ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “လက္ကူးကိုတော့ မီးရှို့နေတာ ၁ နာရီလောက်ရှိပြီ။ အိမ်တွေဘယ်လောက်လောင်တယ်ဆိုတာမသိရသေးဘူး။ တစ်ရွာလုံးထွက်ပြေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် မှော်ကြောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ယနေ့နံနက်တွင် လက္ကူးကျေးရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ကြားရရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း ဒေသခံများကပြောသည်။ “လက္ကူးရွာလယ်က စရှို့နေတယ်။ တိုက်ပွဲလည်းဖြစ်နေတယ်။ ပင်လယ်ထဲက လက်နက်ကြီးနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ကျေးရွာ […]

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးမပြုရန် PDF တားမြစ်

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးပြုမောင်းနှင်သွားလာခြင်းမပြုရန် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်တွင် ထုတ်ပြန်ထားသည်။ ပုလောမြို့နယ် ကျေးရွာဒေသအသီးသီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေချိန် မှားယွင်းပစ်ခတ်ခံရခြင်း မဖြစ်စေရန် အသိပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ပြည်ထောင်စုလမ်းအား ည ၇ နာရီမှ နံနက် ၅ နာရီအထိ အသုံးမပြုကြရန် တားမြစ်ထားသည်။ တားမြစ်ထားသောအချိန်အတွင်း ခရီးသွားလာပါက မှားယွင်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အရေးပေါ် သွားလိုပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ဆက်သွယ်ပြီးသွားလာခွင့်တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဆက်သွယ်ချင်ရင် ကျွန်တော်တို့ရဲ့(Facebook) Page ဖြစ်တဲ့ (Palaw Regional Defense Force) ဆက်သွယ် နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ဖုန်းနံပါတ်ကို ပေးပါလိမ့်မယ်” […]

ကျောက်နီမော်ရွာတွင် မြေပြိုပြီး နေအိမ်နှစ်လုံးပျက်စီး

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာ ကားလမ်းဘေးရှိ တောင်ကမ်းပါးယံ မြေပြိုကျမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်ဆက်မိုးကြီးပြီးနောက် ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြေပြိုကျခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပျက်စီးသည့် နေအိမ်နှစ်လုံးက ဒေသခံ ၁၀ဦးနှင့် နောက်ထပ် ထပ်မံပြိုကျနိုင်သည့် နေအိမ်နှစ်လုံးက ဒေသခံခုနစ်ဦးတို့ကို ဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အိမ်ထဲကနေ လူတွေပြေးထွက်လာတာကိုမြင်ရတော့ ဘာဖြစ်တာလဲဆိုပြီး ကားကို ရပ်ချလိုက်ပြီး ကြည့်လိုက်တာမှာ အိမ်က မြေပြိုကျနေပြီ။ ပစ္စည်းတွေတော့ နည်းနည်းပါးပါး ယူထုတ်လို့ ရသွားတယ်။ လူတွေလည်း လွတ်သွားတယ်” ဟု အောက်ကျောက်ဝပ်ရွာသို့ ရုပ်အလောင်းတစ်ခု ပို့ဆောင်ပြီးအပြန်တွင် မျက်မြင်တွေ့ရသည့် အခြေအနေကို ၎င်းက […]

ပီထာ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်

Dawei Watch

September 15, 2023

လွတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံထားရသည့် ပီထာသည် Move Forward ပါတီခေါင်းဆောင်အဖြစ်က ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လွှတ်တော်အတွင်း အတိုက်အခံ ပါတီခေါင်းဆောင်နေရာကို သတ်မှတ်ရန် ပါတီခေါင်းဆောင်အသစ်ကို လမ်းဖွင့်ပေးသည့်အနေဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံပါတီခေါင်းဆောင်သည် လွှတ်တော်အမတ်ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ iTV ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သဖြင့် ၎င်း နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပီထာ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရွေးကောက်ပွဲကော်မရှင်က ပီထာသည် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟု အခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ပြီးနောက် ခုံရုံးက အမတ်အဖြစ်က ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ […]

ဖမ်းဆီးခံရသည့် ပိတပ်ရွာသားကိုးဦး ပြန်လွတ်လာ

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်သွားသည့် ပိတပ်ရွာသား အမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၄ရက် မွန်းလွဲ ၂နာရီခန့်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းထားတဲ့ ကိုးယောက်အုပ်စုကို ဘေးတွဲဆိုင်ကယ်နဲ့ သင်္ကန်းတောရွာ အဝင်ဝမှာ လာချထားရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အမျိုးသားကိုးဦးမှာ ဖမ်းဆီးခံရပြီနောက် လေးရက်အကြာတွင်သာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ အဆိုပါ အမျိုးသားများကို ပလမြို့ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးခံရပြီး ပြန်လွှတ်ပေးရန်အတွက် တစ်ဦးစီအတွက် ငွေကျပ်ငါးသိန်း […]

ကွမ်းသီးဈေးမရသဖြင့် ထားဝယ်ဒေသက ကွမ်းသီးစိုက်တောင်သူများအခက်ကြုံ 

Dawei Watch

September 15, 2023

ကွမ်းသီးဈေးမရသောကြောင့် ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ကွမ်းသီးစမှည့်နေပြီဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကွမ်းသီးအဝယ်တော်များ နယ်ဖက်သို့ လာရောက်ခြင်း မရှိသေးကြောင်း ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ တောင်သူများ၏ ပြောဆိုချက်အရသိရသည်။ ကွမ်းသီးဈေးမရသဖြင့် ကွမ်းသီးတောများကို ပစ်ထားရသလို စစ်ကောင်စီတပ် ရုတ်တရက် စစ်ကြောင်းဝင်ရောက်မှု များကြောင့်လည်း ကွမ်းသီးတောများသို့ မသွားရဲကြကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။  စစ်ကောင်စီတပ် ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲများဖြစ်ပွားသည့်အပြင် ဒေသခံများကိုလည်း ပစ်ခတ်ဖမ်းဆီးသောကြောင့် ရေဖြူမြို့နယ်တွင် ခမောင်းချောင်း၊ ဧကနိ၊ ရငဲကျေးရွာများနှင့် သရက်ချောင်း မြို့နယ်တွင် တောင်ပျောက်တိုက်နယ်တို့တွင် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကွမ်းသီးလုပ်ငန်းလည်း မလုပ်ကိုင်နိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။ “(ကွမ်းသီးတွေ) မှည့်ပြီး (ကြွေ) ကျနေပြီ ဒီအချိန်ဆို။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ […]

MOU မြန်မာလုပ်သားများ အလုပ်မရသဖြင့် ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြ

Dawei Watch

September 14, 2023

နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ တစ်လနီးပါးကြာသည်အထိ အခြားအလုပ်ထပ်မရရှိခဲ့သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ မြန်မာအလုပ်သမားများမှာ နေထိုင်စားသောက်ရန် အခက်အခဲများစွာ ရှိလာသဖြင့် အေဂျင်စီနှင့် မြန်မာသံရုံးက ကူညီဖြေရှင်းပေးရန် မြန်မာအလုပ်သမား ၃၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် မြန်မာအေဂျင်စီ Big Money မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းကုမ္ပဏီ Go Merry တွင် လုပ်ကိုင်ရန် တရားဝင် စာချုပ်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသောအခါ စာချုပ်ပါလုပ်ငန်းတွင် မဟုတ်ဘဲ နခွန်ပထုံရှိ ကြက်သားစက်ရုံတစ်ရုံသို့ ပို့ဆောင်၍ […]

ကော်သူးလေတပ်က ထားဝယ်အရှေ့တောဒေသရှိ အရက်ဆိုင်များမှ အရက်၊ ဘီယာများဖျက်ဆီးပြီး အဓမ္မငွေတောင်းခံ

Dawei Watch

September 14, 2023

ကော်သူးလေတပ်မတော် ဗိုလ်ကော်လဖိုးဦးစီးအဖွဲ့က ထားဝယ်အရှေ့တောဒေသ ရမ္မဇူ၊ လိပ်ကြယ်ပြောင် ကျေးရွာများရှိ အရက်ဆိုင်များမှ ဘီယာနှင့်အရက်များကို ဖျက်ဆီးခဲ့သလို အဓမ္မငွေတောင်းခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့(စက်တင်ဘာ ၁၄)မနက်က ဗိုလ်ကော်လဖိုးဦးဆောင်သည့် အဖွဲ့သည် ဝကုန်းရွာမှ ရမ္မဇူ၊ လိပ်ကြယ်ပြောင်ကျေးရွာများဘက်သို့ ဝင်လာပြီး ဆိုင်အချို့ကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရမ္မဇူကျေးရွာရှိ အရက်ဆိုင် သုံးဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဆိုင်ရှေ့တွင် အရက်၊ ဘီယာများကိုပုံထားကြောင်း၊ ယင်းနောက် အရက်၊ ဘီယာရောင်းသည့် ဆိုင်များကို ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိ ပေးဆောင်ရန်ပြောဆိုကြောင်း ရမ္မဇူဒေသခံတစ်ဦးက ပြောသည်။ “တောင်းတဲ့ငွေကြေးက အရမ်းများတော့ ရွာသားတွေက ငိုပဲငိုနေကြတယ်” ဟု၎င်းက ပြောသည်။ ကော်လဖိုးအဖွဲ့နှင့် ဒေသခံများ ညှိနှိုင်းပြောဆိုအပြီး အရက် […]