်ရပ်ရွာသားများက စက်တင်ဘာလ ၁ရက်နေ့နံနက်ပိုင်း အခြေအနေကို ပြောဆိုသည်။   ယင်းအပြင် စစ်ကောင်စီတပ်သားငါးဦးလည်း သေနတ်ကိုင်ဆောင်ပြီး နေရာယူထားသည်တွေ့ရကြောင်း၎င်းတို့က ဆက်လက်ပြောဆိုသည်။ ကျောက်ရပ်ကျေးရွာအုပ်စုသည် ထားဝယ်မြို့အထွက်တွင် တည်ရှိပြီး ဧပြီလက ပျူစောထီးအဖွဲ့ဝင်တစ်ဦးပစ်သတ် ခံရပြီးနောက် လတိုင်း တစ်အိမ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပျူစောထီးထောက်ပံ့ကြေး မဖြစ်မနေထည့်ဝင်နေရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။ 

ပဝတ်ကုန်းရွာတွင် ဥယျာဉ်ခြံသို့သွားသည့် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရ

Dawei Watch

September 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ဥယျာဉ်ခြံထဲသို့ သွားစဉ်လမ်း၌ မိုင်းထောင်ထားသည့် ကြိုးနှင့်တိုက်မိကာ ပေါက်ကွဲသဖြင့် လက်တွင် မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ကြိုးတိုက်မိပြီး ပစ်လှဲချလိုက်လို့ လက်မောင်းမှာ ဒဏ်ရာတွေရခဲ့တယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဒဏ်ရာရသူမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကလေးနှစ်ဦး၏ မိခင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။   ပဝတ်ကုန်းရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့၏ ယာယီစခန်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။ ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။ ဩဂုတ်လ ၂၈ […]

မြိတ်-ရန်ကုန် ခရီးသည်တင်ကား ပလမြို့အနီးတွင် မီးလောင်

Dawei Watch

September 1, 2023

မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားသည့် အန်တီဝင်း ခရီးသည်တင်မှန်လုံကားတစ်စီးသည် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပလမြို့အနီး ဇရပ်ဆိပ်ရွာအရောက်တွင် မီးလောင်ကြောင်း အန်တီဝင်းယာဉ်လိုင်း မြိတ်ကားဂိတ်ထံမှ သိရသည်။ အဆိုပါ မှန်လုံကားအနောက်ဘက်ခန်းရှိ ဝါယာကြိုး ရှော့ခ်ဖြစ်ပြီး ဂတ်စ်ပိုက်လိုင်းအား မီးစကူးစက်သဖြင့် ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါကားဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။ ကားမီးလောင် ပျက်စီးသွားသော်လည်း လူအထိအခိုက် မရှိကြောင်း ၎င်းက ဆိုသည်။   “လမ်းက လိုက်လာတဲ့ ခရီးသည်သုံးယောက်ပဲ ပါတယ်။ ဘာမှမဖြစ်ဘူး။ အရှေ့မှာ ထိုင်ကြတာဆိုတော့ ဖြစ်တာနဲ့ ဆင်းပြေးကြတယ်” ဟု အထက်ပါ တာဝန်ခံက ပြောဆိုသည်။ ထို့အပြင် ကားမောင်းသူ၊ စပယ်ယာအပါ သုံးဦးတို့သည်လည်း ကားပေါ်မှ ဆင်းပြေးခဲ့သဖြင့် ထိခိုက်မှု မရှိကြောင်း […]

ရေဖြူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ဇနီးပစ်ခတ်ခံရ

Dawei Watch

September 1, 2023

ရေဖြူမြို့နယ် ကျောက်ကညာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် ဇနီးတို့ ပစ်ခတ်ခံရသည်ဟု ဒေသခံများကပြောသည်။ ပစ်ခတ်ခံရသူများမှာအသက် ငါးဆယ်ကျော်အရွယ်ရှိ ကျောက်ကညာရွာ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှုးဦးစိန်အောင်နှင့် ဇနီးဒေါ်မိစန်းအေးတို့ ဖြစ်ကြောင်းသိရသည်။ မနေ့ (ဩဂုတ် ၃၁) မွန်းလွဲ ၂ နာရီခန့်က ကျောက်ကညာရွာဘုန်းကြီးကျောင်းမှ ဥပုသ်သီလယူပြီးအိမ်အပြန် ကျောက်ကညာရွာတံတားအနီးတွင် လက်နက်ကိုင်လူတစ်စုက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူတို့ကတော့ဆိုင်ကယ် နဲ့ ပစ်ခံရတဲ့နေရာက လူလည်းပြတ်တယ်” ဟု၎င်းကပြောသည်။ ၎င်းအုပ်ချုပ်ရေးမှုးနှင့် ဇနီးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အုပ်ချုပ်ရေးမှုး နှင့်ဇနီးတွင်သေနတ်ဒဏ်ရာ ရရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း၊ ယခုထားဝယ်မြို့ရှိ အမှတ်(၁၂) တပ်မတော်ကုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။