ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျောက္ကာရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

Dawei Watch

September 16, 2023

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့ (စက်တင်ဘာ ၁၅) ညနေက ကျောက္ကာရွာ အနောက်ပိုင်းတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံအပါအဝင် အသက် ၂၅ နှစ်အရွယ် တူဖြစ်သူတို့ကို အလုပ်လုပ်နေစဥ် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ ကပြောသည်။ “ငါးသားပေါက်လှေငယ်တွေနဲ့ ဝင်လာပြီး သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ်သွားပြီး ခေါ်ဆောင်သွားတာ။ ရွာသားတွေကို ပြဿနာရှာတာမျိုးလည်း မလုပ်ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးခံရသူများမှာ ယခင်က လက္ကူးရွာတွင်နေထိုင်ပြီး လက်ရှိတွင် ကျောက္ကာရွာတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက် နေကြသည်ဟု ဒေသခံအချို့ကပြောဆိုသည်။ “လက္ကူးရွာကို စစ်တပ်ကဝင်စီးပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စစ်ဆေးတယ်။ အဲဒီမှာ ဘယ်သူဘယ်ဝါက ဘယ်ရွာမှာနေတယ်ဆိုတာမျိုး ပြောလိုက်မိပုံရတယ်လို့ ထင်တယ်။သိရသလောက်က […]

လောင်းလုံးလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရ

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြား လမ်းပိုင်းတစ်နေရာတွင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရကြောင်း လုယက်ခံရသည့်အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဇာတိရွာမှ ထားဝယ်သို့ ဆိုင်ကယ်ဖြင့်လာစဉ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြားရှိ လူပြတ်သည့် နေရာတွင် စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသားသုံးဦး နောက်ကလိုက်လာပြီး ဆိုင်ကယ်ရပ်ရန်ပြောဆိုသဖြင့် ဆိုင်ကယ်ရပ်လိုက်စဉ် ဘေးလွယ်အိပ်ထဲမှ ငွေသားနှစ်သိန်းကျော်ကို ဦးစွာယူ၍ ဓားဖြင့် ခန္ဓာကိုယ်ကိုထောက်ကာ ဆွဲကြိုးတစ်ကုံးကိုပါ လုယူသွားကြောင်း ကာယကံရှင်အမျိုးသမီးနှင့် နီးစပ်သူက ပြောဆိုသည်။ “ဓားက ခလုတ်နှိပ်ရင်ထွက်လာတဲ့ ဓားပါ။ လက်စွပ်ကို ဖြုတ်ဖို့လုပ်နေတုန်းမှာ ဆိုင်ကယ်တစ်စီးရောက်လာတာမြင်လို့ ထွက်ပြေးသွားတယ်။ လွယ်အိတ်ထဲက သကြားလုံးပါ မကျန် ယူသွားတယ်လို့ ပြောတယ်” […]

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။ “အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး […]

ကော့သောင်းတွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့

Dawei Watch

September 16, 2023

ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ “ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေယာမဲ့တွေပါ” ဟုရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဝင် က ပြောသည်။ အသက် ၂၀ ကျော်နှင့် အသက် ၆၀ ကျော်ရှိ သေဆုံးသူနှစ်ဦးမှာ အဟာရချို့တဲ့ခြင်းနှင့် အရက်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။ ပိုင်ရှင်မဲ့အလောင်းများကို ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း၊ မီးသင်္ဂြုလ်ခြင်းတို့ ‌ဆောင်ရွက်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ အိမ်ခြေယာမဲ့ဦး နှစ်ဆယ်ခန့်မှာ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းရှိ နတ်ကွန်း၊ ရှင်ကြီးမော်နတ်ကွန်းနှင့် လင်းမချိုင်ဈေးအနီးတို့တွင် နေထိုင်ကြကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံအချို့က ပြောပြသည်။ “နယ်ခံတွေမဟုတ်ဘူး၊ ရှမ်းကမ်း(ထိုင်း)ကနေ ပြန်လာပို့တဲ့သူတွေပါ။ အရက်သမားတွေပါမယ်၊ အချို့ကလည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 15, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြောက်ကိုးရီးယား တည်ထောင်ခြင်း ၇၅ နှစ်ပြည့် ကျင်းပ၊ တရုတ်နှင့် ရုရှားတက်ရောက် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုံယမ်းမြို့တော်မှာ စက်တင်ဘာလ ၈ ရက်နေ့ညက စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး ပြုံယမ်းမြို့တော် ကင်အယ်စွန်း (Kim Il Sung) ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ အခမ်းအနားကို တရုတ်ထိပ်တန်းဒုခေါင်းဆောင် လူဂွမ်ကျုံး (Liu Guozhong) ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံက ဂီတနဲ့အကအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရုရှားသံတမန်တွေလည်း […]

လောင်းလုံး အင်းဇောက်ရွာတွင် နားရေးကူညီမှုအဖွဲ့ဝင် လူငယ်နှစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အင်းဇောက်ရွာ အရေးပေါ်လူနာတင်ယာဉ်နှင့် နာရေးကူညီမှုအဖွဲ့ဝင်များဖြစ်သည့် ကိုတောက်တောက်နှင့် ကိုငယ်ငယ် (ခေါ်) ကိုအောင်နိုင်ရှိန်ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ညနေ ၅ နာရီခန့်တွင် အင်း‌ဇောက်ရွာလယ်ရှိ နေအိမ်အနီးတွင် ကိုတောက်တောက်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်ကယ် သုံးစီးဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် နာရီပိုင်းအကြာတွင် ကိုငယ်ငယ် (ခ) ကိုအောင်နိုင်ရှိန်ကို ပြည်လုံးချမ်းသာဘုရားလမ်းရှိ ၎င်း၏နေအိမ်တွင်လာ‌‌ ရောက်ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ တစ်ယောက်က မြေတင်ကားမောင်းတယ်၊ တစ်ယောက်ကတော့ ပန်းရံသမားပေါ့။ သူတို့နှစ်ယောက်လုံးက အရေးပေါ်ကားလည်း မောင်းပေးနေတဲ့သူတွေ ဖြစ်တယ်” […]

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံနှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်

Dawei Watch

September 15, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြင်းထန်ပြီး ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကျေးရွာအုပ်စု ခလယ်ရွာနှင့် မြို့ဟောင်းရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစပြီး ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အပိုင်းထိ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခလယ်-တံခွန်တိုက်ကျေးရွာ အုပ်စုအတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်မွန်စု၊ တံခွန်တိုင်၊ မြို့ဟောင်း စသော ကျေးရွာတို့မှ ဒေသခံထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက မနေ့ မနက်က စဖြစ်တာ။ မနေ့က တစ်နေကုန်ပဲ ပစ်ခတ်နေတယ်။ လေယာဉ်နဲ့လည်း ပစ်နေတော့ […]

သံဖြူဇရပ်တွင် မီးကြိုးတက်ခိုးသည့် အမျိုးသားဓာတ်လိုက်သေဆုံး

Dawei Watch

September 15, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ ညက ဓာတ်တိုင်ပေါ် မီးကြိုး တက်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှသိရသည်။ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်နေ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “သံဖြူဇရပ်မှာက ပုံမှန် ည ၁၂နာရီလောက်မှ မီးလာတာ။ (စက်တင်ဘာ ၁၄) မနေ့ညပဲ ၉ နာရီလောက် မီးလာ တယ်။ အဲဒီချိန်မှာ အဲဒီလူက မီးကြိုးတက်ဖြတ်တာနဲ့ ဆုံသွားတာထင်တယ်။ ဓာတ်တိုက်ပေါ် သေနေတာ ဒီမနက်မှ တွေ့ကြတာ” ဟု သံဖြူဇရပ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူအမျိုးသားတွင် မီးကြိုးဖြတ်သည့် ကိရိယာတွေ့ရပြီး ကြိုးဖြတ်ထားသည်ကိုလည်း တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို […]