ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တော်၀င်လွတ်ငြိမ်းသက်သာခွင့်ရရှိရေး ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် တင်သွင်း

Dawei Watch

September 1, 2023

မကြာသေးမီကမှ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီးနောက် လက်ရှိတွင် ဘန်ကောက်မြို့ရှိ ရဲဌာနချုပ် အထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ပြည်တော်ပြန် ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် တော်ဝင် လွတ်ငြိမ်း သက်သာခွင့်အတွက် အသနားခံစာ တင်သွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိ ထိုင်းဒုတိယ၀န်ကြီးချုပ် Wissanu Krea-ngam ကလည်း သက်ဆင်၏ အဆိုပါတောင်းဆိုမှုကို လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ထံ ဆက်လက်မတင်သွင်းမီ လိုအပ်သည်များကို အသေးစိတ် စစ်ဆေးမည် ဖြစ်ကြောင်း ဩဂုတ်လ ၃၁ရက်နေ့ တွင် ပြောကြားခဲ့သည်။ ယခုလို တင်သွင်းမှုကို အိမ်စောင့် အစိုးရ ဒါမှမဟုတ် မကြာမီ တက်လာတော့မည့် အစိုးရသစ် က ကိုင်တွယ်မည်လား ဆိုသည့် အနေအထား ကိုလည်း သူ့အနေနှင့် သေချာမသိရှိသေးကြောင်း […]

တနင်္သာရီတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

Dawei Watch

August 31, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၃၁) နေ့လယ် ၂ နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာဝန်းကျင်တွင် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီတပ်)ဘက် ထိခိုက်အကျအဆုံးရှိသလို ကျွန်တော်တို့ဘက်လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်” ဟု ၎င်းကပြောသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးပေ။ နှစ်ဖက်တိုက်ပွဲအတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ တပ်ရင်းဘက်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။

မြန်မာနှင့် အိန္ဒိယက ပြည်ပဆန်တင်ပို့မှု ဆိုင်းငံ့ထားသဖြင့် ထိုင်းဆန်ဈေးနှုန်း မြင့်တက်လာ

Dawei Watch

August 31, 2023

မြန်မာနှင့် အိန္ဒိယနိုင်ငံများက ပြည်ပဆန်တင်ပို့မှုကို ဆိုင်းငံ့ထားသဖြင့် ကမ္ဘာ့ဆန်ဈေးမြင့်တက်လာခဲ့ရာမှ ထိုင်းဆန်စပါးဈေးသည်လည်း တစ်တန်လျှင် ဘတ် ၁၂၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံက ပြည်ပဆန်တင်ပို့မှုကို ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ရပ်ဆိုင်းလိုက်သဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးရိမ်မှုများ မြင့်တက်လာနေပြီး အာရှဆန်ဈေးနှုန်းသည်လည်း ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်ပဆန်တင်ပို့နေမှု အများဆုံးဖြစ်သော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် ဆန်ပြည်ပတင်ပို့ရောင်းချနေသော ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံများကလည်း အဆိုပါရိုက်ခတ်မှုကို ခံစားခဲ့ကြရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံက ဆန်စပါးအားလုံးကို တင်ပို့ခွင့် မပြုတော့ဘဲ အမျိုးအစားတစ်မျိုးတည်းသာ ပြည်ပတင်ပို့ရန် လမ်းဖွင့်ထားခဲ့သည်။ ထိုင်းနိုင်ငံ၏ လက်ရှိဆန်ဈေးနှုန်းအခြေအနေကြောင့် ဆန်ရောင်းချနေသူများအတွက် […]

ဒီည ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမယ်၊ မန်ယူအတွက် အုပ်စုကျပ်လေမလား

Dawei Watch

August 31, 2023

ဒီညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ မဲခွဲပါတော့မယ်။ မှော်ဝင်ချန်ပီယံလိဂ်ညတွေ ရောက်လာတော့မယ်ဆိုတာက ဘောလုံးပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ဘောလုံးကမ္ဘာကြီးဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ ရှေ့လာမယ့်သီတင်းပတ်ကိုရောက်ရင် နိုင်ငံတကာပွဲစဉ်တွေက ကြားဝင်လာမှာဖြစ်လို့ ကလပ်ပွဲတွေ တစ်ပတ်နားပါလိမ့်မယ်။ နိုင်ငံတကာပွဲစဉ်သီတင်းပတ်ပြီးဆုံးသွားရင်တော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တို့ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဘောလုံးလောကကြီးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့မှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူနဲ့ အာဆင်နယ်တို့လိုအသင်းတွေ ပြန်ပြီး ပါဝင်လာလို့ပါပဲ။ တစ်ဖက်မှာ ဖလားသုံးလုံးချန်ပီယံအသင်း မန်စီးတီးကလည်း ရှိနေသေးတာကြောင့် ဘယ်အသင်းတွေ ဘယ်အုပ်စုထဲကျရောက်ပြီး ဘယ်အသင်း အုပ်စုကျပ်မလဲ၊ ဘယ်အသင်း အုပ်စုချောင်မလဲဆိုတာက ချန်ပီယံလိဂ်မဲခွဲပွဲ မတိုင်ခင်မှာတင် ပွဲဆူနေပြီဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပရိသတ်စိတ်ဝင်စားလို့နေတဲ့ မန်ယူအသင်းဟာ ဘယ်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နိုင်ခြေတွေရှိပြီး ဘယ်လိုဆိုရင် အုပ်စုအချောင်ဆုံးဖြစ်မလဲ၊ ဘယ်လိုဆိုရင် အုပ်စုအကျပ်ဆုံးဖြစ်မလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကို နတ်ကြီးလွန်းလှတဲ့ပြိုင်ပွဲလို့လည်း […]

မြန်မာလုပ်သားများအခွင့်အရေးချိုးဖောက်ခံရကြောင်းပြော၍ တရားစွဲခံရသည့် ထိုင်းတက်ကြွလှုပ်ရှားသူသုံးဦး အမှုနိုင်

Dawei Watch

August 31, 2023

ထိုင်းနိုင်ငံ ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေသည့် ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်တွင်မျှဝေကာ ပြောဆိုခဲ့သဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးသုံးဦး အမှုအနိုင်ရသည်။ ၂၀၁၆ခုနှစ်က လှဘူရီခရိုင်ရှိ ထမ်မကစက် ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမား ၁၄ ဦး အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုကို လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights က မေးမြန်းထားပြီး ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်တမ်းကို ထိုင်းတက်ကြွလှုပ်ရှားသူသုံးဦးဖြစ်သည့် Angkhana Neelapaijit၊ Puttanee Kangkun နှင့် Thanaporn Saleephol တို့က ၎င်းတို့၏ Facebook ၊ Twitter လူမှုကွန်ရက်တွင် ထပ်ဆင့်မျှဝေကာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုအကြောင်း ရေးသားခဲ့ကြသည်။ ထို့ကြောင့် ကြက်ခြံပိုင်ရှင်က တက်ကြွလှုပ်ရှားသူ သုံးဦးကို ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် အသရေဖျက်မှုဖြင့် တရားစွဲထားခဲ့ခြင်းဖြစ်သည်။ […]

ထားဝယ်နည်းပညာ တက္ကသိုလ်အနီး စစ်ကောင်စီက ထောင်အသစ်ဆောက်၊ ထောင်အဟောင်းထက် ၅ ဆခန့်ပိုကြီး

Dawei Watch

August 31, 2023

ထားဝယ်နည်းပညာ တက္ကသိုလ်အနီးတွင် စစ်ကောင်စီက အကျဉ်းထောင်အသစ်တစ်ခုကို စတင်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ယခုဆောက်မည့် ထောင်အသစ်မှာ အုတ်ရိုးပတ်ပတ်လည် အကျယ်အဝန်း ၁၂ ဧက (၇၂၃ ပေပတ်လည်)ခန့် ရှိသည်ဖြစ်ရာ ထောင်ဟောင်း (၂ ဧကခွဲ) ထက် ၅ ဆနီးပါးပိုကြီးကြောင်း တွေ့ရသည်။ ထောင်အသစ်ဆောက်မည့်နေရာမှာ နည်းပညာတက္ကသိုလ်နှင့် ၂ ကီလိုမီတာခန့် (တစ်မိုင်ကျော်)အကွာရှိ ဇီးကျရွာ မှီအုံးတောင်အနီးတွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း Dawei Watch က ရရှိထားသည့် အချက်အလက်များအရ သိရသည်။ အဆိုပါထောင်အသစ်တွင် ကြိုးတိုက် ၂ ဆောင် အပါအဝင် အကျဉ်းဆောင်၊ အချုပ်ဆောင်များ စသည့် အဆောက်အအုံ ၅၀ ကျော် ပါဝင်သည်ကို တွေ့ရသည်။ ထောင်အသစ်ဆောက်နေသည့်နေရာမှာ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးနှင့် မနီးမဝေးတွင်တည်ရှိပြီး မီးရထားလမ်းနှင့်လည်း ကပ်နေကြောင်း မောင်မယ်ရှောင်ရွာနေ ဒေသခံတစ်ဦးက […]

ရေဖြူရပ်တော်မူဘုရားအနီးရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

Dawei Watch

August 31, 2023

ရေဖြူမြို့ ရပ်တော်မူဘုရားအနီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ဩဂုတ်လ ၂၉ ရက်က လာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက် မိနစ်အနည်းငယ်ကြာပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီစစ်တပ် ဆေးရေးဂိတ်သည် ရေဖြူ ရပ်တော်မူဘုရားအနီး ကျခတ္တာပင်အင်းရွာ၊ သဗြေဇွန်းရွာ သွားလမ်းဆုံတွင် ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါစစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က PDF အဖွဲ့ ခြောက်ဖွဲ့ပူးပေါင်း၍ ဝင်ရောင် တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team -DDT (ထားဝယ်-ပကဖ) အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ နှစ်ဖက်ပစ်ခတ်မှု ဆယ်မိနစ်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုအခြေအနေကို […]

ဘီးလင်းတွင် လူနာပို့သည့်လူမှုကယ်ဆယ်ရေးကားပစ်ခတ်ခံရပြီး လူနာအမျိုးသမီးဒဏ်ရာရ

Dawei Watch

August 30, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် လူမှုကယ်ဆယ်ရေးကားတစ်စီး ပစ်ခတ်ခံရပြီး လူနာအမျိုးသမီးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ကပြောသည်။ ပစ်ခတ်ခံရသည့် ကားသည် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားဖြစ်ပြီး ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့ လူနာဆေးခန်းပြရန် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ ပို့ဆောင်စဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အသက် ၄၅နှစ်အရွယ် လူနာအမျိုးသမီး ကျည်နှစ်ချက်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လူနာတင်ကားက မော်လမြိုင်ကို လူနာပို့ရင်း အပစ်ခံရတာ။ ပစ်ခံရတော့ ပါလာတဲ့ လူနာအမျိုးသမီးကို ကျည်ထိမှန်သွားတယ်။ နှစ်ချက်ထိသွားတယ်” ဟု ၎င်းက ဆိုသည်။ ညာဘက်ပေါင်နှင့် ဘယ်ဘက်ခြေသလုံးတို့တွင် ကျည်ထိမှန်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ အလားတူ ဩဂုတ်လ […]