ဝက်ဈေးကျသဖြင့် မွေးမြူရေးသမားများ အရှုံးပေါ်
Dawei Watch
November 16, 2023ဝက်ဈေးကျနေသည့်အတွက် မွေးမြူရေးသမားများ အရှုံးပေါ်နေကြောင်း မြိတ်ဒေသရှိ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ယခင်က ဝက်ချော(အကောင်ဖြတ်) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဈေးရှိရာက နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ၉၀၀၀ ကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူအချို့က ပြောသည်။ “လောလောဆယ် ဒိုင်ကပေးတဲ့ဈေးက အရှုံးပြနေတယ်။ ရေရှည်သွားနိုင်ဖို့အတွက် မတောင့်ခံနိုင်ဘူး” ဟု ဝက်အကောင်ရေ လေးဆယ်ကျော်မွေးမြူထားသည့် ရှမ်းချောင်းကြီးရပ်ရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ ဝက်မွေးရာတွင် ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းခုနှစ်သောင်းကျပ်ဖြင့် ဝယ်ယူရကြောင်း ဝက်မွေးသူအချို့ထံမှ သိရသည်။ အဆိုပါဝက်အား ပြန်ရောင်းချသည့်အချိန်အထိ ငါးလဝန်းကျင်မွေးမြူရပြီး အစာဖိုး၊ ရောဂါကာကွယ်ရေးစရိတ်၊ အလုပ်သမားစရိတ်စသည့် စရိတ်များတွက်လိုက်ပါက စုစုပေါင်း ကျပ်ခြောက်သိန်းဝန်းကျင်ကုန်ကျကြောင်း ၎င်းတို့က ဆိုသည်။ မွေးမြူပြီး ရောင်းတန်းဝင်သည့် ဝက်တစ်ကောင်လျှင် ပျမ်းမျှအလေးချိန် ပိဿာခြောက်ဆယ်ခန့်ရှိသည့်အတွက် တစ်ပိဿာလျှင် ကျပ်ကိုးထောင်နှုန်းဖြင့်တွက်ပါက […]


