မြိတ်တွင် ညဘက်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက်ဆယ်ဦးခန့် အဖမ်းခံရ
Dawei Watch
November 26, 2023မြိတ်မြို့တွင် ညဘက်အပြင်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက် ဆယ်ဦးခန့် အနည်းဆုံး အဖမ်းခံရကြောင်း ပြန်လွတ်လာသူအချို့ထံမှ သိရသည်။ မြိတ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ညဘက်ထွက်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး မှောင်ရိပ်ခိုမှုဖြင့် ထောင်တစ်လ ချမှတ်နေခြင်းဖြစ်သည်။ “ထောင်ထဲမှာ နေ့တိုင်း အဝင်အထွက်ရှိတယ်။ အဝင်အထွက် မရှိတဲ့နေ့တောင် မရှိဘူး” ဟု မြိတ်တောင်နယ်မြေအတွင်းရှိ ရပ်ကွက်တစ်ခုမှ မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။ အောက်တိုဘာလအတွင်းက ညဘက် အရက်ဆိုင်မှအပြန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကားပေါ်တွင် ၎င်းအပါအဝင် ဖမ်းဆီးခံထားရသူ ဆယ်ဦးကျော်ခန့်ရှိကြောင်း ပြောပြသည်။ မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲစခန်းတွင် တစ်ညထားပြီး နောက်တစ်ရက်တွင် မြို့နယ်တရားရုံးသို့ ပို့ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ကြောင်း မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူအချို့က ပြောပြသည်။ […]


