ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာဒုက္ခသည်များအတွက် ဘေးကင်းရေးဇုန်တည်ဆောက်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုပြော

Dawei Watch

September 8, 2023

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များခိုလှုံနိုင်မည့် ဘေးကင်းလုံခြုံရေးဇုန်တည်ထောင်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုဖြစ်သည့် Move Forward နှင့် The Fair ပါတီတို့၏ အဆိုပြုချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအဆိုပြုချက်အရ ဘေးကင်းလုံခြုံရေးဇုန် (Safety Zone) ကို နယ်စပ်မှ ၅ ကီလိုမီတာအထိ တိုးချဲ့မည်ဖြစ်ပြီး မြန်မာဒုက္ခသည်များ ခိုလှုံနိုင်သော လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါနှစ်ပါတီ တာဝန်ရှိသူတို့က စက်တင်ဘာလ ၇ ရက်နေ့တွင် မီဒီယာများသို့ ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် ထိုင်းနိုင်ငံအတွင်းသို့ ပျံ့နှံ့လာနေခဲ့ပြီး အဆိုပါဒေသများရှိ ထိုင်းပြည်သူများအား ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်စေကြောင်း ၎င်းတို့က ပြောသည်။ ဥပမာ အနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များကို ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်တောင်ပိုင်းရှိ ဥဖန်းဒေသတွင် ဩဂုတ်လ ၃ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း ထောက်ပြသည်။ […]

ရန်ကုန်-ထားဝယ်ကားလမ်း ညပိုင်းသွားလာခြင်းမပြုရန် ပကဖထုတ်ပြန်

Dawei Watch

September 8, 2023

အမှတ် ၈ ပြည်ထောင်စုကားလမ်းမ ၊ ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမနှင့် ထားဝယ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညပိုင်း ခရီးသွားလာခြင်းမပြုကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဖြူပကဖ) က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ အလားတူ ဩဂုတ်လ ၃၁ ရက်ကလည်း ထားဝယ်-ရန်ကုန်လမ်းပိုင်းတွင် ညပိုင်းသွားလာခြင်း မပြုကြရန် ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းလမ်းပိုင်းများတွင် ပြည်သူ့ကာကွယ်ရေး တပ်များ၏ စစ်ဆေးခြင်းကို လက်ခံပေးကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် စသည့်အချက်များလည်း အဆိုပါထုတ်ပြန်ချက်များတွင် ပါဝင်သည်။ “ပြည်သူတွေ ထိခိုက်နစ်နာမှာကို ကျွန်တော်တို့ လုံးဝ မလိုလားပါဘူး။ ကျွန်တော်တို့ရဲ့ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက် […]

မြိတ်တွင် အခေါက်ရွှေဈေး ၃၆ သိန်းအောက်ကျဆင်း

Dawei Watch

September 7, 2023

တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နီးပါးအထိ ဈေးမြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ၃၆ သိန်းအောက် ကျဆင်းနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ ရွှေဈေးကွက်မှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅သိန်းခွဲ မှ ၃,၅၀၀,၀၀၀ ကျပ်အထိ ကျဆင်းနေပြီဖြစ်ကြောင်း ရွှေအရောင်းဆိုင်အချို့မှ သိရသည်။ “ရွှေဈေးတွေ ဒီထက် ထပ်ကျဆင်းဖို့ ရှိနိုင်သေးတယ်” ဟု ရွှေဆိုင်ရှင်တစ်ဦးက စက်တင်ဘာလ ၇ ရက်နေ့က ပြောသည်။ နိုင်ငံခြားငွေလဲဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ရွှေဈေးနှုန်းများ ထပ်မံကျဆင်းနိုင်သေးကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နီးပါး( ၃၉ သိန်းခြောက်သောင်း) အထိ မြင့်တက်ခဲ့ကြောင်း ယင်း‌ဈေးကွက်မှ သိရသည်။ တစ်ကျပ်သားလျှင် ၃၉ သိန်းခြောက်သောင်းအထိ ရှိသည့်အချိန်က အရောင်းအဝယ်ခေတ္တ ရပ်နားထားခဲ့ရကြောင်း […]

မင်းမြတ်ခိုင် ငွေလွှဲလုပ်ငန်းက မြန်မာလုပ်သားများအပေါ် ငွေကြေးလိမ်လည်မှု ဆက်တိုက်ပြုလုပ်နေ

Dawei Watch

September 7, 2023

မင်းမြတ်ခိုင် အမည်ရှိ ထိုင်း-မြန်မာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းသည် Facebook စာမျက်နှာပေါ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ ငွေလွှဲလုပ်ငန်းသည် ဘတ်-ကျပ် ငွေလွှဲဈေးနှုန်းများကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ နေ့စဉ်နှင့်အမျှ အချိန်နှင့် တပြေးညီ တင်ပေးနေခဲ့ပြီး မြန်မာအလုပ်သမားများ အယုံလွယ်မိစေရန် ဆွဲဆောင်နေခဲ့သည်ကို စုံစမ်းသိရှိခဲ့ရသည်။ ငွေဈေးနှုန်းများကို အမြဲဖော်ပြနေခဲ့သော အဆိုပါ page (စာမျက်နှာ) ကို နေ့စဉ်စောင့်ကြည့်နေခဲ့မိရာမှ ယုံကြည်ခဲ့မိသဖြင့် ငွေလွှဲခဲ့မိကြောင်း အလိမ်ခံရသူ ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ မြန်မာပြည်ဘက်သို့ wave money ၂ သိန်း ငွေလွှဲလိုသဖြင့် စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါစာမျက်နှာသို့ ဆက်သွယ်ခဲ့ကြောင်း၊ ပြီးနောက်တွင် ၎င်းတို့ပြောသည့် ထိုင်းဘဏ်အကောင်သို့ ငွေလွှဲခဲ့ရာတွင် ငွေလွှဲပြီးသည်နှင့် အဆက်အသွယ် ဖြတ်သွားကြောင်း ၎င်းကဆိုသည်။  “ထိုင်းရောက်ကတည်းက ဘတ်ဈေးအမြဲကြည့်နေကြ page မို့ အသိတွေလည်း ဒီ page မှာ […]

သရက်ချောင်းတွင် မြေသယ်ကားတစ်စီး မိုင်းဆွဲခံရ

Dawei Watch

September 7, 2023

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီး သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဆွဲခံရပြီး ကားပေါ်ပါသူအချို့ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ အရပ်ဝတ် အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် မြေသယ်ကားကို စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မိုင်းဆွဲခဲ့ရခြင်းဖြစ်ကြောင်း သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာက ဒေသခံအချို့က ဆိုသည်။ အဆိုပါကားပေါ်တွင် ဆောက်လုပ်ရေး ငြမ်းများ၊ သံချောင်းများ တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အလုပ်သမားကားပေါ်ပါသူထဲက နှစ်ယောက်လောက်တော့ အစစဉ်ပြီးတော့ နည်းနည်းပါးပါး နာသွားတာရှိတယ်ဆို ပြောတယ်။ ကားကတော့ ဘာမှမဖြစ်ဘူး” ဟု သရက်နှစ်ခွရွာသားတစ်ဦးက ပြောသည်။ ယင်းမိုင်းခွဲခံရမှု အပေါ်မိုင်းဆွဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်ဆေးနေပြီး စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ခိုင်လုံသောသတင်းများ […]

တနင်္သာရီမြို့နယ် ကားနှင့် ခြေလျင်စစ်ကြောင်း တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရ

Dawei Watch

September 7, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကားနှင့် ခြေလျင်စစ်ကြောင်းတို့ တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် Vigo ကား ကော့မပြင်းရွာအနီးတွင် မိုင်းဆွဲခံရပြီး မွန်းလွဲ ၂ နာရီတွင်လည်း မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရကြောင်း ၎င်းတို့က ပြောသည်။ ညနေ ၆ နာရီခန့်တွင် စစ်ကူလာသည့် ခြေလျင်စစ်ကြောင်း ထပ်မံမိုင်းဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ “ဖြစ်တဲ့ သုံးနေရာစလုံးက ကော့မပြင်းရွာအနီးတဝိုက်မှာ ဖြစ်တာ။ အထိအခိုက်ကတော့ တစ်ဆယ်ကျော် နှစ်ဆယ်နီးပါး ရှိနိုင်တယ်။ အတိအကျတော့ ပြောမရသေးဘူးဗျ” ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Dawei Watch သို့ ပြောသည်။ […]

ဘီးလင်းတွင်တိုက်ပွဲဖြစ်ပြီး ရွာခြောက်ရွာက ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

Dawei Watch

September 6, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ခြောက်ရွာက ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထွက်ပြေးနေရသည့်ဒေသခံတို့ထံမှ သိရသည်။ အလူးလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များ အလူးလေး ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာလေး အပါအဝင် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံများ ဘေးလွတ်သို့ […]

ကျွန်းစု ကျေးရွာနှစ်ရွာတွင် မူးယစ်ဆေးရောင်းသူများကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

September 6, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် မူးယစ်ဆေးရောင်းသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်က ထပ်မံဖမ်းဆီးလိုက်ကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ကော်ဇယာကျေးရွာအုပ်စု ကော့ကနင်းရွာနှင့် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာတို့တွင် မူးယစ်ဆေးရောင်းဝယ် ဖောက်ကားနေသည့်သတင်းအရ ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တို့က ဩဂုတ်လ ၃၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ ကော့ကနင်းကျေးရွာနေ အမျိုးသားတစ်ဦးကို WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ ပြားနှင့် အတူ ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနောက် ဘန္နနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ထပ်မံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးနှင့်အတူ WY ဆေးပြား ၂၀ ပြားကိုလည်း ထပ်မံဖမ်းမိကြောင်း ဖော်ပြသည်။ အဆိုပါအမျိုးသားသုံးဦးကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးပြီး နောက်နောင်မူးယစ်ဆေး လုံးဝ (လုံးဝ) ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် […]