ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထန်းရည်ချိုရာသီ

Dawei Watch

November 25, 2023

ထန်းပင်လေးများနှင့် ထားဝယ်မြို့ ကျန်းမာရေးလမ်း(လမ်းမသစ်)တွင် ဆောင်းရာသီ၏ အအေးဓာတ်နှင့်အတူ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့နှင့်အတူ ထန်းရည်ဆိုင်လေးများကို တွေ့မြင်နေရသည်။ အာဏာမသိမ်းမီကဆိုလျှင် နံနက်စောစောအချိန်ကတည်းက အဆိုပါလမ်းတွင် ကျန်းမာရေးလုပ်သူများဖြင့် စည်ကားလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ အနည်းအကျဉ်းသာ တွေ့ရသည်။ လမ်းတစ်လျှောက် အစီအရီရှိနေသည့် ထန်းပင်များမှ ထွက်ရှိသည့် ထန်းရည်ချိုကို ရောင်းချသူများရှိသလို လာရောက်သောက်သုံး သူများလည်းရှိသည်။ တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် အဝေးတစ်နေရာမှာရောက်နေသည့် ထားဝယ်သားများအတွက်တော့ လွမ်းစရာအချိန်များပင်။ ယင်းကြောင့် ဆောင်းရာသီ ထားဝယ်မြို့ လမ်းမသစ်၏ ယနေ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။

နောက်ဆုံးတောင်ကုန်းကိုသိမ်းယူနိုင်ပြီးနောက် လောက်ကိုင်မြို့သို့ဦးတည်လာပြီဟု MMDAA ပြော

Dawei Watch

November 25, 2023

ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်များကို သိမ်းယူပြီးနောက် လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေး ၂၉ရက်မြောက်ဖြစ်သည့် နိုဝင်ဘာလ ၂၄ ရက်တွင် ကိုးကန့်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။ ကိုးကန့်ဒေသ၏ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းအပြင် တုန်းရှမ်းဒေသရှိ ပါကျောက်ရွှေ၊ လွမ်းလောက်လင် တောင်ကုန်းနှင့် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသရှိ ပေထန်တပ် စစ်ကောင်စီစခန်းတို့ကိုလည်း သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို သိမ်းယူပြီးနောက် MNDAA စစ်ရေးက လောင်ကိုင်မြို့သို့ ဦးတည်လာကြောင်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ တိုက်ပွဲတွင် ၆၀ မမ စိန်ပြောင်း ၂ လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက် ၁လက် ၊ စက်သေနက် အကြီး ၂ လက် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

November 24, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂါဇာဆေးရုံက မွေးကင်းစကလေးငယ် ၂၈ ဦးကို ဆေးကုရန် အီဂျစ်ကိုပို့ဆောင် အစ္စရေးစစ်တပ်ဝင်ရောက်စီးနင်းခဲ့တဲ့ ဂါဇာဆေးရုံကြီးက ရက်မစေ့ အလေးချိန်မပြည့်တဲ့ မွေးကင်းစ ကလေး ၂၈ ဦးကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ အီဂျစ်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။ မွေးကင်းစ ကလေး ၃၁ ဦးကို ဂါဇာဆေးရုံကြီးကနေ ဂါဇာတောင်ပိုင်းက ဆေးရုံကို နိုဝင်ဘာ ၁၉ ရက်နေ့က ပထမ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာပါ။ ဒီထဲကမှ တည်ငြိမ်နေတဲ့ ကလေးငယ် ၃ ဦးကို ဆေးရုံမှာ ဆက်ကုသပေးခဲ့ပြီး ကျန် ၂၈ ဦးကို […]

ကော့သောင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

November 24, 2023

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးတပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယနေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ လက်နက်ခဲယမ်း အပြည့်အစုံပါပြီး အင်အား ၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ၂၂ မိုင်မှ လှေသုံးစီးဖြင့် ထွက်ခွာလာရာ မလိဝမ်းခဲမိုင်းနှင့် တိုက်ဖြူဖက်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် နယ်မြေရှင်းလင်းရန် ပြင်ဆင်နေသည့် သတင်းအရ မလိဝမ်းဆယ်အိမ်စုအနီး ယနေ့ ညနေ ၄ နာရီတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ စောင့်ကြိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် လူသူ၊ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် အထိအခိုက် ရှိမရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei […]

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်

Dawei Watch

November 24, 2023

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ် စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသောကြောင့် မြို့မစျေးမီးလောင်ပျက်စီးကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။ ယနေ့ နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၂နာရီခွဲကျော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး စံပြရပ်ကွက်ရှိ မြို့မစျေးဟောင်းထဲသို့ ကျရောက်ပေါက်ကွဲ မီးလောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြို့မစျေးဟောင်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး ညနေပိုင်းတွင် မီးငြိမ်းသွားသဖြင့် နေလူအိမ်များကို ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်း ဒေသတွင်းသတင်းတို့တွင် ဖော်ပြသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောက မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Narinjara သတင်းတွင် ဖော်ပြသည်။

လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူ

Dawei Watch

November 24, 2023

ချင်းပြည်နယ် လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းယူလိုက်ကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက အတည်ပြုထားသည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို သိမ်းယူပြီးနောက် ဒုတိယမြောက်မြို့အဖြစ် မတူပီမြို့နယ်ရှိ လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့တို့က သိမ်းယူလိုက်ခြင်းဖြစ်သည်။ လိုင်လင်းပီမြို့ရှိ (ခလရ) ၃၀၄ စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ခြောက်ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုသိမ်းယူထိန်ချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် CAN ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက မီဒီယာများသို့ အတည်ပြုပြောဆိုထားသည်။ လေယာဉ်ကွင်း တည်ဆောက်နေသည့် လိုင်းလင်းပီမြို့ကို CNA ၊ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ပူးပေါင်းကာ နိုဝင်ဘာလ ၁၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သေးကြောင်း ဒေသတွင်း သတင်းတို့တွင် ဖော်ပြသည်။ မြို့ကို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်စခန်းတွင် […]

အစ္စရေး-ဟားမတ်စ် လေးရက်ကြာ ယာယီအပစ်ရပ်

Dawei Watch

November 24, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲ လေးရက်ကြာ အပစ်အခတ်ရပ်စဲမှုဟာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီမှာ စတင်အသက်ဝင်ခဲ့ပါတယ်။ အစ္စရေးဘက်က အပစ်အခတ်ရပ်စဲတာဟာ ယာယီသာဖြစ်ပြီး စစ်ပွဲ တကယ်မပြီးသေးဘူးလို့ သတိပေးခဲ့တာပါ။ ကာတာနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးလို့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ အစ္စရေးနိုင်ငံသား ၁၃ ဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက် လေးရက်ထဲမှာ နောက်ထပ် ဓါးစာခံ ၅၀ ကိုလည်း ထပ်လွှတ်ပေးသွားမယ်လို့ သဘောတူခဲ့ပါတယ်။ သဘောတူညီချက်အရတော့ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၅၀ ဦးကို ပြန်လွှတ်ပေးရမှာပါ။ အပစ်ခတ်ရပ်စဲရေး အသက်မဝင်ခင် အချိန်ခဏအတွင်းမှာ ဂါဇာဘက်က သေနတ်ပစ်ခတ်သံနဲ့ လေကြောင်းပစ်ခတ်သံတွေ ကြားခဲ့ရပါသေးတယ်။ ဆေးဝါးပစ္စည်းတွေ၊ လောင်စာဆီတွေနဲ့ အစားအစားတွေ သယ်ဆောင်လာတဲ့ […]

ဘုတ်ပြင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

November 24, 2023

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာအခြေစိုက်တပ်ရင်းက ယနေ့ နံနက် ၉ နာရီခွဲမှစ၍ မွန်းလွဲအထိ မြို့ပြင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲမဖြစ်ဘူး။ တစ်ခြမ်းတည်း ပစ်နေတာ။ ဘာကြောင့် ပစ်တာလည်းတော့ မသိဘူး” ဟု လေညာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ နံနက်က မဏ္ဍိုင်ကျေးရွာအခြေစိုက် (၅၅၉) -(၅၆၀) တပ်ရင်းက လက်နက်ကြီးများ ပစ်ခတ်နေသည့် အတွက် ပြည်သူများ ထိခိုက်မှုမရှိရေး အသွားအလာဂရုစိုက်ရန် ဘုတ်ပြင်းခြေစိုက် Flying Star Force ဘုတ်ပြင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးချက် ထုတ်ထားသည်။ “ဒီနေ့ ထိတွေ့တိုက်ပွဲ […]